အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 2 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၁၅၈ -
 
==== ဒီပဲယင်း လုပ်ကြံမှု ====
၂၀၀၁ ခုနှစ်တွင် စစ်အစိုးရမှ ပါတီရုံးခွဲများ ကို ဖွင့်ခွင့် ပြန်ပေးခဲပြီး၊ပြန်ပေးခဲ့ပြီး၊ ဖမ်းဆီးထားသည့် အဖွဲ့ဝင် တချို့ကို ပြန်လွှတ်ပေးခဲ့သည်။<ref>[http://www.aappb.org/report7_confidence_building_pp.pdf Burma's Confidence Building and Political Prisoners], Assistance Association for Political Prisoners</ref> ၂၀၀၂ မေလတွင်၊ ပါတီ၏ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြန်သည်။ လွတ်မြောက်လာပြီးနောက် ပြည်သူ့ထောက်ခံမှုများ ဆက်လက်ရရှိစေရန်၊ သူမနှင့် ပါတီဝင်များ နိုင်ငံတဝှမ်း စည်းရုံးရေးဆင်းခဲ့သည်။ သို့သော် ၂၀၀၃ မေလ၊ ဒီပဲယင်း မြို့အနီးတွင် ပါတီဝင် အဖွဲ့တချို့ကို ရိုက်နှက်ခြင်း၊ ပစ်သတ် ခံခဲ့ရခြင်းများ ရှိခဲ့ခြင်းသည် စစ်အစိုးရ ကျောထောက်နောက်ခံ စီစဉ်ပေးနေမှုများကြောင့် ဖြစ်ပြီး၊ ၎င်းကို '''ဒီပဲယင်း လုပ်ကြံမှုကြီး''' ဟု အများသိကြပြီး ပါတီအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ထောက် ပါတီ အတွင်းရေးမှူး ဦးတင်ဦး တို့ ထပ်မံ ဖမ်းဆီးခြင်း ခံရပြန်သည်။<ref>{{cite web | url=http://www.aseanmp.org/resources/Depayin%20Massacre.pdf | title=The Depayin Massacre: Two years on, Justice denied | publisher=Asean Inter-parliamentary Myanmar caucus | date=30 MAY 2005 | accessdate=20 November 2011 | archivedate=14 June 2007 | archiveurl=https://web.archive.org/web/20070614185341/http://www.aseanmp.org/resources/Depayin%20Massacre.pdf }}</ref>
 
၂၀၀၄ ခုနှစ်တွင် စစ်အစိုးရမှ ပါတီလှုပ်ရှားမှုများကို ခွင့်မပြုပေ။ ၂၀၀၆ ခုနှစ်တွင် တပ်မတော် နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းတို့၏ ဖိအားပေးမှုများကြောင့်၊ ပါတီဝင်များ အဖွဲ့ချုပ်ဝင်အဖြစ်မှ နုတ်ထွက်ကြသည်။