အဒိန္နာဒါန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့: အလွတ်ဖြစ်နေသော ကိုးကားချက်များကို မထပ်နေစေရန် ကိုးကားအမည်များ ထည့်ခြင်း။ FAQ ကိုကြည့်ပါ။
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၃ -
 
(၁၇) ခိုးသည်နှင့်တစ်ပြိုင်နက် ပါရာဇိက ကျခြင်း
ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို ခိုးမယ် ဆိုရင် မူလနေရာကနေ ရွေ့လျားတာနဲ့ ပါရာဇိက ကျပါတယ်။ မရွှေ့ပြောင်းနိုင်တဲ့ ဥယျာဉ်၊ ခြံ၊ လယ်ယာ၊ အိမ်မြေတွေမှာ ခြံစည်းရိုးတိုင်ကို သူတစ်ပါးပိုင် မြေပေါ် ရွှေ့စိုက်လိုက်ရင် မြေကြီးကို တိုင်ထိတာနဲ့ ပါရာဇိက ကျပါတယ်။ မြေတိုင်းအရာရှိကို လာဘ်ထိုးပြီး ပိုပိုသာသာ တိုးချဲ့ တိုင်းခိုင်းရင်လည်း နယ်သတ်ငုတ်တိုင် ရိုက်လိုက်တာနဲ့ ပါရာဇိက ကျပါတယ်။ လယ်ကန်သင်းရိုးက ကိုယ့်လယ်ရဲ့ နယ်နိမိတ် အဆုံးဖြစ်တာမို့ ကိုယ့်လယ် ကျယ်လာအောင် လယ်ကန်သင်းရိုးကို နည်းနည်းဆီနည်းနည်းစီ ဖြိုချမယ် ဆိုရင်လည်း အဒိန္နာဒါနကံ မြောက်တာပါပဲ။ ကိုယ့်ခြံဝင်း ပိုကျယ်သွားအောင် လမ်းမြေ၊ စည်ပင်မြေ၊ နိုင်ငံပိုင်မြေဘက်ကို ကျူးကျော် တိုးချဲ့ရင်လည်း သက်ဆိုင်ရာ အရာရှိ သိသည်ဖြစ်စေ မသိဘဲဖြစ်စေ ခိုးခြင်း မြောက်ပါတယ်။<ref name="stl25-2"> https://www.facebook.com/groups/1832571500357121/permalink/2047294425551493/</ref>
 
(၁၈) တိုင်ပင်ညှိနှိုင်း၍ ခိုးခြင်း
စာကြောင်း ၅၅ -
 
(၂၁) မသိအောင် ခိုးခြင်း
ဒါကတော့ ထွေထွေထူးထူး သိပ်ရှင်းပြစရာ လိုမယ် မထင်ပါဘူး။ ပိုင်ရှင်မသိအောင် ဖောက်ထွင်း ခိုးယူမယ်၊ အလစ်သုတ်မယ်၊ ခါးပိုက်နှိုက်မယ်။ ဒါတွေအပြင် ငွေအတု လုပ်မယ်၊ ပစ္စည်းအတု လုပ်ရောင်မယ်၊လုပ်ရောင်းမယ်၊ အခွန်မဆောင်ရအောင် (သို့) လျှော့ဆောင်ရအောင် စာရင်းလိမ်ပြမယ်၊ အလေးခိုးမယ်၊ ချိန်ခွင်လိမ်မယ်၊ တင်းတောင်းလိမ်မယ် ခြင်ခွက်လိမ်မယ် စတာတွေကလည်း ပိုင်ရှင်မသိအောင် ခိုးခြင်းထဲ ပါဝင်ပါတယ်။
 
အလေးခိုးတယ် ဆိုတာက အလေး အမျိုးမျိုး ပြုလုပ်ထားပြီး ပစ္စည်းဝယ်ရင် ပေါ့တဲ့အလေးနဲ့ ဝယ်မယ်။ ရောင်းရင် လေးတဲ့အလေးနဲ့ ရောင်းမယ်။ ဒါက အလေးခိုးတာပါ။ ချိန်ခွင်လိမ်တယ် ဆိုတာကျတော့ ချိန်ခွင် နှစ်ဘက်မှာ တစ်ဘက်က နောက်တစ်ဘက်ထက် ပိုပြီး လေးနေအောင် စီမံထားတာမျိုးပါ။ နောက်တစ်မျိုးက ချိန်ခွင်လျှာကို လိုသလို ကစားပြီး ရောင်းဝယ်တာမျိုးကလည်း ချိန်ခွင်လိမ်တယ်လို့ ခေါ်ပါတယ်။ တင်းတောင်းလိမ်တယ် ဆိုတာကတော့ ကောက်ပဲသီးနှံတွေကို တောင်းအမျိုးမျိုး ထားပြီး ချိန်တာမျိုးပါ။ နောက်ပြီး အဝင်နည်းအောင် မြန်မြန် လောင်းထည့်တာမျိုး၊ ပိုပြီးဝင်အောင် ဖြည်းဖြည်းချင်း သိပ်ထည့်တာမျိုးကို တင်းတောင်းလိမ်တယ်လို့ ခေါ်ပါတယ်။ ခြင်ခွက်လိမ်တယ် ဆိုတာကတော့ စားဆီ၊ ဓာတ်ဆီ တွေကို ရောင်းတဲ့အခါမှာ ခွက်ငယ်နဲ့ ပေးပြီး ပြန်ဝယ်တဲ့အခါမျိုးမှာ ခွက်ကြီးနဲ့ ခြင်တာမျိုးပါ။ တချို့ကျတော့ အပြင်ပန်းကကြည့်ရင် ခွက်က တစ်ရွယ်တည်းပဲ ဆိုပေမယ့် ရောင်းမယ့်ခွက်ရဲ့ ဖင်ကို ထူအောင် လုပ်ထားမျိုး ရှိတတ်ပါတယ်။ နောက်ပြီး မြန်မြန်လောင်းထည့်ရင် အမြှုပ်ထတာတောင် အဝင်နည်းပြီး ပြည့်လွယ်ပါတယ်။ ကိုယ်က ပြန်ဝယ်ရတော့မယ် ဆိုရင်တော့ ဖြည်းဖြည်းချင်း ထည့်တာလည်း ခိုးခြင်းတစ်မျိုးပါပဲ။ ဒီခေတ်ဆီပန့်တွေမှာ စက်တွေနဲ့ ရောင်းချနေကြပြီး စက်ကိုထွက်တဲ့ ဆီ တစ်လီတာ မပြည့်အောင် နည်းအမျိုးမျိုးနဲ့ ကြံစည်ထားတာကလည်းပဲ ခြင်ခွက်လိမ်နည်းထဲ ပါပါလိမ့်မယ်။