မောင်မြင့်ကြွယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၅ -
၁၉၈၉ ခုနှစ်မှ ၁၉၉၇ အထိ [[ကာကွယ်ရေး ဝန်ကြီးဌာန|ကာကွယ်ရေးဝန်ကြီးဌာန]] မြဝတီစာပေတိုက်တွင် အထွေထွေစီမံခန့်ခွဲရေးမှူးရာထူးမှ အယ်ဒီတာချုပ်အထိ တာဝန်ထမ်း‌ဆောင်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနတွင် အကြံပေးအရာရှိအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
၁၉၅၄ ခုနှစ် အသက် (၂၀) အရွယ်မှစ၍ ဆောင်းပါးနှင့် ဝတ္ထုတိုများကို ရေးသားပြီး စာပေနယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ယနေ့အထိ ဘာသာပြန် လုံးချင်းဝတ္ထု ၃၇ အုပ်၊ ပင်ကိုယ်ရေးဝတ္ထုတိုပေါင်းချုပ် တစ်အုပ်၊ ခေါင်းဆောင်မှုဆိုင်ရာ ဘာသာပြန်တက်ကျမ်းစာအုပ်များအပါအဝင် သုတစာအုပ် ကိုးအုပ်၊ ဟာသပေါင်းချုပ်တစ်အုပ်၊ စုစုပေါင်း ၄၈ အုပ်၊ ဆောင်းပါးနှင့် ဝတ္ထုတိုပေါင်း ပုဒ်ရေ ၁၀၀၀ ကျော်တို့ကို ရေးသားထုတ်ဝေပြီး ဖြစ်သည်။
၂၀၀၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်၊ လွတ်လပ်ရေးနေ့တွင် ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ကို ချီးမြှင့်ခြင်း ခံရသည်။ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် “အကြွင်းမဲ့ခေါင်းဆောင်မှုသဘောတရား” စာအုပ်အတွက် သုတစွယ်စုံစာပေဆု (ဘာသာပြန်) ကို ချီးမြှင့်ခြင်းခံရသည်။ ၂၀၁၀ ပြည့်နှစ်တွင် [[ပခုက္ကူ ဦးအုံးဖေ|ပခုက္ကူဦးအုံးဖေ]] တည်ထောင်သော “ပခုက္ကူစာပေတစ်သက်တာဆု” ကို ချီးမြှင့်ခြင်းခံရသည်။ ဆရာ၏ ထင်ရှားသော ကလောင်ခွဲတစ်ခုမှာ “မောင်ညစ်ကျယ်” ဖြစ်သည်။ <br>
 
မြန်မာပြည်မှ နေ့ရက်များ (မောင်မြင့်ကြွယ်) Burmese Days by George Orwell