ဗီဇဗေဒ မိတ်ဆက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၃ -
ဗီဇဗေဒတွင် သက်ရှိများ၏ အသွင်သဏ္ဌာန်ကို လက္ခဏာ (trait) ဟု ခေါ်သည်။ လူတစ်ဦးတစ်ယောက်၏ မျက်လုံး၊ အသားအရေနှင့် ဆံပင်အရောင်၊ အရပ်အမောင်း စသည့် ပြင်ပလက္ခဏာများမှာ မြင်သာထင်ရှားသော်လည်း သွေးအမျိုးအစား စသည့် လက္ခဏာများမှာမူ သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ ဗီဇမှတဆင့် အချို့သော လက္ခဏာများကို မိဘများထံမှ ဆက်ခံကြသည်။ အရပ်မြင့်၍ ပိန်သော မိဘများသည် အလားတူ အရပ်မြင့်၍ ပိန်သော သားသမီးများကို မွေးဖွားလေ့ရှိသည်။ အခြား လက္ခာများမှာ ဗီဇနှင့် ပတ်ဝန်းကျင် အပြန်အလှန် တုန့်ပြန်မှု၏ ရလာဒ်ဖြစ်သည်။ ကလေးတစ်ဦးသည် အရပ်မြင့်သည့် ဗီဇကို လက်ခံခဲ့သည် ဆိုဦးတော့ လူပျို/အပျိုပေါက် အရွယ်တွင် အဟာရဓာတ် ပြည့်ပြည့်ဝဝ မရရှိလျင်လည်း ၎င်းသည် အရပ်ပုသူ တစ်ဦးဖြစ်နိုင်သည်။ လက္ခဏာတစ်ရပ် ဖြစ်ပေါ်လာစေရန် ဗီဇနှင့် ပတ်ဝန်းကျင် တုန့်ပြန်မှုမှာ ရှုပ်ထွေးပွေလှီလှသည်။ [[ကင်ဆာ]] သို့မဟုတ် [[နှလုံးရောဂါ]]ဖြင့် သေဆုံးနိုင်သည့် အလားအလာမှာ လူတစ်ဦးတစ်ယောက်၏ ဗီဇနှင့် နေထိုင်စားသောက်မှုပေါ်တွင် မူတည်သည်။
ဗီဇကို [[ဒီအန်အေ]] (DNA) ခေါ် ရှည်လျားသည့် [[မော်လီကျူး]]များဖြင့် ဖွဲ့စည်းထားသည်။ ဒီအန်အေတွင် စီစဉ်တကျ စီတန်းတွယ်ဆက်ထားသည့် [[နျူကလီယိုတိုဒ်]] (nucleotide) များပါဝင်သည်။ ယင်းအစီအစဉ်များသည် ဗီဇအချက်အလက်များကို သယ်ဆောင်ထားသည်။ ဝါကျတစ်ကြောင်းတွင် ပါဝင်သည့် စာလုံး အစီအစဉ်များ ကဲ့သို့ဖြစ်သည်။ ဒီအန်အေတွင် အချက်အလက်များကို ဗီဇသင်္ကေတ (genetic code) များဖြင့် သိမ်းဆည်းထားပြီး ထိုသင်္ကေတများကို ဖတ်ယူ ဘာသာပြန်နိုင်သည်။ ယင်းအချက်အလက်များတွင် သက်ရှိများ မည်သို့ဖွဲ့စည်းလုပ်ဆောင်ရမည်ဆိုသည့် ညွှန်ကြားချက်များ ပါဝင်သည်။
 
သတ်မှတ်ထားသည့် ဗီဇတစ်ခုအတွင်း ပါဝင်သည့် အချက်အလက်များသည့် သက်ရှိတစ်ခုနှင့် တစ်ခုအကြား အမြဲတစေ တထပ်တည်း မဟုတ်ပေ။ ဥပမာ လူနှစ်ဦးတွင် တူညီသည့် ဗီဇများ ပါရှိသည် ဆိုဦးတော့ ယင်းဗီဇများ၏ လုပ်ဆောင်မှု တထပ်တည်း ဖြစ်ချင်မှ ဖြစ်မည်။ ဗီဇတစ်ခု၏ သူမတူသည့် ယူနစ်တစ်ခုကို အယ်လီ (allele) ဟု ခေါ်သည်။ ဥပမာအားဖြင့် အမွေးအမှင်များ၏ အရောင်ကို သတ်မှတ်ပေးသည့် ဗီဇ၏ အယ်လီတစ်ခုသည် ခန္ဓာကိုယ်အား pigment ခေါ် ဆိုးဆေးများ အမြောက်အမြား စစ်ထုတ်ရန် ညွှန်ကြားပေး၍ အနက်ရောင် ဖြစ်စေနိုင်သည်။ တခြားတဖက်တွင် ထိုဗီဇမှပဲ အခြားအယ်လီမှ တိကျသည့် ညွှန်ကြားချက် မပေးနိုင်၍ အဖြူရောင် ဖြစ်စေနိုင်သည်။ [[မြူတေးရှင်း]] (Mutation) ဆိုသည်မှာ ဗီဇသင်္ကေတများ ကျပန်း ပြောင်းလဲခြင်းဖြစ်ပြီး အယ်လီ အသစ်များကို ဖန်တီးနိုင်သည်။ မြူတေးရှင်းမှလည်း လက္ခဏာအသစ်များ ပေါ်ထွန်းလာနိုင်သည်။ ဤသို့ လက္ခဏာအသစ် ပေါ်ထွန်းခြင်းသည်လည်း သက်ရှိများ [[ဆင့်ကဲပြောင်းလဲခြင်း]] (evolution) ဖြစ်စဉ်တွင် အရေးပါသည့် အချက်ဖြစ်သည်။