စူဠဝါ: တည်းဖြတ်မှု မူကွဲများ

creation
 
add one citation (not important, just like a supplement)
စာကြောင်း ၁ -
'''စူဠဝါ''' ({{lang-pi|'''စူဠဝဂ္ဂ'''}}; Culavagga) သည် ထေရဝါဒဗုဒ္ဓဘာသာရှိ ဝိနည်းငါးကျမ်းထဲမှ စတုတ္ထမြောက်ကျမ်းစာဖြစ်သည်။<ref name="kolay">{{cite book |author=[[ကိုလေး (ဇေယျာမောင်)|Ko Lay ]] |editor-last=Myanmar Pitaka Association |title=Guide to Tipitaka |date=1991 |publisher=Sin Jayanti Buddhist Temple |location=Kuala Lumpur, Malaysia |language=en}}</ref> ဝိနည်းပိဋကတ်ကို သင်္ဂါယနာတင်သောပုံစံဖြင့် ''ဘိက္ခုဝိဘင်း'' ၊ ''ဘိက္ခုနီဝိဘင်း'' ၊ [[ဝိနည်းမဟာဝါ|မဟာဝဂ်]] ၊ စူဠဝဂ် ၊ ပရိဝါ ဟူ၍ ပိုင်းခြားပြီး ကျမ်းစာအနေဖြင့် [[ပါရာဇိကဏ်]] ၊ [[ပါစိတ်]] ၊ [[ဝိနည်းမဟာဝါ|မဟာဝဂ်]] ၊ စူဠဝဂ် ၊ [[ပရိဝါ]] ဟူ၍ ပိုင်းခြားထားကြသည်။<ref name="pitaktranslation">{{cite book |editor-last=ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့ |title=ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ |date=၁၉၆၅ |publisher=မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့ |location=ရန်ကုန်မြို့}}</ref>
 
စူဠဝဂ္ဂပါဠိတော် (သို့) စူဠဝဂ်ပါဠိတော် (သို့) စူဠဝါကျမ်းစာတွင် သံဃကမ္မဟု သိရှိကြသော သံဃအဖွဲ့အစည်းနှင့်ပတ်သက်သော လုပ်ဆောင်ချက်များအတွက် ဝိနည်းဆိုင်ရာ စည်းမျဉ်းဥပဒေများကို ဖော်ပြထားလေသည်။<ref>[https://www.accesstoinsight.org/tipitaka/vin/cv/index.html Cullavagga
(selected texts)]</ref> ဝဂ် (သို့) အပိုင်းအားဖြင့် ၁၂ ပိုင်းပါရှိသည်။<ref name="kolay"/> စူဠဝါကို စူဠဝါ ခန္ဓက (ငယ်သော၊ တိုသော သုတ်များပေါင်းစု၍ ဟောထားသောကျမ်း) ဟူလည်း ခေါ်ဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် [[ဝိနည်းမဟာဝါ]]တွင် ခန္ဓက (၁၀) ပါးဖြင့် ဖွဲ့စည်း၍ စူဠဝါတွင် နောက်ထပ် ခန္ဓက (၁၂) ဖြင့် ဖွဲ့သည်းထားသောကြောင့် ဖြစ်၏ ။
 
သေးငယ်သော အဆုံးအမကျမ်းဖြစ်သည့် အားလျော်စွာ အထွေထွေစည်းကမ်းများစွာကို ဖော်ပြထားရာ သပိတ်မှောက်ခြင်း၊ သပိတ်လှန်ခြင်း၊ အာဂန္တုကကျင့်ဝတ်၊ ခရီးသွားရဟန်းကျင့်ဝတ်များပါသကဲ့သို့ အချို့သော အရေးကြီးသည့် ထုတ်ပြန်ထားသော စည်းမျဉ်းများကိုလည်း တွေ့ရှိရာ ဥပမာအနေဖြင့် အဓိကရုဏ်း၊ ပဋိပက္ခ၊ အချင်းများမှုဖြစ်စေသော ရဟန်းများ၊ ဘုရား၊ တရား၊ သံဃာကို ပုတ်ခတ်ပြောဆိုသော ရဟန်းများ ကို မည်သို့ဆောင်ရွက်အရေးယူရပုံ တဇ္ဇနိယကံနှင့်ပတ်သတ်သော တရားများ ၊ [[ဒေဝဒတ်]]၊ [[အဇာတသတ်]]၊ [[ပကာသနိယကံ]]အကြောင်း စသည်များလည်း ပါဝင်သည်။ ထို့အပြင် မဟာပဇာပတိ ဂေါတမီတို့ ဘိက္ခုနီအဖြစ် ဝင်ရောက်ပုံများလည်း ဖော်ပြထားကာ နောက်ဆုံးနှစ်ပိုင်း၌ ဝေသာလီပြည်ရှိ ရဟန်းများ၊ အဓိကရုဏ်းနှင့် ရာဇဂြိုလ်တွင် ကျင်းပသော ပထသံဃအစည်းအဝေး၊ ဝေသာလီတွင် ကျင်းပသော ပထသံဃအစည်းအဝေး အသေးစိတ်များ စသောအကြောင်းအရာများလည်း ထည့်သွင်းဖွဲ့စည်းထားသည်။<ref name="kolay"/><ref name="culavagga">{{cite book |title=စူဠဝဂ်ပါဠိတော်မြန်မာပြန် |date=၂၀၁၁ |publisher=သာသနာရေးဦးစီးဌာန |location=ရန်ကုန်၊ ကမ္ဘာအေး}}</ref>