ပေါလ် အယ်လန်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၈ -
ဖောင်ဒေးရှင်းမှတစ်ဆင့် အယ်လန် သည် ၁ နှစ်ခန့်မှန်း ဒေါ်လာ သန်း ၃၀ ထောက်ပံ့ကြေး လှူဒါန်းခဲ့သည်။ စီအားတယ်လ်ရှိ အမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းများ နှင့် ဝါရှင်တန်ပြည်နယ် အတွက် ဖောင်ဒေးရှင်း၏ ငွေ အကြမ်းဖျင်း ၆၀% နှင့် ပို့တလန် အော်ရီဂန် အတွက် ၁၂%လှူဒါန်းခဲ့သည်။ ကျန် ၂၈% အား ပစိဖိတ်အနောက်မြောက် ရှိ အခြားသောမြို့များသို့ ခွဲဝေခဲ့သည်။ အယ်လန် သည် ၂၀၀၇ခုနှစ် အထိ သူ၏ငွေ အမေရိကန် ဒေါ်လာ သန်း ၉၀၀ လှူခဲ့သည်။
 
“စွန့်စားပရဟိတလုပ်ငန်း”(Venture Philanthropy) များဟု အမည်ရသော ကုသိုလ်ဖြစ်လုပ်ငန်း ဆောင်ရွက်သော စီမံကိန်းများမှလည်း တစ်ဆင့် ထောက်ပံ့ခဲ့သည်။ နာမည်အကျော်ကြားဆုံး စီမံကိန်းများမှာ “သီချင်း ခံစားခြင်း စီမံကိန်းများ”(Experience Music Project)၊ “သည် စီအားတယ်လ် စင်နရာမား”(The Seattle Cinerama)၊ “စိတ်ကူးယဉ် သိပ္ပံ ပြတိုက် နှင့် နာမည်အကျော်အမော် ပြခန်း”(the Science Fiction Museum and Hall of Fame)၊ “ မိုးပျံ အမွေအနှစ် အခင်းအကျင်း” (ပျံ၍ရသောစစ်လေယာဉ်များ)(the Flying Heritage Collection)၊ နှင့် အယ်လန် အရေး အဝေးကြည့်မှန်ပြောင်း(the Allen Telescope Array) (အေတီအေ)တို့ဖြစ်ကြသည်။
 
(အေတီအေ) သည် ဘာကလီ(Berkeley) ရှိ ကလီဖိုးနီးရား တက္ကသိုလ် နှင့် အဲစ်အီတီအိုင် အင်စတီကျုတ် တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဒစ်ပ်တဲရိုလိုဂျီ(Dipeterology) သို့ထည့်ဝင်မှုကြောင့် ပန်း ယင်ကောင် တစ်မျိုးခေါ် “ပေါလ်အယ်လန် ၏ ပန်း ယင်ကောင်” ကို သူ့အမည်ပေးခဲ့သည်။ ဂျင်မီ ဟင်ဒရစ် ၏ဝူဒ်စတောက်တွင်တီးခဲ့သော ဂီတာ အပါဝင် ရှေးဟောင်းပစ္စည်းများအား ဝယ်ယူရန် အယ်လန်ကစရိတ်ထုတ်ပေးခဲ့ရာ “သီချင်း အတွေ့အကြုံ စီမံကိန်းများ” ပြပွဲများတွင် အများပြည်သူများအတွက် ထိုပစ္စည်းများအား ခင်းကျင်းပြသနိုင်ခဲ့သည်။ ဝါရှင်တန် ပြည်နယ် တက္ကသိုလ် ကိုတက်ခဲ့ပြီး ထိုကျောင်း၏ သီချင်းကျောင်းသို့ ငွေလှူခဲ့သည်။ အယ်လန် သည် ဝါရှင်တန် တက္ကသိုလ် သို့မူ ထို့ထက်ပို၍လှူခဲ့သည်။