ခရက်ဒစ် ကဒ်: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂ -
<ref>173589</ref>Credit card ဆိုတာ အကြွေးယူနည်း တစ်မျိုးပါ။ Credit card ကိုသုံးပြီး ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ငွေလက်ငင်း မပေးပဲ credit စာရင်းထဲမှာ မှတ်ခိုင်းထားပြီး ဝယ်ယူသုံးစွဲလို့ ရပါတယ်။ ကော်ဖီဆိုင်မှာ စားသောက်ပြီး ကျသင့်ငွေကို credit card နဲ့ ရှင်းတယ်ဆိုရင် ကိုယ့်ဆီက ပိုက်ဆံ လောလောဆယ်မှာ မပေးရပဲ အကြွေးစာရင်းထဲ မှတ်ထားပြီး လကုန်မှ ကျသင့်ငွေ စုစုပေါင်းကို ပြန်ရှင်းတဲ့ သဘောပါ။ ရီတော့ ရီရသား။ မြန်မာနိုင်ငံမှာ လက်ဖက်ရည်ဖိုး မရှိလို့ မှတ်ထားလိုက်ကွာ လကုန်မှ ပေါင်းရှင်းမယ် ဆိုရင် ဆိုင်ရှင်ကော ပတ်ဝန်းကျင်ကပါ သိပ်မကြည်ပါဘူး။ နိုင်ငံတကာမှာတော့ ဒီလို credit နဲ့ရှင်းတဲ့ ပုံစံက modern lifestyle တစ်ခုလို ဖြစ်နေပါပြီ။ ပစ္စည်း တစ်ခုခုဝယ်ဖို့ ငွေလက်ငင်းပေးစရာ မလိုပဲ လကုန်မှပေး အခုတော့ ချက်ချင်း ယူသွားလို့ ရတယ် ဆိုတော့ ဘယ်လောက် ကောင်းလဲဗျာ။ ပျော်တာပေါ့။ ဒီတော့ credit card တွေရအောင် လျှောက်ကြမယ်။
 
ဘယ်လို လျှောက်ရမလဲ။ လွယ်ပါတယ်။ ဘဏ်ကိုသွား လျှောက်ချင်တဲ့ card လျှောက်၊ ဘဏ်က လက်ခံတယ်ဆိုရင် အများဆုံး အကြွေးနဲ့ ဘယ်လောက် သုံးလို့ရတယ် ဆိုတဲ့ credit limit ပမာဏ တစ်ခုနဲ့ credit card ကိုင်လို့ရပြီ။ ဒီလို အဆင်ပြေတဲ့ payment facility တွေ သုံးလို့ ရပြီပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်နဲ့ credit card လက်ခံတဲ့ ဆိုင်နဲ့ ကွားခြားချက်ကွာခြားချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ credit card နဲ့ ရှင်းလိုက်တယ် ဆိုရင် ဒီရှင်းတဲ့ပမာဏကို ဘဏ်က ကိုယ့်ရဲ့ credit limit ထဲကဖြတ်ပြီး ခဏ စိုက်ထုတ် ပေးထားတာပါ။ ဒီအကြွေး ပြန်မရရင်ဆိုတဲ့ risk ကို ဘဏ်က ခံပေးထားတဲ့ သဘောပေါ့။
 
မြန်မာ လက်ဖက်ရည် ဆိုင်ကတော့ ဒီအကြွေး မရရင်ဆိုတဲ့ risk ကို ဆိုင်ရှင် ကိုယ်တိုင်က ခံထားရတာ ဆိုတော့လဲ ဘယ်ကြည်နိုင် မလဲဗျာ။ ဘဏ်အနေနဲ့ ကလည်း ဒီကောင် အကြွေးမဆပ်နိုင်ရင် ဆိုတဲ့ risk ကို ယူရမှာ ဆိုတော့ လွယ်လွယ်နဲ့တော့ credit card တွေ ဘယ်ထုတ် ပေးမလဲ။ လစာ ဘယ်လောက်ရတယ်၊ လက်ရှိ နေနေတဲ့ အိမ်က ငှားထားတာလား၊ အိမ်ပိုင်လား၊ ဒီလစာကို မှီခိုနေတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ အဲလိုမျိုး အချက်ပေါင်း များစွာကို စဉ်းစားပြီးမှ မရှုံးလောက်ဘူး ထင်တဲ့ လူကိုပဲ ထုတ်ပေးမှာ။ ဒီတော့လဲ ဒီလို အစစ်အဆေး မရှိတဲ့ မြန်မာ လက်ဖက်ရည်ဆိုင်က အကြွေးနဲ့ သောက်ရတာမှ ပိုလွယ်ဦးမယ် ထင်ပါ့။