ထီးလင်းမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး CS1 ရက်စွဲအမှားပြင်ဆင်ခြင်း
စာကြောင်း ၃၈ -
ထီးလင်းမြို့ကို ခရစ်နှစ် ၇၄၈ တွင် စော်ဘွားနန္ဒရာဇ်က တည်ထောင်သည်။ သူ့ကို သား နန္ဒရာဇ်နှင့် စော်ဘွား ပုညစည်သူတို့က ဆက်ခံပြီးနောက် နှစ်ပေါင်း ၃၀၀ ကျော် စော်ဘွားဆက် ပြတ်သွားရာ ခရစ်နှစ် ၁၂၉၈ တွင်မှ စော်ဘွား ဦးခန်းပတ်က ထီးလင်းစော်ဘွားဆက်ကို ပြန်လည်ထူထောင်သည်။ ယင်းနောက် [[အင်းဝခေတ်]]တလျှောက် ထီးလင်းမြို့၌ စော်ဘွားအဆက်ဆက် အုပ်ချုပ်သည်။ [[အလောင်းမင်းတရား]]လက်ထက် [[ဟံသာဝတီ]]သို့ သွားတိုက်စဉ် ထီးလင်းစော်ဘွား ဦးပြည့်ထွန်းအောင်သည် လိုက်ပါ စစ်မှုထမ်းပြီးနောက် [[ရန်ကုန်မြို့|ရန်ကုန်]]၌ ကွယ်လွန်ရာ သား ဦးကျန်က စော်ဘွားရာထူးကို ဆက်ခံသည်။ စော်ဘွားဦးကျန်လက်ထက် ၁၇၅၈ ခု မေလတွင် [[တောင်သားလူမျိုး|တောင်သား]]များ ထီးလင်းကို လာတိုက်သေးသည်။ ဦးကျန်သည် အလောင်းမင်းတရားနှင့် [[နောင်တော်ကြီးမင်း|နောင်တော်ကြီး]]တို့ လက်ထက်တွင် စော်ဘွားအဖြစ် အုပ်ချုပ်သည်။
 
ဦးကျန်ကို ဆက်ခံသူများမှာ ညီ ဦးနက်၊ စော်ဘွားကြီး ဦးပြည့်ထွန်းအောင် ညီ ဦးသာကျော်၊ စောနံ၊ ဦးထွားဖြူ စသူတို့ ဖြစ်ပြီး၊ [[ဆင်ဖြူရှင်မင်း|ဆင်ဖြူရှင်]]လက်ထက် ၂၆ မေ ၁၇၆၅ တွင် ထီးလင်းမြို့စစ်တမ်းကို စော်ဘွားဦးထွားဖြူက ဆက်သွင်းသည်။ ၁၅ ဇွန် ၁၇၇၃ တွင် လက်ရှိနေရာသို့ ထီးလင်းကို ရွှေ့ပြောင်းပြီး စော်ဘွားအစား မြို့သူကြီးများကို အုပ်ချုပ်စေသည်။ ထိုစဉ် ထီးလင်းမြို့သူကြီးမှာ ဦးမောင်ဦး ဖြစ်ကာ ဘိုးတော်ဘုရား လက်ထက် ၁၇၈၃ တွင် ထီးလင်းမြို့စစ်တမ်း ဆက်သွင်းသူ ဖြစ်သည်။ ထီးလင်းမြို့သူကြီး ဦးမြတ်စံလက်ထက် ၁၉ ဧပြီ ၁၇၉၃ တွင် သမီး ရှင်မင်းငြိမ်းကို [[ဘိုးတော်ဘုရား]]ထံ ဆက်သရာ မိဘများနှင့် မြို့နေလူကြီးများ နေပြည်တော်သို့ လိုက်ပို့ရသည်။ ၁၇၉၈ ဇွန်လဆန်းမှ ၁၇၉၉ ခုနှစ်အထိ ထီးလင်းမြို့ကို အုပ်ချုပ်သူ မြို့သူကြီးအမည်က ဦးမြတ်မှန်း ဖြစ်ပြီး သူ့ကို ဦးရွှေပု၊ ဦးသာကျံတို့က ဆက်ခံသည်။ ဦးသာကျံသည် ၁၈၀၂ တွင် စစ်တမ်း ဆက်သွင်းသည်။ [[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်]]လက်ထက်တွင် ထီးလင်းမြို့သူကြီးမှာ သီဟရာဇကျော် ဖြစ်သည်။ ၁၈၃၀ တွင် မင်းလှသမန္တကျော်ထင် ဖြစ်သည်။<ref>{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၁၄၀|date=ဒီဇင်ဘာလ၊ဒီဇင်ဘာ ၂၀၁၃}}</ref>
 
==ကိုးကား==