ကိုကိုကြီး (နိုင်ငံရေးသမား): တည်းဖြတ်မှု မူကွဲများ

chairman of people's party
အရေးမကြီးNo edit summary
စာကြောင်း ၄၃ -
၁၉၉၄၊ ဇွန်လ ၁၁ ရက်နေ့တွင် သရက်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရပြီး ၁၉၉၉၊ အောက်တိုဘာ ၂ဝ ရက်နေ့တွင် လွတ်မြောက်ကြောင်း အသိပေးခံခဲ့ရသည်။ ယင်းနေ့မှ စ၍ တဆက်တည်း ပုဒ်မ ၁၀(က) ဖြင့် ဆက်လက် ချုပ်နှောင်ခြင်းခံရသည်။ ၂၀၀၅၊ မတ်လတွင် အကျဉ်းထောင်မှ လွတ်မြောက်သည်။ ထောင်ထဲတွင် စုစုပေါင်း ၁၃ နှစ် ကျခံခဲ့ရသည်။ ၂၀၀၅၊ စက်တင်ဘာတွင် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြသော ၈၈ အရေးတော်ပုံက ကျောင်းသားလူငယ်များ၊ အမျိုးသမီးများကို စုစည်းပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ကျောင်းသားခေါင်းဆောင် [[မင်းကိုနိုင်]]တို့နှင့်အတူ စုစည်း ထူထောင်ခဲ့သည်။
 
၂၀၀၆ တွင် အဖွဲ့ချုပ်၊ သက်ကြီး နိုင်ငံရေးသမားကြီးများ၊ စာပေ အနုပညာရှင်ကြီးများ၊ ကို[[ဇာဂနာ]]နှင့် မိတ်ဆွေများ၊ မျိုးဆက်သစ်လူငယ် ကျောင်းသားများနှင့် လက်တွဲပြီး လက်ရှိ နိုင်ငံရေး အခြေအနေများကို လေ့လာ ဆွေးနွေးခဲ့သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းများကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်။ ၂၀၀၆၊ စက်တင်ဘာမှ ၂၀၀၇ နှစ်ဆန်းအထိ ကိုကိုကြီး၊ မင်းကိုနိုင်၊[[မင်းကိုနိုင်]]၊ ဌေးကြွယ်၊ ပြုံးချိုနှင့် မင်းဇေယျာတို့ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
 
၂၀၀၆၊ အောက်တိုဘာမှ အစပြုပြီး ကျန် ၈၈ မျိုးဆက်တို့က အဖြူရောင်လှုပ်ရှားမှုအမည်ဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုခဲ့သည်။ ဒေါ်အမာ၊ ဇာဂနာ စသည့် အတိုက်အခံ စာပေပညာရှင်များ အပါအဝင် လူထုလူတန်းစားပေါင်းစုံ ပါဝင် လက်မှတ်ထိုးခဲ့ကြသည်။