ပဲခူးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး CS1 ရက်စွဲအမှားပြင်ဆင်ခြင်း
စာကြောင်း ၆၁ -
 
=== ညောင်ရမ်းခေတ်၊ကုန်းဘောင်ခေတ် နှင့် ကိုလိုနီခေတ် ===
သို့ဖြင့် ဟံသာဝတီသည် ထီးနန်းစိုက်ရာဒေသအဖြစ်မှ ညောင်ရမ်းခေတ်တွင် လက်အောက်ခံ ပဒေသရာဇ်အဆင့် သို့လျောကျခဲ့သည်။အခိုက်အတန့်အားဖြင့် [[သာလွန်မင်း|သာလွန်မင်းတရားကြီး]] အောက်အရပ်တွင် တိုင်းတပါးသား [[ငဇင်ကာ]] အားလာရောက် နှိမ်နှင်းချိန်တွင်သာ ယာယီနန်းစံခဲ့ဖူးသည်။ [[ညောင်ရမ်းခေတ်]]နောက်ဆုံးကာလများတွင် ဇင်းမယ်သား ဆင်ဝန်ဦးအောင်လှက ဗညားဒလ ဘွဲ့ခံကာပဲခူးမှ အင်းဝအားထောင်ထားစစ်ပြိုင်ပြုသည်။အနိုင်ရသော်လည်း [[အလောင်းဘုရား]] ဦးအောင်ဇေယျ ဦးဆောင်သည့် ဗမာတို့၏ ပြန်လည်တိုက်ခိုက်မှုအောက်တွင်ကျဆုံးရပြန်သည်။ ပဲခူးမြို့ကို ဟံသာဝတီ ၃၂ မြို့ဝန် (ခ) ရန်ကုန်မြို့ဝန်က အုပ်ချုပ်သည်။<ref name=":0">{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၇၄|date=ဒီဇင်ဘာလ၊ဒီဇင်ဘာ ၂၀၁၃}}</ref>သို့ဖြင့် မွန်တို့နှင့်အတူ ဟံသာဝတီ -ပဲခူးမြို့သည်လည်း မင်းနေပြည်တော်အဖြစ်သို့ တစ်ဖန်ပြန်မရောက်တော့ချေ။
 
သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင်မူ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့လုယူအုပ်ချုပ်ရာ အုပ်ချုပ်ရေးဗဟိုအဖြစ် ပဲခူးကို သတ်မှတ်ပြီး တာဝန်ခံအုပ်ချုပ်သူ ကော်မရှင်နာဖြစ်သည့် ဆာအာသာဖယ်ယာမှာလည်း ထင်ရှားသူဖြစ်ခဲ့သည်။မြန်မာတစ်ပြည်လုံး အင်္ဂလိပ်အောက်ကျရောက်ပြီးနောက် [[ရန်ကုန်မြို့]]ကို အုပ်ချုပ်ရေးဗဟိုအဖြစ် သတ်မှတ်သောကြောင့် ပဲခူးမြို့သည် သာမန်တိုင်းမြို့ကြီးအဖြစ်သာ သတ်မှတ်ခြင်းခံရတော့သည်။