ဂီတဗေဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၉ -
===လူမှုဂီတဗေဒ===
လူမှုဂီတဗေဒ (Ethnomusicology) ဆိုသည်မှာ ဂီတကို ယဉ်ကျေးမှုရှထောင့်မှ လေ့လာခြင်းဖြစ်သည်။ ယင်းဘာသာရပ်ခွဲသည် မနုဿဗေဒနှင့် ဆက်စပ်မှုရှိသည်ဟုဆိုကြသည်။ ဂီတပါမောက္ခဖြစ်သူ ဂျက်ဖ် တော့ဒ် တိုင်တွန် (Jeff Todd Titon) သည် "လူသားများ ဂီတကိုပြုလုပ်ခြင်းကို လေ့လာသောဘာသာရပ်" ဟုအဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။<ref>{{Cite journal|last=Titon|first=Jeff Todd|title=Ethnomusicology as the Study of People Making Music|url=https://www.academia.edu/10540708/Ethnomusicology_as_the_Study_of_People_Making_Music_1989_2015_|journal=Musicological Annual|language=en|volume=51|issue=2|pages=175|issn=2350-4242}}</ref> လူ့ယဉ်ကျေးမှုရှုထောင့်မှ လေ့လာခြင်းဟုဆိုသော်လည်း အနောက်တိုင်းမဟုတ်သော ဂီတကိုလေ့လာခြင်းကိုလည်း ယင်းအခေါ်အဝေါ်ဖြင့် ရည်ညွှန်းလေ့ရှိပါသည်။ အချို့သော လူမှုဂီတဗေဒပညာရှင်တို့သည်လည်း ဂီတသမိုင်းကိုလေ့လာကြပါသည်။<ref>McCollum, Jonathan and Hebert, David, Eds., (2014). ''Theory and Method in Historical Ethnomusicology'' Lanham, MD: Rowman&Littlefield.</ref>
 
===စနစ်ကျဂီတဗေဒ===
စနစ်ကျဂီတဗေဒ (Systemic Musicology) သည် ဂီတသီအိုရီ၊ ဂီတ၏ရသ၊ ဂီတပညာရေး၊ ဂီတတူရိယာနှင့် နည်းပညာ စသည်တို့ကိုလေ့လာသော ဘာသာရပ်ဖြစ်သည်။
====ဂီတသီအိုရီ====
ဂီတသီအိုရီ (Music Theory) သည် ဂီတရေးသားရာ၌ အသုံးချသော ပညာရပ်များ၊ ဂီတသင်္ကေတ လက္ခဏာများ၊ ဂီတရေးသားသည့်နည်းစနစ်များ စသည်တို့ကို လေ့လာသောဘာသာရပ်ဖြစ်သည်။ ဂီတသီအိုရီကို ‌ပြောဆိုခြင်းဖြင့် ဝေဖန်ရှင်းလင်းခြင့်ဖြင့်သော်လည်းကောင်း သီချင်းများဖွင့်၍ နားဆင်ခြင်းဖြင့်သော်လည်းကောင်း သင်ကြားသည်။ အနောက်တိုင်းဂီတသီအိုရီသည်် ဟာမိုနီ၊ ကောင်တာပွိုင့်၊ မယ်လိုဒီ စသည်တို့ကိုအခြေခံသည်။
 
===ဂီတစိတ်ပညာ===
ဂီတစိတ်ပညာ (Music Psychology) ဆိုသည်မှာ ဂီတကို စိတ်ပညာနှင့်တွဲ၍ လေ့လာခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် လူသားတို့၏စိတ်အပေါ် ဂီတ၏လွှမ်းမိုးမှုကို လေ့လာခြင်းဖြစ်သည်။ သိမြင်မှုဂီတဗေဒ (Cognitive Musicology) ဆိုသည်မှာ လူ့စိတ်မှ ဂီတကိုမည်သို့မြင်ယူခြင်းနှင့် ဂီတဆိုင်ရာစွမ်းဆောင်နိုင်မှုကို လေ့လာခြင်းဖြစ်သည်။<ref name = Tan>{{cite book |last1=Tan |first1=Siu-Lan |last2=Pfordresher |first2=Peter |last3=Harré |first3=Rom |date=2010 |title=Psychology of Music: From Sound to Significance |location=New York |publisher=Psychology Press |pages=2 |isbn=978-1-84169-868-7}}</ref>
 
==ပညာရေးနှင့်လုပ်ငန်း==
[[တက္ကသိုလ်]]များ၌ ဂီတဗေဒပညာကို တက်ရောက်ကျသော ကျောင်းသားများသည် ‌တက္ကသိုလ်သင်တန်းပြီးဆုံးလျှင် ဘတ်ခ်ျလာဂီတဘွဲ့ (Bachelor of Music, B.Mus) သို့မဟုတ် [[ဝိဇ္ဇာဘွဲ့]] (B.A) ကို ရရှိမည်ဖြစ်ပါသည်။ ဝိဇ္ဇာဘွဲ့ကို ရရှိပါက သက်ဆိုင်ရာဘာသာရပ်အမည်ကို တပ်ထားမည်ဖြစ်သည်။ သာဓကအားဖြင့် B.A (Music Theory) ဟု ဖော်ပြထားလျှင် ဝိဇ္ဇာဘွဲ့ (ဂီတသီအိုရီ) ဟူ၍ ဘာသာရပ်ခွဲဖြင့်ပြထားမည်ဖြစ်သည်။ မဟာတန်းကိုတက်ရောက်ခဲ့ပါလျှင် မဟာဝိဇ္ဇာဘွဲ့ (ဂီတဗေဒ) ကိုရရှိမည်ဖြစ်ပါသည်။ အမြင့်ဆုံး‌ပေးအပ်သောဘွဲ့မှာ ပါရဂူဘွဲ့ပင်ဖြစ်သည်။ ဂီတဗေဒတွင် ဘာသာရပ်များအလွန်ကွဲပြားလှသောကြောင့် အချို့သောပါရဂူဘွဲ့ကြိုကျောင်းသားများသည် ဝိဇ္ဇာဘွဲ့ (ဂီတ) နှင့် မဟာဝိဇ္ဇာဘွဲ့ (စိတ်ပညာ) ဟူ၍ မတူညီသောဘွဲ့များနှင့် တက်ရောက်ကြပါသည်။
 
==ကျမ်းကိုး==