Content deleted Content added
|
|
== ဗီဇများ အလုပ်လုပ်ပုံ ==
===ပရိုတိန်းဖွဲ့စည်းခြင်း===
ဗီဇများ၏ လုပ်ငန်းတာဝန်တစ်ရပ်မှာ ဆဲလ်အတွင်း ပရိုတိန်းဖွဲ့စည်းရာ၌[[ပရိုတိန်း]]ဖွဲ့စည်းရာ၌ လိုအပ်သည့် အချက်အလက်များ ပံ့ပိုးပေးရန်ဖြစ်သည်။<ref name=Utah>{{Cite book| title =University of Utah Genetics Learning Center animated tour of the basics of genetics| publisher =Howstuffworks.com | url =http://learn.genetics.utah.edu/units/basics/tour|format = web resource|accessdate=2008-01-24 }}</ref> ဆဲလ်များသည် သက်ရှိများ၏ အသေးငယ်ဆုံး အခြေခံ အစိတ်အပိုင်းဖြစ်သည်။ လူသားတစ်ဦးတွင် ဆဲလ်အရေအတွက်ပေါင်း ၁၀၀ ထြီလျံခန့် ရှိသည်။ အသေးငယ်ဆုံး သက်ရှိဖြစ်သည့် [[ဗက်တီးရီးယား]]များတွင် ဆဲလ် တစ်ခုသာရှိသည်။ ဆဲလ်များသည် အသေးစား စက်ရုံတစ်ရုံနှင့် ဆင်တူပြီး ဆဲလ်များ ကွဲထွက်ရာတွင် ထပ်တူညီမျှသည့် ဆဲလ်တစ်ခုကို ထုတ်ပေးနိုင်စွမ်းရှိသည်။ ဆဲလ်များတွင် လုပ်ငန်းတာဝန်များကို ရိုးစင်းစွာ ခွဲဝေထားသည်။ ဗီဇများက ညွှန်ကြားချက် ပေးပြီး ပရိုတိန်းများက ယင်းညွှန်ကြားချက်များအတိုင်း ဆဲလ်ကွဲထွက်ခြင်း၊ အပျက်အစီးများအား ပြင်ဆင်မွန်းမံခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်သည်။<ref name=NIGMS>[http://publications.nigms.nih.gov/structlife/chapter1.html The Structures of Life] National Institute of General Medical Sciences, Accessed 20th May 2008</ref> ပရိုတိန်းတစ်မျိုးစီသည် အလုပ်တစ်မျိုးကိုသာ သီးသန့်လုပ်ဆောင်သည်။ ထိုကြောင့် ဆဲလ်များတွင် လုပ်ငန်းအသစ် လုပ်ဆောင်ရန် လိုအပ်ပါက ပရိုတိန်းအသစ်များကို ထုတ်လုပ်သည်။ အလားတူပဲ ဆဲလ်များက လုပ်ငန်းများအား အလျင်အမြန် သို့မဟုတ် နွေးကွေးစွာ လုပ်ဆောင်ရန် လိုအပ်မှုကို မူတည်ကာ ပရိုတိန်း ပမာဏအား ပိုထုတ်နိုင်သည် သို့မဟုတ် လျှော့ထုတ်နိုင်သည်။ ဗီဇများက ဆဲလ်များကို မည်သည့် ပရိုတိန်းကို မည်သည့် ပမာဏဖြင့် ထုတ်လုပ်ရန် ညွှန်ကြားပေးသည်။
[[Image:Genetic code.svg|thumb|image|right|280px|ဗီဇများမှ ဒီအန်အေများကို အာရ်အန်အေ (RNA) အဖြစ် ကူးယူပြီး ထိုအာရ်အန်အေမှ ဗီဇသင်္ကေတများကို ဖတ်ယူဘာသာပြန်ကာ ပရိုတိန်းများကို ဖွဲ့စည်းသည်။]]
|