သော်၊ ဦး (ပန်းကန်စက်): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၀ -
* [[စဉ့်ကူးမင်း]]၏ဖခင်မှာ [[ဆင်ဖြူရှင်မင်း]] (မြေဒူးမင်း)။
* [[ဆင်ဖြူရှင်မင်း]]၏ဖခင်မှာ [[အလောင်းမင်းတရား]] ဦးအောင်ဇေယျ။
ဟူ၍ဖြစ်ကြသည်။</ref> (ဝန်ကြီး မဟာသီဟသူရ နှင့် ဆင်ဖြူရှင်မင်းသည် ခမည်းခမက် တော်စပ်သည့်အပြင် မယားညီအစ်ကိုလည်းတော်စပ်သည်။ ဆင်ဖြူရှင်၏မိဖုရားခေါင်ကြီး မယ်လှ (သီရိအတုလ မဟာရတနာ ပဒုမ္မာဒေဝီ) နှင့် မဟာသီဟသူရ၏ဇနီး မယ်တလိုင်းတို့သည် ညီအစ်မအရင်းများဖြစ်ကြသည်။)<ref name="ut">{{cite book|author=ပန်းကန်စက်ဦးသော်|title=မြန်မာနိုင်ငံ ကြွေပန်းကန်အစ ဦးသော် က|date=၁၄.၁၀.၁၉၇၄14 October 1974 |publisher=နယူးစာပုံနှိပ်တိုက်|location=၁၂၄-ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်မြို့|format= (၅၈၃/၇၄)}}</ref><ref name="ReferenceA">{{cite journal|author=မြို့မ-မြင့်ကြွယ်|title=အမျိုးသားစီးပွားရေးရှေ့ဆောင် ပန်းကန်စက်ဦးသော်|journal=The Dhamma Thandawsint မဂ္ဂဇင်းစာစောင်|date=ဇွန် ၂၆-ဇူလိုင် ၂ ၂၀၁၆|volume=အမှတ် ၂၉|page=၂၀,၂၁, ၃၆}}</ref><ref>[http://ch-mm.blogspot.com/ တရုတ် - မြန်မာ ချစ်ကြည်ရေး<!-- Bot generated title -->]</ref><ref>{{cite book|author=မြို့မ-မြင့်ကြွယ်|title=ကျွန်တော်သိသောဖိုးဖိုးသော်|date=၁၉၈၁|publisher=ရတနာမွန်မဂ္ဂဇင်း}}</ref>
စဉ့်ကူးမင်းနှင့် ပထမ မြောက်နန်းမိဖုရားကြီး သီရိမဟာမင်္ဂလာဒေဝီ တို့၏ မြေးတော် ဘိုးရွှေကွန်၏သားတော် ဦးဘိုးဆင့်(ပန်းကန်စက်ဦးသော် ၏ဖခင်) ရေးသားခဲ့သည့် ကိုယ်ရေးအတ္ထုပ္ပတ္တိ ဘဝဖြစ်ရပ်မှတ်တမ်း၊ ဦးဘိုးဆင့်၏မြေးအရင်းဖြစ်သူ စာပြုအရာရှိ ဦးနေဝင်း B.A (History) ၁၉၇၁ ခုနှစ်တွင် ရေးသားပြုစုခဲ့သည့် Family pedigree chart (Genealogy research paper) မှတ်တမ်းတို့တွင်လည်းရေးသားဖော်ပြထားခဲ့သည်။
 
စာကြောင်း ၇၃ -
သမိုင်းရှိ ဦးသော်၏ ပန်းကန်စက်သည် ကိုလိုနီခေတ်တွင် တစ်ခုတည်းသော ဗမာတိုင်းရင်းသားပိုင် ပန်းကန်စက်ဖြစ်သည်။ ဦးသော်ပန်းကန်စက် တည်နေရာမှာ ရန်ကုန်မြို့၊ [[မရမ်းကုန်းမြို့နယ်]]၊ သမိုင်းမြို့သစ် မီးရထားဘူတာရုံအနီး ဖြစ်သည်။ ဦးသော်ပန်းကန်စက်တွင် လုပ်ငန်းများတွင် ဂျပန်များက အဓမ္မဝင်ရောက်ဦးစီးလုပ်ကိုင်သည်။ သို့ရာတွင် ဦးသော်ပန်းကန်စက်တွင်လည်း ဂျပန်များက အစုစပ်အဖြစ်ပါဝင်၍ ဦးစီးလုပ်ကိုင်သည်ဟု ဂျပန်အလိုတော်ရိများက မဟုတ်မမှန် ဝါဒဖြန့်ချိခဲ့သည်။
 
အမှန်စင်စစ်အားဖြင့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတို့သည် ဦးသော်ပန်းကန်စက်ကို အတင်းအဓမ္မသိမ်းယူလိုက်ခြင်းဖြစ်သည်။ ဂျပန်စစ်တပ်အတွက် လိုအပ်သော ပစ္စည်းများ၊ ဟင်းချိုသောက် မြေပန်းကန်များ၊ အခြားကြွေထည်အသေးအဖွဲများနှင့် စစ်မြေပြင်သုံးကြွေသီးများ သိန်းသန်းချီ၍ ထုတ်လုပ်ကြသည်။ စက်ရုံဝင်းအတွင်း၌ လက်ပစ်ဗုံးများလည်း ထုတ်လုပ်သည်။ စက်ရုံပိုင်ရှင်ဦးသော်သည် အမည်ခံသာဖြစ်၍ ပန်းကန်စက်မှာ ဂျပန်စစ်သားများ၏ အတင်းအဓမ္မကြီးစိုးပိုင်ဆိုင်မှုအောက်တွင် ရှိခဲ့သည်။ နောက်ပိုင်းတွင် မဟာမိတ်တို့၏ ဗုံးကြဲတိုက်ခိုက်မှုကိုခံရ၍ လုပ်ငန်းရပ်ဆိုင်းသွားသည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့အရေးနိမ့်၍ စစ်ဆုတ်ရသောအခါ ဦးသော်ပိုင်သော သမိုင်းပန်းကန်စက်ရုံရှိစက်များကို ဂျပန်စစ်သားများကမီးရှို့ဖျက်ဆီးခဲ့ကြသည်။<ref>{{cite book|last1=ကိုလိုနီခေတ် စက်မှုလက်မှုလုပ်ငန်းသမိုင်း|first1=အပိုင်း(၂)|title=မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းသမိုင်း|date=၁၉၈၉ ဖေဖော်ဝါရီလFebruary 1989 |publisher=အမှတ် (၁)စက်မှုဝန်ကြီးဌာန|page=၂၂၉|chapter=အခန်း ၄ ဂျပန်ခေတ် စက်မှုလက်မှု လုပ်ငန်း}}</ref> <ref>မြန်မာ့အလင်းသတင်းစာ ၁၉ ဧပြီလ ၁၉၄၄၊ စာ - ၃</ref> <ref>Burmese Economic Life, p. 158</ref> <ref>ပန်းကန်စက်ရုံအမှတ် (၂) သာယာဝတီစက်မှုလုပ်ငန်းသမိုင်း၊ စာ - ၈</ref>
 
ဦးသော်၏ထပ်မံငွေစိုက်ထုတ်ကြိုးစားမှုကြောင့် ၁၉၄၇-၄၈ ခုနှစ်တွင် ဦးသော်၏ ပန်းကန်လုပ်ငန်း တစ်ဖန်ပြန်လည်အောင်မြင်လာသည်။ သို့ရာတွင် ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ်ဒဏ်ကြောင့် ဦးသော်၏ ပန်းကန်စက်မှာ ထပ်မံ အဖျက်အဆီးခံရပြန်သည်။ လွတ်လပ်ရေးရပြီးကာစ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ပြည်တွင်းသောင်းကျန်းမှု တိုက်ပွဲများ မြန်မာပြည်အနှံ့ ဖြစ်ပွားလျက်ရှိရာ ရန်ကုန်မြို့မှအပ မြန်မာနိုင်ငံတစ်နိုင်ငံလုံးနီးပါး KNDO (The Karen National Defense Organization) များ လက်ဝယ်သို့ ကျရောက်နေသောအချိန်ဖြစ်သည်။
စာကြောင်း ၈၆ -
[[မြို့မ-မြင့်ကြွယ်]] ကိုယ်တိုင်စတင်ရေးသားပြုစုခဲ့သည်။ တိုင်းသူပြည်သားတို့၏ အားထားယုံကြည်ခြင်းကိုခံယူရရှိခြင်း၊ အမျိုးသားရေး စိတ်ဓာတ်ရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ သစ္စာသမာဓိနှင့်ပြည့်စုံခြင်း၊ အဂတိတရားလေးပါး မလိုက်စားခြင်း စသည့်ဂုဏ်ပုဒ်များ ထင်ရှားလေသည်။
 
ပန်းကန်စက်ဦးသော်သည် ပန်းကန်စက်တည်ထောင်ခြင်း၊ အမျိုးသားကျောင်းများဖွင့်လှစ်ခြင်း စသော ကိစ္စများသာမက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အမျိုးသားရေးကိစ္စများတွင်လည်း လျှို့ဝှက်ဆောင်ရွက်ပေးခဲ့ဖူးသည်။ ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် သခင်အောင်ဆန်းအား ကာကွယ်ရေးဥပဒေနှင့် ဖမ်းဆီးရန် ဟင်္သာတရာဇဝတ်ဝန် ဇေဗီးယား (Xavier) က ဖမ်းဝရမ်းထုတ်ခဲ့ရာ သခင်အောင်ဆန်းသည် ဗြိတိသျှအစိုးရ၏အဖမ်းမခံလိုပဲ ပုန်းလျှိုးဝှက်လျှိုးနေခဲ့ရသည်။ သခင်အောင်ဆန်းအား ပန်းကန်စက်ဦးသော်က သူ၏ရန်ကုန်မြို့ သမိုင်း (မရမ်းကုန်းမြို့နယ်) ပန်းကန်စက်ဝင်းနှင့်နေအိမ်တွင် လျှို့ဝှက်စွာနေထိုင်ခိုလုံခွင့်ပြုခဲ့သည်။ စားရေးသောက်ရေး နေထိုင်ရေးအတွက် အစအလယ်ဆုံး စီစဉ်ပေးခဲ့ရဖူးသည်။ ၁၉၄၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက် တရုတ်နိုင်ငံ Amoy မြို့ (ယခု Xiamen မြို့) Kulangsu Island သို့ ဟိုင်လီ (Hai Lee) သင်္ဘောဖြင့် ထွက်ခွာသည့်အချိန်အထိ ကူညီပေးခဲ့ခြင်းဖြစ်သည်။<ref>{{cite book| author=[[မြင့်ကြွယ်၊ မြို့မ|မြို့မ-မြင့်ကြွယ်]]|title=၂၀၀၃ စာပေဗိမာန်စာမူဆု စာပဒေသာပထမဆုရ မြို့မဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒါန်းအစ|publisher=[[ပြန်ကြားရေး ဝန်ကြီးဌာန]] [[စာပေဗိမာန်]]|location=ရန်ကုန်မြို့|date=၂၀၀၇ ခုနှစ်2007 }}</ref> ထိုစဉ်က [[ဗိုလ်ချုပ်အောင်ဆန်း|သခင်အောင်ဆန်း]]မှာ ကျောင်းသားခေါင်းဆောင်တစ်ဦးသာဖြစ်၍ ဗိုလ်ချုပ်ရာထူးမရသေးပါ။ မြန်မာ့တပ်မတော်၊ [[ရဲဘော်သုံးကျိပ်]]လည်း ဖွဲ့စည်းတည်ထောင်ခြင်း မရှိသေးသော အချိန်ကာလဖြစ်သည်။ တရုတ်ပြည် အမွိုင်မြို့တွင် သောင်တင်နေသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ကို ဂျပန်ပြည်သို့သွားရောက်နိုင်ရေးအတွက် ဗိုလ်မှူးကြီး ဆူဇူကီးနှင့် ဆက်သွယ်ပေးရာတွင်လည်းကောင်း၊ သခင်အောင်ဆန်းဦးဆောင်သော မြန်မာလူငယ်များ (နောင်အခါ ရဲဘော်သုံးကျိပ်ဝင်များ) ဂျပန်ပြည်သို့ သွားရောက်စစ်ပညာသင်ယူရေးကိစ္စတွင်လည်းကောင်း မြို့မဆရာကြီး [[သိန်းမောင် (သံအမတ်ကြီး)|ဒေါက်တာသိန်းမောင်]]လည်း အဓိကနေရာမှ ဆောင်ရွက်ပေးခဲ့ဖူးသည်။ (သခင်အောင်ဆန်း အတွက်သာမက တပ်မတော်တည်ထောင်ရေး[[ရဲဘော်သုံးကျိပ်]] ဖွဲ့စည်းရေးတွင်လည်း ပန်းကန်စက်ဦးသော်၊ ဆရာကြီးဒေါက်တာသိန်းမောင် စသော မြို့မဟောင်းများက အတတ်နိုင်ဆုံး ကူညီပေးခဲ့ဖူးသည်။)
 
==ဘွဲ့တံဆိပ်များ==