ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့ - မြန်မာ အသင်းအဖွဲ့များ ကို မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်းများ ဖြင့် အစားထိုးနေသည်
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၂၅ -
'''ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း''' ({{lang-en| Union Solidarity and Development Association}}) သည် [[နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ]]မှ ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထူထောင်ခဲ့သည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ဗဟိုဌာနချုပ်မှာ [[နေပြည်တော်]]တွင် တည်ရှိခဲ့ပြီး ဗဟိုအသင်း ၁ သင်း၊ ပြည်နယ်နှင့်တိုင်း အသင်းများ ၁၇ သင်း၊ ခရိုင်အသင်းများ ၆၆ သင်း၊ မြို့နယ်အသင်းများ ၃၂၀ သင်းပါဝင်ကာ ၂၀၀၇ ခုနှစ် ဧပြီလတွင် ကောက်ယူထားသည့် စာရင်းအရ အသင်းဝင် ၂၄ သန်းခန့်ရှိခဲ့သည်။
 
၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် [[ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ|ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ]]အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် [[ဌေးဦး]]ဖြစ်သည်။<ref name="idcpc">{{cite web |url=http://www.idcpc.org.cn/icapp3/more/delegates.htm |title=3rd International Conference of Asian Political Parties |publisher=idcpc.org.cn |accessdate=16 May 2015 |archivedate=4 March 2016 |archiveurl=https://web.archive.org/web/20160304030553/http://www.idcpc.org.cn/icapp3/more/delegates.htm }}</ref>
== အသင်း၏ တံဆိပ် ==
အစိမ်းခံစတုဂံ (အလျား ၂လက်မ၊ အနံ ၃လက်မ) တွင် အနီခံဒိုင်းပါရှိပြီး ဒိုင်း၏ ဘေးပတ်လည်၌ ရွှေဝါရောင် သပြေရွက်များ ပါရှိသည်။ ဒိုင်းအတွင်း၌ ခြင်္သေ့ထိုင်နေပုံကို မြန်မာ့ရိုးရာကောက်ကြောင်းဖြင့် ရေးထိုးထားသည်။ ဒိုင်းပုံ၏ ထိပ်တည့်တည့်တွင် အဖြူရောင် ကြယ်တစ်လုံးပါရှိသည်။ ဒိုင်းပုံ၏အောက်ဘက် အနီရောင်ထဲတွင် အသင်း၏ ဆောင်ပုဒ်ဖြစ်သော (စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး) ကို အဖြူရောင်ဖြင့် ရေးသားထားသည်။