ဂီတဗေဒ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၀ -
==ပညာရေးနှင့်လုပ်ငန်း==
[[တက္ကသိုလ်]]များ၌ ဂီတဗေဒပညာကို တက်ရောက်ကျသော ကျောင်းသားများသည် ‌တက္ကသိုလ်သင်တန်းပြီးဆုံးလျှင် ဘတ်ခ်ျလာဂီတဘွဲ့ (Bachelor of Music, B.Mus) သို့မဟုတ် [[ဝိဇ္ဇာဘွဲ့]] (B.A) ကို ရရှိမည်ဖြစ်ပါသည်။ ဝိဇ္ဇာဘွဲ့ကို ရရှိပါက သက်ဆိုင်ရာဘာသာရပ်အမည်ကို တပ်ထားမည်ဖြစ်သည်။ သာဓကအားဖြင့် B.A (Music Theory) ဟု ဖော်ပြထားလျှင် ဝိဇ္ဇာဘွဲ့ (ဂီတသီအိုရီ) ဟူ၍ ဘာသာရပ်ခွဲဖြင့်ပြထားမည်ဖြစ်သည်။ မဟာတန်းကိုတက်ရောက်ခဲ့ပါလျှင် မဟာဝိဇ္ဇာဘွဲ့ (ဂီတဗေဒ) ကိုရရှိမည်ဖြစ်ပါသည်။ အမြင့်ဆုံး‌ပေးအပ်သောဘွဲ့မှာ ပါရဂူဘွဲ့ပင်ဖြစ်သည်။ ဂီတဗေဒတွင် ဘာသာရပ်များအလွန်ကွဲပြားလှသောကြောင့် အချို့သောပါရဂူဘွဲ့ကြိုကျောင်းသားများသည် ဝိဇ္ဇာဘွဲ့ (ဂီတ) နှင့် မဟာဝိဇ္ဇာဘွဲ့ (စိတ်ပညာ) ဟူ၍ မတူညီသောဘွဲ့များနှင့် တက်ရောက်ကြပါသည်။
 
အများစုသောဂီတဗေဒပညာရှင်တို့သည် [[ကျောင်း]]များ၊ တက္ကသိုလ်မျာ၌ နည်းပြဆရာအဖြစ် ပြန်လည်လုပ်ကိုင်ကြပါသည်။ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသားများအား ပညာသင်ကြားပေးခြင်း၊ သုတေသနတို့ကို ကူညီပြုလုပ်ပေးခြင်း၊ မိမိကျွမ်းကျင်ရာနယ်ပယ်ဆိုင်ရာ ဆောင်းပါများရေးသားပေးခြင်း၊ ကျမ်းများကိုပြုစုပေးခြင်း စသည်တို့ကိုဆောင်ရွက်ကြပါသည်။
 
==ကျမ်းကိုး==