စိန်ဝင်း၊ ဗိုလ်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆၁ -
 
=== ၁၉၄၈-၁၉၆၂ အတွင်းကြိုးပမ်းမှု ===
ဦးစိန်ဝင်းသည် ၁၉၄၈ခုနှစ်၊ လွတ်လပ်ရေးရပြီး ခြေလျင်တပ်များ ဖွဲ့စည်းသောအခါ [[မင်္ဂလာဒုံ]]ရှိ ခြေလျင်တပ်ရင်း(၁)တွင် ဗိုလ်မှူးအဆင့်ဖြင့် ဒုတပ်ရင်းမှူး တာဝန် ပေးအပ်ခြင်းခံရသည်။ ကရင် သောင်းကျန်းသူ များ ထကြွ ပုန်ကန်ချိန်တွင် [[အင်းစိန်တိုက်ပွဲ]]၊ [[စာဗူးတောင်းတိုက်ပွဲ]] များ၌ ပါဝင် တိုက်ခိုက်ခဲ့သည်။ ၁၉၄၈ခုနှစ်တွင်ပင် ဒုဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခြင်းခံရပြီး ခြေလျင်တပ်ရင်း(၁) တပ်ရင်းမှူးတာဝန် ဆက်လက် ထမ်းဆောင်သည်။ ၁၉၅၀ပြည့်နှစ်၊ ဇန်နဝါရိလ ၂၀ ရရက်နေ့တွင် [[ပထမအကြိမ် တပ်မှူးများညီလာခံ]] ၌ တပ်ရင်းမှူး တာဝန်ထမ်းဆောင်စဉ် တက်ရောက်ခဲ့သည်။<ref>မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(စတုတ္ထတွဲ)၊ ၁၉၄၈ − ၁၉၆၂ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၆) စာ ၁၃၃။ </ref> ၁၉၅၁ခုနှစ် တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ၌ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် လည်းကောင်း၊ ၁၉၅၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ခြေမြန် တပ်မဟာ(၃)မှူးအဖြစ်လည်းကောင်း တပ်မှူးညီလာခံသို့ တက်ရောက် ခဲ့သည်။၁၉၅၂တွင် တန်းမြင့် အရာရှိ သင်တန်းတက်ရန် [[အင်္ဂလန်]] နိုင်ငံသို့ သွားရောက်ခဲ့ သည်။ ၁၉၅၃ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့်ခံရပြီး တပ်မဟာ(၂)တပ်မဟာမှူး တာဝန် ထမ်းဆောင်သည်။ ၁၉၅၆ ခုနှစ် တွင် ပိုင်းလော့ သင်တန်းတက်ရန် [[ထိုင်းနိုင်ငံ]] သို့ သွားရောက်ခဲ့သည်။ ၁၉၅၇ခုနှစ်တွင် တပ်မဟာ(၄) တပ်မဟာမှူးအဖြစ်လည်းကောင်း၊ ၁၉၅၈ခုနှစ်တွင် စစ်ရုံးချုပ်၌ တွဲဖက် စစ်ထောက်ချုပ် အဖြစ်လည်းကောင်း ထမ်းဆောင်သည်။ ဦးစိန်ဝင်းသည် ၁၉၅၈ခုနှစ်၊ [[အိမ်စောင့်အစိုးရ]] လက်ထက်တွင် အိုးအိမ်ဌာန၊ လမ်းဌာနနှင့် ပြန်လည်ထူထောင်ရေးဌာနများ၌ ဒုတိယ ဥက္ကဌဥက္ကဋ္ဌ တာဝန် ထမ်းဆောင် ခဲ့သည့်အပြင် စစ်ပစ္စည်းကြီးကြပ် ရေးအဖွဲ့ဥက္ကဌရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တွဲဖက် စစ်ထောက်ချုပ် တာဝန်များ ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရသည်။ ၁၉၆၁ ခုနှစ် တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင် နေရာမှ ဗိုလ်မှူးချုပ် အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ စစ်တိုင်းများ ပြန်လည်ဖွဲ့စည်းသောခါ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်သည်။
 
=== ၁၉၆၂-၁၉၇၁ အတွင်းကြိုးပမ်းမှု ===