ပဲခူးရိုးမတောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
ပဲခူးရိုးမ
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ်
စာကြောင်း ၂၀ -
| map_caption=မြန်မာနိုင်ငံတွင်း တည်နေရာ
}}
'''ပဲခူးရိုးမတောင်တန်း''' သည် [[မြန်မာနိုင်ငံ]]အလယ်ပိုင်း၊ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီမှ ၂ဝ ဒီဂရီ အတွင်း မြောက်မှ တောင်သို့ [[ဧရာဝတီမြစ်]]နှင့် [[စစ်တောင်းမြစ်]]အကြားတွင် တည်ရှိသော တောင်တန်းဖြစ်သည်။<ref name="Seekins-357">Seekins, Donald M. (2006) ''Historical dictionary of Burma (Myanmar)'' Scarecrow Press, Lanham, Maryland, [https://books.google.com/books?id=zY5F88wiDYYC&pg=PA357 page 357], {{ISBN|0-8108-5476-7}}</ref><ref>Seekins, Donald M. (2006) ''Historical dictionary of Burma (Myanmar)'' Scarecrow Press, Lanham, Maryland, [https://books.google.com/books?id=zY5F88wiDYYC&pg=PA191 page 191], {{ISBN|0-8108-5476-7}}</ref> ပဲခူးရိုးမတောင်တန်းသည် မြောက်ဘက်စွန်း [[ပုပ္ပားတောင်]]မှ တောင်ဘက် [[သိင်္ဂုတ္တရကုန်းတော်]] အထိ ရှည်လျားသည်။ ယင်းတောင်တန်းသည် ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်အကြား ရေဝေ ကုန်းတန်းကြီး ဖြစ်ပြီး [[ပဲခူးမြစ်]]နှင့် စစ်တောင်းမြစ်တို့သည် ပဲခူးရိုးမတွင် မြစ်ဖျားခံသော မြစ်နှစ်စင်း ဖြစ်သည်။ဖြစ်သည်။ပဲခူးရိုးမ
 
တောင်ဘက်စွန်းသည် [[ရန်ကုန်မြို့]] မြောက်ဘက်နားတွင် ပြတ်သွားပြီးနောက် ရန်ကုန်မြို့တွင်း၌ တောင်ပူစာကလေးများအဖြစ် ဖြာဆင်းလာသည်။ [[ရွှေတိဂုံဘုရား]]တည်ရာ [[သိင်္ဂုတ္တရကုန်းတော်]]သည် ပဲခူးရိုးမတောင်၏အဆွယ် တောင်ပူစာဖြစ်သည်။ ပဲခူးရိုးမတောင်သည် မြောက်မှတောင်သို့ မိုင် ၂ဝဝ ကျော် ရှည်သည်။ အမြင့်မှာမူ ပေ ၂ဝဝဝ ထက် ပိုမမြင့်ချေ။ သို့ရာတွင် စောက်၍ ကျောက်ထူထပ် ပေါများသည်။ အရှေ့ဘက်နှင့် အနောက်ဘက်တို့သို့ တောင်စွယ်များဖြာ၍ ဆင်းသွားကြသည်။ ပဲခူးရိုးမတောင်၏ အရှေ့ဘက်တွင် ရမည်းသင်း၊ တောင်ငူနှင့် ပဲခူးခရိုင်များရှိ၍၊ အနောက်ဘက်တွင် မကွေး၊ သရက်၊ ပြည်နှင့် သာယာဝတီခရိုင်များ ရှိသည်။ အရှေ့ဘက် တောင်စောင်းမှ စစ်တောင်းမြစ်၏ မြစ်လက်တက်များနှင့် ပဲခူး မြစ်တို့ မြစ်ဖျားခံ၍ စီးဆင်းသည်။ အနောက်ဘက် တောင်စောင်းမှမူ၊ [[ပင်းချောင်း]]၊ [[ယင်းချောင်း]]နှင့် [[နဝင်းချောင်း]] တို့သည် ဧရာဝတီမြစ်တွင်းသို့ စီးဝင်ကြ၍၊ တောင်ဘက်၌ မူကား [[မြစ်မခမြစ်]]၊ သို့မဟုတ် လှိုင်မြစ်ထဲသို့ စီးဝင်သော ချောင်းပေါင်းများစွာသည် ယင်းတောင်၏တောင်ဘက်ဖျား တောင်တန်းများတွင် မြစ်ဖျားခံကြသည်။