လယ်ရီ ပေ့ချ်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: {{Infobox လူ | အမည် = လယ်ရီပေ့ချ် | ပုံ = Larry Page laughs.jpg | caption = | အမည်ရင်း = လော...
 
စာကြောင်း ၃၈ -
သူ၏သုတေသန စာတမ်းကို အမည်ပြောင်အဖြစ် “BackRub” ဟုခေါ်ခဲ့ကြသည်။ နောက်ပိုင်းတွင် စတန်းဖို့ဒ်တက္ကသိုလ်၌ ပါရဂူစာတမ်းပြုစုနေသော ဆာဂျီဘရင်းမ် နှင့်အတူတကွလုပ်ဆောင်ခဲ့သည်။
 
ဝိုင်ယာမဂ္ဂဇင်း ၏ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဂျွန်ဘက်တယ်လ် (John Battelle )က ပေ့ချ်နှင့်ပတ်သက်၍ “ဝက်ဘ်ပေ့ချ်တွေကို အစီအစဉ်တကျမစဉ်ထားတဲ့အတွက်ကြောင့်မို့လို့ အချက်အလက်များကိုရှာဖွေရခက်ခဲ့ပါတယ်။ အချက်အလက်များကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြထားခြင်း မရှိသည့်အတွက် ချိတ်ဆက်မှုအားနည်းတယ်လို့သတ်မှတ်လို့ရပါတယ်။အကယ်၍သာ ဝက်ဘ်ပေ့ချ်(Web page) များ၏ရှေ့နောက်ဆက်နွယ်မှုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ရင် အင်တာနက်က ပိုပြီး တန်ဖိုးရှိတဲ့အရာဖြစ်လာခဲ့မှာပဲ” ဟုဖော်ပြခဲ့သည်။ ဘက်တဲလ်က ပေ့ချ်နှင့်ဘရင်းမ် ထိုပရောဂျက်အတွက် အလုပ်တွဲလုပ် ဖြစ်ခဲ့ပုံကို ဆက်လက်ရှင်းပြခဲ့သည်။
ဘက်တဲလ်က ပေ့ချ်နှင့်ဘရင်းမ် ထိုပရောဂျက်အတွက် အလုပ်တွဲလုပ် ဖြစ်ခဲ့ပုံကို ဆက်လက်ရှင်းပြခဲ့သည်။
 
ပေ့ချ်သည် ဘက်ခ်ရက်ပ် စိတ်ကူးကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့စဉ်က ဝက်ဘ်ပေါ်တွင် အချက်အလက်စုစုပေါင်း ၁၀သန်းခန့်ရှိနေပြီး ၎င်းတို့အချင်းချင်း အကြားတွင်မရေတွက်နိုင်သော ချိတ်ဆတ်မှု များစွာရှိနေပြီဖြစ်သည်။ထိုအချက်အလက်များနှင့် ချိတ်ဆတ်မှုများကို ရှာဖွေနိုင်ရေး အတွက်ပရိုဂရမ်ရေးသားရန်မှာ ကျောင်းသား တစ်ယောက်၏ ပရောဂျက်အဖြစ် မလွယ်ကူလှချေ။ သို့သော်လည်း ထိုကိစ္စကို ပေ့ချ်သည် အလေးမထားပဲ သူ၏ ပရိုဂရမ်ကို ဆက်လက်ရေးသားခဲ့သည်။