အလက်ဇန်ဒရို ဗို့လတာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed Category:တီထွင်ကြံဆသူများ using HotCat
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၃ -
| field = [[ရူပဗေဒ]] နှင့် [[ဓာတုဗေဒ]]
}}
အလက်ဇန်ဒရို ဗော်လ်တာ ([[အင်္ဂလိပ်]] : Alexandro Volta) ကို [[အီတလီနိုင်ငံ]] [[လောင်ဗာဒီဒေသ]]၊ [[ကိုမိုမြို့]]တွင် ၁၇၄၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ၏မူရင်းနာမည်အပြည့်အစုံမှာ အလွန်ရှည်လျားသည်။ နာမည်အပြည့်အစုံမှာ "အလက်ဇန်ဒရို ဂူဆက်ပီ အင်တိုနီယို အနာတာဆီယိုဗော်လ်တာ" (Alessando Giuseppe Antonio Anastasio Volta) ဖြစ်သည်။ ဗော်လ်တာသည်အလွန်ထူးဆန်းသော လူတစ်ယောက်ဖြစ်သည်။ ဗော်လ်တာသည် အသက် ၁၈ နှစ်အရွယ်အထိ စကားမပ​ြောတတ်ပေ။စကားမပြောတတ်ပေ။ ထို့ပြင် စိတ်ဓာတ်ရေးရာအရလည်း လွန်စွာပျော့ညံ့သည်။ မိတ်ဆွေများလည်းရှိခဲ့သည်။ ဗော်လ်တာသည် စိတ်ပိုင်းဆိုင်ရာခံစားမှု၊ မကျေနပ်မှုများရောထွေးခံစားခဲ့ရသည်။ ဗော်လ်တာသည် ခုနစ်နှစ်သားအရွယ်တွင် တခြားကလေးကြီးများ၏ ကျောင်းစာအရသော်လည်းကောင်း၊ ပညာဉာဏ်အရ တိုင်းတာစစ်ဆေးပြီး သူတို့ထက်သာလွန်ကြောင်း တွေ့ရသည်။
 
ဗော်လ်တာ၏မိဘများဖြစ်ကြသော ဖိလစ်ပိုင် ဗော်လ်တာနှင့် မာရီယာမဒါလီနာအင်ဇာဇီတို့သည် ဗော်လ်တာအား ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်စေလို၍ [[ခရစ်တော်၊ ယေရှု|ယေရှု]] ဘာသာရေးကျောင်းသို့ ပို့ခဲ့သည်။ ဗော်လ်တာသည် တခြားကလေးသူငယ်များကဲ့သို့ ဘုရားရှိခိုးကျောင်းအတွင်းသို့ ဝင်ရောက်လိုစိတ်မရှိခဲ့ပေ။ ၁၇၇၄ ခုနှစ်တွင် ဗော်လ်တာသည် [[ကိုမိုအထက်တန်းကျောင်း]]တွင် [[ရူပဗေဒ]] [[ပါမောက္ခ]]ဖြစ်လာသည်။ ဗော်လ်တာသည် လျှပ်စစ်ပညာလေ့လာမှုလုပ်ငန်းတွင် သူ၏ အချိန်များကို ရင်းနှီးမြုပ်နှံခဲ့သည်။ ဗော်လ်တာသည် သူ၏ ဘဝတွင်လက်တင်ဘာသာဖြင့် [[ကဗျာလင်္ကာ|ကဗျာ]]တစ်ပုဒ်ကို ရေးစပ်ခဲ့သည်။ ၎င်းကဗျာသည် [[လျှပ်စစ်ဓာတ်အား|လျှပ်စစ်ဓာတ်]]ကိုစွဲလမ်းခြင်းနှင့် အသစ်အဆန်းတွေ့ရှိမှုအကြောင်းကို ရေးစပ်ထားခြင်းဖြစ်သည်။ ဗော်လ်တာ၏ ပထမဦးဆုံးသိပ္ပံဆိုင်ရာစာတမ်းတွင် ဒီဗီအထရက်တီဗ အမည်ရှိလျှပ်စစ် သုတေသနမှ အသစ်တွေ့ရှိချက်များ ဟူသော စာတမ်းဖြစ်သည်။
 
၁၇၇၆-၁၇၇၇ ခုနှစ်တွင် ဗော်လ်တာသည် ဓာတ်ငွေ့များ၏ [[ဓာတုဗေဒ|ဓာတု]]ဖြစ်စဉ်ကို အသေးစိတ် စူးစမ်းလေ့လာခဲ့သည်။ ဗော်လ်တာသည် [[မီသိန်း|မီသိန်းဓာတ်ငွေ့]]ကို စတင်တွေ့ရှိဖော်ထုတ်ခဲ့သူလည်းဖြစ်သည်။ အလုံပိတ်အတွင်းပိုင်း၌ လျှပ်စစ်မီးပွင့်စေသဖြင့် ဓာတ်ငွေ့မီးစွဲလောင်ဖြစ်စဉ် သဘောတရားကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ ၁၇၇၉ ခုနှစ်တွင် သူသည် [[ပါဗီယာတက္ကသိုလ်]]၌ လက်တွေ့စမ်းသပ်မှုဆိုင်ရာရူပဗေဒပါမောက္ခ ဖြစ်လာသည်။<ref name=ArchiveBook>{{cite book|author=Munro, John|title=Pioneers of Electricity; Or, Short Lives of the Great Electricians|year=1902|publisher=The Religious Tract Society| location = London|pages=89–102|url=https://archive.org/details/pioneerselectri00munrgoog}}</ref> ဗော်လ်တာသည် ပါဗီယာတက္ကသိုလ်၌ နှစ်ပေါင်း ၄၀ နီးပါးကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၇၉၄ ခုနှစ်တွင် ဗော်လ်တာသည် ပါရီဂရီနီ၏သမီး ထရေဇာနှင့် လက်ထပ်ပြီး သားသုံးယောက်ထွန်းထားခဲ့သည်။ သူ့သားသုံးယောက်သည် ဖခင် တီထွင်စမ်းသပ် ထုတ်လုပ်ခဲ့သော ဗော်လ်တစ်ပိုင်းကို အဆုံးတိုင်ဆက်လက် သုတေသန ပြုလုပ်ခဲ့ကြသည်။ ၁၈၀၀ ပြည့်နှစ်တွင် [[ဂါလ်ဗာနီ]]၏ လျှပ်စစ်တုံ့ပြန်မှု သဘာဝတရားကို ဆန့်ကျင်ပြီး [[လူဂီဂါလ်ဘာနီ]]၏ အယူအဆကို ဗော်လ်တာက ထောက်ခံခဲ့သည်။ ဗော်လ်တစ်ပိုင်းဟု အမည်ခံသော ရှေ့ဦးလုပ်ငန်းများကို ဆက်လက်တိုးတက် အကောင်အထည်ဖော်ခဲ့သည်။ ဗော်လ်တစ်ပိုင်းဆိုသည်မှာ လျှပ်စစ်သိုလှောင်ရာဘက်ထရီ၏ ရှေ့ပြေးသဘောတရား လုပ်ငန်းလက်တွေ့တစ်ခုဖြစ်သည်။ [[ဘက်ထရီ]]သည်ပုံမှန်လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးသည့် ကိရိယာဖြစ်သည်။ ဗော်လ်တာ၏ပြုလုပ်ချက်မှာ မျိုးမတူသော [[သတ္တု]]ပြားတစုံ (နှစ်ပြား) ကို [[လျှပ်စစ်ဓာတ်အား|လျှပ်စစ်ဓာတ်]]စီးစေသည်။ ယင်းနှစ်ပြားမှာ [[သွပ်]]နှင့် [[ငွေ]]တို့ဖြစ်သည်။ လက်တွေ့စမ်းသပ်ပြသည့်အနေဖြင့် ဗော်လ်တာသည် ခွက်နှစ်ခုထဲတွင် ရေငန်များထည့်ထားပြီး နှုတ်သီးခေါင်းတစ်ခုစီ တပ်ထားသည်။ မျိုးမတူသော [[အီလက်ထရုတ်]]နှစ်ခုကို ရေငန်တွင်နှစ်ထားလိုက်သည်။ ဗော်လ်တာသည် ၁၈၁၉ ခုနှစ်တွင် အငြိမ်းစားယူလိုက်သည်။ အငြိမ်းစားယူစဉ် သူသည် [[စပိန်နိုင်ငံ]]မှာရှိနေသည်။ ဗော်လ်တာသည် ၁၈၂၇ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် အီတလီနိုင်ငံ ကိုမိုမြို့မှာပင် ကွယ်လွန်ခဲ့သည်။ ဗော်လ်တာ၏ ရုပ်ကလာပ်ကို ထိုမြို့မှာပင် မြှုပ်နှံခဲ့သည်။
 
==ငယ်စဉ်ဘဝ==
ဗိုလတာ ကို [[အီတလီ]]နိုင်ငံ၊ [[ကိုမိုမြို့]]တွင်မွေးဖွားခဲ့ပါသည်။ ၁၇၇၄ခုနှစ်တွင် ကိုမိုတော်ဝင်ကျောင်းတွင် ရူပဗေဒ ပါမောက္ခ ဖြစ်လာခဲ့သည်။ နောက်တစ်နှစ်ကြာ ၁၇၇၅တွင် [[လျှပ်ငြိမ်]]ထုတ်လုပ်သည့် ကိရိယာ [[အီလက်ထရိုဖိုးရပ်(စ်)]] ကိုရှိရင်းစွဲ များထက် စွမ်းဆောင်ရည်မြင့်မားသည့် ကိရိယာကိုပြုလုပ်နိုင်ခဲ့သည်။ ဗိုလတာ၏ ဘဝတွင် သူ၏တီထွင်ခဲ့သော ကိရိယာများနှင့် ပတ်သက်ပြီး ရာထူးအကြိမ်ကြိမ်တက်ခြင်း၊ ချီးမွမ်းထောမနာပြုခြင်း အမျိုးမျိုးတို့ဖြင့် ကျင်လည်ခဲ့ရသည်။ ၁၇၆၂နှစ်တွင် ဗိုလတာကြံဆခဲ့သည့် အီလက်ထရိုဖိုးရပ်(စ်) ကိရိယာ ကဲ့သို့ပင် အလုပ်လုပ်နိုင်သည့် ကိရိယာတစ်မျိုးကို [[ဆွီဒင်]]လူမျိုး ပါမောက္ခ [[ဂျိုဟန်းဝီလ်ကီ]] ကဖော်ပြခဲ့ဖူးသော်လည်း လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပေ။