အသင်္ခယာ စောယွန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁၄ -
| regent =
| spouse = [[စောနှောင်း]]
| issue = [[စိုးမင်း ကိုယ်တော်ကြီး]] <br> [[ကျစွာ (စစ်ကိုင်း)|ကျစွာ]] <br/> [[နော်ရထာ မင်းရဲ]] <br> [[တရဖျားငယ်]]
| issue-link =
| full name =
စာကြောင်း ၃၂ -
 
 
[[ပင်းယမြို့]]တည် [[တစ်စီးရှင် သီဟသူ]]မင်း နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ လင်းယဉ်ရွာသူ ရတနာပုံမိဖုရားတို့မှ ဖွားမြင်သော သားတော်ဖြစ်ပြီး သာသနာနှစ် ၁၈၅၉၊ ကောဇာသက္ကရာဇ်-၆၇၇တွင် [[စစ်ကိုင်း]]မြို့ကို တည်၍ သီရိအသင်္ခယာဟူသော ဘွဲ့မည်ခံကာ မြန်မာပြည် မြောက်ဘက်တစ်လွှားကို မင်းပြုတော်မူသည်။ နံတော်=တနင်္လာသား၊ အိမ်နိမ့်=၁၄-နှစ်၊ နန်းသက်=၈-နှစ်၊ သက်တော်=၂၂-နှစ် တွင် နတ်ရွာစံသည်။ ကောဇာသက္ကရာဇ်-၆၈၀တွင် ထောင်သင်းအစုနှင့် မြင်းကိုးသင်း ဘွဲ့တော်မူ၏။ ထို့ကြောင့် (ယခုတိုင် '''စစ်ကိုင်းထောင်သင်း''')ဟု၍ တွင်သည်။
 
အသင်္ခယာစောယွန်းသည် ဘုန်းလက်ရုံးအာဏာနှင့် ပြည့်စုံတော်မူ၏။ ပြည်သူလူထု ရဟန်းတို့အားလည်း သနားကြင်နာတော်မူသည်။ သက္ကရာဇ် ၆၈၂-ခုနှစ်တွင် စင်္ကြန်ကျောင်းဆောက်လုပ်တော်မူပြီး ၆၈၄-ခုတွင် ပြီးစီးသည်။ ထိုနှစ်မှာပင် နတ်ရွာစံတော်မူပြီး နောင်တော် [[တရဖျားကြီး]] နန်းဆက်ခံသည်။<ref>မှန်နန်းရဇဝင်တော်ကြီး(ပတွဲ)</ref> ရာဇဝင်ကျော်တွင် သာသနာနှစ် ၁၈၅၂၊ ကောဇာသက္ကရာဇ်-၆၇၀ ဟုပြဆိုသည်။<ref>ရှင်မဟာသီလဝံသ၏ ရာဇဝင်ကျော် (ဟံသာဝတီ၊၁၉၆၅)</ref>
 
အသင်္ခယာ စောယွန်းတွင် သမီးတော် စိုးမင်း ကိုယ်တော်ကြီး၊ သားတော် [[ကျစွာ (စစ်ကိုင်း)|ကျစွာ]]၊ သားတော် [[နော်ရထာ မင်းရဲ]]၊ သားတော် [[တရဖျားငယ်]] လေးပါးရှိသည်။