ပေါလ် အယ်လန်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: {{Infobox လူ | အမည် = ပေါလ် အယ်လန် | ပုံ = Paulallen.jpg | caption = | အမည်ရင်း = ပေါလ် ...
 
စာကြောင်း ၆၀ -
“စွန့်စားပရဟိတလုပ်ငန်း”(Venture Philanthropy) များဟု အမည်ရသော ကုသိုလ်ဖြစ်လုပ်ငန်း ဆောင်ရွက်သော စီမံကိန်းများမှလည်း တစ်ဆင့် ထောက်ပံ့ခဲ့သည်။ နာမည်အကျော်ကြားဆုံး စီမံကိန်းများမှာ “သီချင်း ခံစားခြင်း စီမံကိန်းများ”(Experience Music Project)၊ “သည် စီအားတယ်လ် စင်နရာမား”(The Seattle Cinerama)၊ “စိတ်ကူးယဉ် သိပ္ပံ ပြတိုက် နှင့် နာမည်အကျော်အမော် ပြခန်း”(the Science Fiction Museum and Hall of Fame)၊ “ မိုးပျံ အမွေအနှစ် အခင်းအကျင်း” (ပျံ၍ရသောစစ်လေယာဉ်များ)(the Flying Heritage Collection)၊ နှင့် အယ်လန် အရေး အဝေးကြည့်မှန်ပြောင်း(the Allen Telescope Array) (အေတီအေ)တို့ဖြစ်ကြသည်။
 
(အေတီအေ) သည် ဘာကလီ(Berkeley) ရှိ ကလီဖိုးနီးရား တက္ကသိုလ် နှင့် အဲစ်အီတီအိုင် အင်စတီကျုတ် တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဒစ်ပ်တဲရိုလိုဂျီ(Dipeterology) သို့ထည့်ဝင်မှုကြောင့် ပန်း ယင်ကောင် တစ်မျိုးခေါ် “ပေါလ်အယ်လန် ၏ ပန်း ယင်ကောင်” ကို သူ့အမည်ပေးခဲ့သည်။ ဂျင်မီ ဟင်ဒရစ် ၏ဝူဒ်စတောက်တွင်တီးခဲ့သော ဂီတာ အပါဝင် ရှေးဟောင်းပစ္စည်းများအား ဝယ်ယူရန် အယ်လန်ကစရိတ်ထုတ်ပေးခဲ့ရာ “သီချင်း အတွေ့အကြုံ စီမံကိန်းများ” ပြပွဲများတွင် အများပြည်သူများအတွက် ထိုပစ္စည်းများအား ခင်းကျင်းပြသနိုင်ခဲ့သည်။ ဝါရှင်တန် ပြည်နယ် တက္ကသိုလ် ကိုတက်ခဲ့ပြီး ထိုကျောင်း၏ သီချင်းကျောင်းသို့ ငွေလှူခဲ့သည်။ အယ်လန် သည် ဝါရှင်တန် တက္ကသိုလ် သို့မူ ထို့ထက်ပို၍လှူခဲ့သည်။
 
၁၉၈၀ခုနှစ်နှောင်းပိုင်းတွင် အယ်လန် သည် သူ့အဖေ၏နာမည် ကဲနက် အက်စ် အယ်လန် Kenneth S. Allen ဖြင့် စာကြည့်တိုက်အသစ် ဆောက်ရန် အမေရိကန် ဒေါ်လာ ၁၈ သန်းလှူခဲ့သည်။ ၂၀၀၃ခုနှစ်တွင် သူ့အမေ၏နာမည် ဖြင့် the Faye G. Allen Center for Visual Arts ထူထောင်ရန် ဒေါ်လာ ၅ သန်းလှူခဲ့သည်။ အလ်အမ်အင် အာကီတက် အော့ဖ် စီအာတဲလ် မှ ဒီဇိုင်းရေးဆွဲပြီး ၂၀၀၃ခုနှစ် တွင်ပြီးခဲ့သော သူ့နာမည်ကိုအစွဲပြုထားသော “ပေါလ်ဂျီ အယ်လန် ကွန်ပျူတာ သိပ္ပံ နှင့် အင်ဂျင်နီရာ စင်တာ” အတွက်အလှူငွေ ဒေါ်လာ ၁၄ သန်းဖြင့် ထိပ်တန်းငွေထည့်ဝင်သူတစ်ဦးဖြစ်ခဲ့သည်။
 
နှစ်စဉ်နှစ်တိုင်း အယ်လန် သည် ဝါရှင်တန် တက္ကသိုလ် ဆေးကျောင်း သို့ အလှူငွေ ဒေါ်လာ သန်းချီ၍ လှူခဲ့သည်။ ၁၉၉၇ခုနှစ်တွင် ပရိုစ်တာတိုင်တစ် သုတေသနလုပ်ရန် ဖောင်ဒေးရှင်းမှ ဒေါ်လာ ၃.၂ သန်းထောက်ပံ့ခဲ့ပြီး ၂၀၀၂ခုနှစ် တွင်နောက်ထပ် ဒေါ်လာ ၁ သန်းထောက်ပ့ံကြေးပေးခဲ့သည်။သန်းထောက်ပံ့ကြေးပေးခဲ့သည်။
 
မကြာသေးမီက ဖရတ် ဟတ်ချင်စင် ကင်ဆာ သုတေသန စင်တာ တွင် ကင်ဆာ အချိန်မီရှာဖွေနိုင်ရေး စီမံကိန်း အတွက် ဖောင်ဒေးရှင်းမှ ဒေါ်လာ ၅ သန်းထောက်ပ့ံကြေးပေးခဲ့သည်။ ၂၀၀၃ခုနှစ်တွင် ဂျိုး အယ်လန် ပတ်တန် (ပေါလ်အယ်လန် ၏ ညီမ) နှင့်အတူ အမြတ်အတွက် မဟုတ်သော ကော်ပိုရေးရှင်း နှင့် ဆေးသုတေသန အဖွဲ.အစည်း တစ်ခုဖြစ်သည် “သည် အယ်လန် အင်စတီကျု ဖော် ဘရိန်း ဆိုင်ရန့်စ်” the Allen Institute for Brain Science ကိုတည်ထောင်ခဲ့သည်။
 
အယ်လန် ဘရိန်း အဲးတလာစ်အဲတလာစ် အတွက် ကြွက်ပုံစံငယ်စနစ် (လူ့ ဒီအင်အေ နှင့် အလွန် ဆင်ခြင်းကြောင့်) အားအသုံးချကာ အရွယ်ရောက် ကြွက် ဦးနှောက် ၏ ဗီဇ ၂၀,၀၀၀ အား အခန်းအကန့်ဆဲလ်မြေပုံဖေါ်ခဲ့သည်။ ထိုကြိုးပမ်းအားထုတ်မှု သတင်းအချက်အလက်များကို လွတ်လပ်စွာလူတိုင်းဝင်ရောက်ကြည့်ရှုနိုင်သော “www.brain-map.org” ရှိ အယ်လန် ဘရိန်း အာ့တလာစ် စီမံချက် Allen Brain Atlas Project application (အဲပလီကေးရှင်း) တွင်ရရှိနိုင်သည်။
 
၂၀၀၈ခုနှစ် ထိုအင်စတီကျု မှ အယ်လန် စပင်နယ်လ် ကော့ဒ် အဲ့တလာစ်(Allen Spinal Cord Atlas Project) စီမံကိန်းအား စတင်လုပ်ဆောင်ခဲ့သည်။ ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ ရောဂါများ နှင့် ထိခိုက်ဒဏ်ရာမှုများ ကုသရန် အပြည်ပြည်ဆိုင်ရာသုတေသီများ မှဆောင်ရွက်နေရာ ဤသိပ္ပံဆိုင်ရာ တွေ့ရှိချက်များက တန်ဖိုးမဖြတ်နှိုင်သော အထောက်အပံ့များပေးနိုင်ခဲ့သည်။ ၂၀၀၈ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဒေါ်လာ ၄၁ သန်းတန် “အယ်လန် စပင်နယ်လ် ကော့ဒ် အာ့တလာစ်” ကြွက်ဗီဇမြေပုံ ကို အွန်လိုင်း တင်ခဲ့သည်။ သိပ္ပံအရာရှိချုပ် အယ်လန် ဂျံုးစ် Allen Jones က “သည် အယ်လန် စပင်နယ်လ် ကော့ဒ် အဲတလာစ် The Allen Spinal Cord Atlas သည် စပင်နယ်လ် ကော့ဒ် ရဲ့ ဆန်းကြယ်မှုများကိုသိရှိရန် နှင့် ရောဂါရချိန် နှင့် ထိခိုက်ဒဏ်ရာရချိန် တွင် ၄င်း၏ပြောင်းလဲခြင်းများသိရှိရန် ကို သုတေသီများအား အထောက်အပံ့များစွာပေး လိမ့််မည်”ဟုဆိုသည်။
စာကြောင်း ၇၇ -
 
၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပေါလ်အယ်လန် သည် သူတက်ခဲ့သော ဝါရှင်တန် ပြည်နယ် တက္ကသိုလ် ၏ ကမ္ဘာတစ်ဝန်း တိရစ္ဆာန် ကျန်မာရေး ကျောင်း သို့ ဒေါ်လာ ၂၆ သန်း ထောက်ပံ့မည်ဟုကတိပေးကြေညာခဲ့သည်။ ထိုရရှိခဲ့သောအလှူငွေများသည် ၄င်းတက္ကသိုလ်၏ သမိုင်းတွင် အများဆုံးရရှိခဲ့သော လက်ဆောင် ဖြစ်သည်။
 
==ကင်ဆာ==
၂၀၀၉ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပေါလ်အယ်လန် ၏ညီမ ဂျိုဒီ အယ်လန် နှင့် ဘာလ်ကန် ၏ အမှုဆောင်ချူပ် က ပေါလ်သည် နန်း-ဟော့ဂျ်ကင်း လင်ဖိုးမာ Non-Hodgkin’s Lymphoma ကင်ဆာရောဂါတစ်မျိုး စစ်ဆေးးတွေ့ ရှိကြောင်း အများပြည်သူအား ကြေညာခဲ့သည်။