မောင်မြင့်ကြွယ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
"၁၉၃၄ ခုနှစ် ဧပြ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
၁၉၃၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က သာယာဝတီခရိုင်၊
၁၉၅၂ ခုနှစ်တွင် ရန်ကုန်ဗဟိုအစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲကို ပထမအဆင့်မှ အောင်မြင်ခဲ့ပြီး၊ တက္ကသိုလ်ပညာရည်ချွန်ဆုကို ရရှိခဲ့သည်။ ထို့နောက်
၁၉၅၇ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ် ရန်ကင်းကောလိပ်၊ ရူပဗေဒဌာနတွင် သရုပ်ပြဆရာ၊ ထို့နောက် မြန်မာနိုင်ငံဝန်ထမ်း (အကြီးတန်း) အဖြစ်
၁၉၆၉ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့ရုံးတွင် လက်ထောက်မှတ်ပုံတင်အရာရှိ၊ ပြန်ကြားရေးဝန်ကြီးရုံးတွင် အတွင်းဝန်ကလေးနှင့် ရုံးအဖွဲ့မှူး၊ သတင်းနှင့် စာနယ်စာနယ်ဇင်းလုပ်ငန်းရှိ ဂါဒီယန်းသတင်းစာ၊ လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်) သတင်းစာ၊ မြန်မာ့အလင်းသတင်းစာနှင့် မြဝတီပုံနှိပ်တိုက်တို့တွင် အထွေထွေစီမံခန့်ခွဲရေးမှူးရာထူးဖြင့် နှစ်ပေါင်း (၂၀) ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၉ ခုနှစ်မှ ၁၉၉၇ အထိ ကာကွယ်ရေးဝန်ကြီးဌာန မြဝတီစာပေတိုက်တွင် အထွေထွေစီမံခန့်ခွဲရေးမှူးရာထူးမှ အယ်ဒီတာချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနတွင် အကြံပေးအရာရှိအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
၁၉၅၄ ခုနှစ် အသက် (၂၀) အရွယ်မှစ၍ ဆောင်းပါးနှင့် ဝတ္ထုတိုများကို ရေးသားပြီး စာပေနယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ယနေ့အထိ ဘာသာပြန် လုံးချင်းဝတ္ထု ၃၇ အုပ်၊ ပင်ကိုယ်ရေးဝတ္ထုတိုပေါင်းချုပ် တစ်အုပ်၊ ခေါင်းဆောင်မှုဆိုင်ရာ ဘာသာပြန်တက်ကျမ်းစာအုပ်များအပါအဝင် သုတစာအုပ် ကိုးအုပ်၊ ဟာသပေါင်းချုပ်တစ်အုပ်၊ စုစုပေါင်း ၄၈ အုပ်၊ ဆောင်းပါးနှင့် ဝတ္ထုတိုပေါင်း ပုဒ်ရေ ၁၀၀၀ ကျော်တို့ကို ရေးသားထုတ်ဝေပြီး ဖြစ်သည်။
၂၀၀၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်၊ လွတ်လပ်ရေးနေ့တွင် ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ကို ချီးမြှင့်ခြင်း ခံရသည်။ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် “အကြွင်းမဲ့ခေါင်းဆောင်မှုသဘောတရား” စာအုပ်အတွက် သုတစွယ်စုံစာပေဆု (ဘာသာပြန်) ကို ချီးမြှင့်ခြင်းခံရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ပခုက္ကူဦးအုံးဖေ တည်ထောင်သော “ပခုက္ကူစာပေတစ်သက်တာဆု” ကို ချီးမြှင့်ခြင်းခံရသည်။ ဆရာ၏ ထင်ရှားသော ကလောင်ခွဲတစ်ခုမှာ “မောင်ညစ်ကျယ်” ဖြစ်သည်။ <br>
မြန်မာပြည်မှ နေ့ရက်များ (မောင်မြင့်ကြွယ်) Burmese Days by George Orwell
လောကသစ်စာပေ။ ၂၀၁၂ ခု၊ ဇွန်လ
|