အပူကူးပြောင်းခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
 
'''အပူကူးပြောင်းခြင်း''' ({{lang-en|'''heat transfer'''}}) သည် အပူပိုင်းဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်များထဲက ဘာသာရပ်ခွဲတစ်ခုဖြစ်၍ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဖွဲ့စည်းထားသော အရာဝတ္ထုများ (သို့) (အပူ) စနစ်များကြားရှိ အပူစွမ်းအင် ဖလှယ်ခြင်း၊ ပြောင်းလဲခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်လုပ်ခြင်းများနှင့် သက်ဆိုင်သည့် ဘာသာရပ်တစ်ခုဖြစ်သည်။ အပူကူးပြောင်းခြင်းကို ပုံစံအမျိုးမျိုးဖြင့် ခွဲခြားနိုင်ရာ ဥပမာအနေဖြင့် [[အပူလျှောက်ကူးခြင်း]] (heat conduction) ၊ [[အပူစီးကူးခြင်း]] (heat convection)၊ [[အပူဖြာကူးခြင်း]] (heat radiation) နှင့် အရာဝတ္ထု၏အခြေနေပြောင်းခြင်း (phase changes; ခဲ၊ ရည်၊ ငွေ့ အခြေနေ) ဖြင့် အပူကူးပြောင်းခြင်းဟူ၍ ရှိနိုင်သည်။ အင်ဂျင်နီယာများက အပူကူးပြောင်းခြင်းကို "အပူကူးပြောင်းနိုင်ရန် ပူသော (သို့) အေးသော မတူညီသောဓါတုအမျိုးအစားရှိသည့် အရာဝတ္ထုများ၏ ဒြပ်ထု (mass) ကူးပြောင်းခြင်း" ဟူ၍လည်း ယူဆကြသည်။ ဤ အရာဝတ္ထုများ (သို့) ယန္တရားများသည် မတူညီသော ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့သည် ပုံမှန်အားဖြင့် ဖွဲ့စည်းစနစ်တစ်ခုအတွင်း၌ တစ်ပြိုင်နက် ဖြစ်ပေါ်လေ့ရှိသည်။
 
အပူလျှောက်ကူးခြင်းကို အပူပြန့်နှံ့ခြင်း (heat diffusion) ဟုလည်း ခေါ်ဆိုကြကာ အပူလျှောက်ကူးခြင်းဆိုသည်မှာ ဖွဲ့စည်းစနစ်နှစ်ခုကြား အမှုန်များ၏ အရွေ့စွမ်းအင်၏ တိုက်ရိုက် အနုစိတ်/အသေးစိတ် ဖလှယ်ခြင်း ဖြစ်သည်။<ref name="Dessai2020">{{cite book|author=Ashoka G. Dessai|title=The Lithosphere Beneath the Indian Shield: A Geodynamic Perspective|url=https://books.google.com/books?id=gTD_DwAAQBAJ&pg=PA43|year=2020|publisher=Springer Nature|isbn=978-3-030-52942-0|pages=43–}}</ref> ဥပမာ အရာဝတ္ထုတစ်ခုသည် ၎င်း၏ ပတ်ဝန်းကျင် (သို့) အခြားအရာဝတ္ထုတစ်ခုနှင့် အပူချိန်မတူညီသောအခါ အရာဝတ္ထုနှင့် ပတ်ဝန်ကျင်တို့ တူညီသောအပူချိန်ရရှိရန် သဘာဝဖြစ်စဉ်အတိုင်း အပူသည် စီးဆင်း၏ ။ ပူသောအရပ်မှ အေးသောအရပ်ဆီသို့ စီးဆင်းသွားရာ တူညီသောအပူချိန်ရောက်ရှိလျှင် ထိုအနေအထားကို "အပူမျှခြေ" (thermal equilibrium) ဟူ၍ ခေါ်ဆိုသည်။ ဤသဘောတရားကို သာမိုဒိုင်းနမစ် ဒုတိယဥပဒေသတွင် ဖော်ပြပါရှိသည်။