ရှေးဟောင်းသုတေသနပြတိုက် (ပုဂံ): တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 2 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၄၃ -
၁၉၀၁ ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ်သည် [[ပုဂံ]]ဒေသသို့ ရောက်ရှိခဲ့ရာ ပုဂံဒေသည် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ တစ်စုတစ်ဝေးတည်း တည်ရှိရာဒေသဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ ပုဂံဒေသ၏ ရှေးဟောင်း အနုပညာ လက်ရာများ ရှေးဟောင်းသာသနိကဆိုင်ရာ အဆောက်အအုံများ မပျက်စီးစေရန်၊ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် [[ရန်ကုန်တက္ကသိုလ်]]မှ ပါဠိပါမောက္ခ မစ္စတာအီးဖိုးချားမားအား တာဝန်ပေးအပ်ခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် ကမ္ပည်းကျောက်စာ ဌာန (ယခုရှေးဟောင်းသုတေသနဦးစီးဌာန) ကျောက်စာဝန် မစ္စတာတော်စိန်ခိုသည် ပုဂံတစ်ဝိုက်မှရရှိသော ရှေးဟောင်း ကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကို စုဆောင်းခဲ့သည်။ ၎င်းတို့ကို ပြသရန် ၁၉၀၄ ခုနှစ်တွင် [[အာနန္ဒာဘုရား]]၏ မြောက်ဘက်တွင် ပြတိုက်ငယ်တစ်ခုကို တည်ဆောက်ခဲ့ပြီး ရှေးဟောင်းကျောက်စာများကို ပြသခဲ့သည်။ ထိုစဉ်က အုပ်ချုပ်မှုကို [[ပခုက္ကူခရိုင်]] [[ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း]]မှ တာဝန်ယူခဲ့သည်။ နောက်ပိုင်းတွင် ဦးဗိုကေ အား ကျောက်စာဝန်အဖြစ် ပုဂံဌာနခွဲတွင် ခန့်ထားခဲ့ပြီး ပုဂံမြို့တွင် ရုံးဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ပုဂံမြို့ [[ကန်တော့ပလ္လင်ဘုရား|ကန်တော့ပလ္လင်]]တောင်ဘက် (၈.၁၆)ဧကရှိ မြေနေရာ၌ ရှစ်မြှောင့်ပုံ ပြတိုက်ငယ်တစ်ခုကို တည်ဆောက်ခဲ့ပြီး ၎င်း၏ဘေးတွင် ပုဂံရှေးဟောင်းသုတေသနဌာနခွဲရုံးကို ဆောက်လုပ်ခဲ့သည်။
 
၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပုဂံဒေသသို့ လာရောက်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး [[သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)|သန်းရွှေ]] ခရီးစဉ်မှ ပုဂံတွင် ပြတိုက်ကြီးတစ်ခု တည်ဆောက်ရန် လမ်းညွှန်ခဲ့ရာ ယခုလက်ရှိ ရှေးဟောင်း သုတေသန ပြတိုက်ကြီးကို ၁၉၉၅ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပန္နက်တင်ခဲ့ပြီး မတ်လ ၇ ရက်နေ့တွင် အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဧပြီ ၁၇ ရက်နေ့တွင် ပြတိုက်ကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါအဆောက်အဦ ​ဆောက်လုပ်ချိန်တွင် ယခင်ကရှိခဲ့သည့် ရှစ်မြှောင့်ပုံပြတိုက်ကို ဆက်လက်ထားရှိပြီး ဘေးရှိ ရှေးဟောင်း သုတေသနဌာနခွဲရုံးကို ဖျက်သိမ်းခဲ့သည်။<ref>{{cite web|url=http://www.culture.gov.mm/DANML_mm/Mission_mm/default.asp?id=221| title=ပုဂံရှေးဟောင်းသုတေသနပြတိုက်|publisher=ယဉ်ကျေးမှု ဝန်ကြီးဌာန|accessdate=၂၂ ဇန်နဝါရီ ၂၀၁၆}}{{Dead link|date=January 2021 }}</ref>
 
==ပြသထားရှိသည့်ပြခန်းများ==
စာကြောင်း ၅၃ -
#ပုဂံခေတ်စာပေပြခန်း
#ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း
#ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်း တို့ ဖြစ်သည်။<ref name=Bagan>{{cite web|url=http://www.culture.gov.mm/DANML_mm/Mission_mm/default.asp?id=222|title= အမျိုးသားပြတိုက်များနှင့်ရှေးဟောင်းသုတေသနပြတိုက် (ပုဂံ) |publisher=ယဉ်ကျေးမှု ဝန်ကြီးဌာန|accessdate=၂၂ ဇန်နဝါရီ ၂၀၁၆}}{{Dead link|date=January 2021 }}</ref>
[[File:Bagan Archaeological Museum (42718949014).jpg|thumb|အတွင်းပိုင်း]]
ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ ဖူးမျှော်ခြင်း၊ လေ့လာခြင်းအပြင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့လည်း ဝင်ရောက်လေ့လာသင့်သည်။ <ref>ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ</ref>