ဂီဇာမဟာပိရမစ်ကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁ -
[[File:Kheops-Pyramid.jpg|thumb|300px|ဂိုင်ဇာမဟာပိရမစ်ကြီး ဘီစီ ၂၅၆၀၊ ဂိုင်ဇာဂူသင်္ချိုင်း ပိရိမစ်များထဲမှ ရှေးအကျဆုံးနှင့် အကြီးဆုံး ပိရမစ်]]
{{Commonscat|Great Pyramid of Giza|ဂိုင်ဇာမဟာပိရမစ်ကြီဂိုင်ဇာမဟာပိရမစ်ကြီး}}
'''ဂီဇာမဟာပိရမစ်ကြီး''' (Great Pyramid of Giza) ကို ခူဖူးပိရမစ် (Khufu's Pyramid or the Pyramid of Khufu) သို့ ချီရော့ပ်ပိရမစ် (Pyramid of Cheops) ဟုလည်းခေါ်ဆိုကြပြီး [[ဂီဇာဂူသင်္ချိုင်း]] (Giza Necropolis) ပိရမစ်များထဲမှ ရှေးအကျဆုံးနှင့် အကြီးဆုံး [[ပိရမစ်]] ဖြစ်သည်။ [[အီဂျစ်နိုင်ငံ]] [[ကိုင်ရိုမြို့]]အစပ်တွင်တည်ရှိပြီး [[ကမ္ဘာ့အံ့ဖွယ်များ#ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး|ရှေးခေတ်ကမ္ဘာ့အံဖွယ်ခုနစ်ပါး]]ထဲမှ တစ်ခုတည်း ကြွင်းကျန်ရစ်သော အဆောက်အဦးဖြစ်သည်။ စတုတ္ထမြောက် အီဂျစ်မင်းဆက် ၏ ဖာရိုဘုရင် ခူဖူး(ဂရိဘာသာဖြင့် ချီရော့ပ်) ၏ ဂူသင်္ချိုင်းအဖြစ်ဆောက်လုပ်ခဲ့သည် ဟု ယုံကြည်ယူဆပြီး အနှစ် ၂၀ ကျော်ကြာဆောက်လုပ်ခဲ့ကာ ဘီစီ ၂၅၆၀ ခန့်တွင် ပြီးစီးခဲ့သည်။ မဟာပိရမစ်ကြီးမှာ လူတို့တည်ဆောက်သော အဆောက်အဦးများထဲတွင် အမြင့်ဆုံးအဆောက်အဦးအဖြစ် နှစ်ပေါင်း ၃၈၀၀ ကျော်မျှရပ်တည်ခဲ့သည်။ ယခုထက်တိုင် မြင်နိုင်သော ကြွင်းကျန်ရစ်သော အရာမှာ အထပ်ဆင့်ပိရမစ် (step-pyramid) ၏ အောက်ခံ အတွင်းပိုင်း ပုံပန်းသဏ္ဌန်သာဖြစ်သည်။ အပေါ်မှကာရံထားသော အကာအရံကျောက်တုံးများကို မဟာပိရမစ်ကြီး ၏အောက်ခြေတွင် ယနေ့ထက်တိုင်မြင်နိုင်သေးသည်။ ပိရမစ် မည်သို့တည်ဆောက်ခဲ့သည်ဟူသော အချက်နှင့် ပတ်သက်၍ ကွဲပြားခြားနားသော သိပ္ပံနည်းကျ သီအိုရီနှင့် အခြားသီအိုရီမြောက်များစွာရှိသည်။ အများစုလက်ခံထားကြသော တည်ဆောက်မှုနှင့်ပတ်သက်သည့် သီအိုရီမှာ ကြီးမားသော ကျောက်တုံးများကို ကျောက်ထုတ်ရာဒေသမှ ဆွဲယူလာပြီး နေရာတကျမတင် တည်ဆောက်ခဲ့သည် ဟူ၍ ဖြစ်သည်။