ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၄၅ -
 
ကမ္ဘောဒီးယားနိုင်ငံ၏ အပူအချိန်မှာ {{convert|21|မှ|35|°C|°F|0}} အထိရှိပြီး အပူပိုင်းမုတ်သုံလေကို ခံစားရသည်။ အနောက်တောင်မုတ်သုံလေသည် ရေငွေ့များဖြင့် ပြည့်နှက်နေသော လေများကို ထိုင်းပင်လယ်ကွေ့နှင့် အိန္ဒိယ သမုဒ္ဒရာတို့မှ မေလ မှ အောက်တိုဘာလ အတွင်း သယ်ဆောင်လာသည်။ အရှေ့မြောက် မုတ်သုံလေသည် နိုဝင်ဘာမှ ဧပြီလအထိ ဖြစ်သော ခြောက်သွေ့သော ရာသီဥတုတွင် တိုက်ခတ်သည်။ နိုင်ငံအတွင်း မိုးအများဆုံးကာလမှ စက်တင်ဘာလမှ အောက်တိုဘာလ အထိ ဖြစ်ပြီး အခြောက်သွေ့ဆုံးကာလမှာ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ ဖြစ်သည်။
 
အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန နှင့် ကုလသမဂ္ဂတို့၏ အဆိုအရ ကမ္ဘောဒီးယားသည် ဖိလစ်ပိုင်နိုင်ငံနှင့် အတူ အရှေ့တောင်အာရှတွင် ရာသီဥတုပြောင်းလဲခြင်းအတွက် အထိခိုက်နိုင်ဆုံဂ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။<ref>{{Cite web|url=http://www.khmertimeskh.com/news/11754/climate-change--rainy-season-wild-card-/|title=Climate Change Hits Coastal Cambodia Hard|last=Laurenson|first=Jack|website=Khmer Times|access-date=22 June 2017}}</ref><ref>{{cite web|url=http://www.camclimate.org.kh/en/documents-and-media/climate-change-in-the-news/211-un-reports-cambodia-at-high-risk-from-climate-change.html|title=UN Reports: Cambodia At High Risk From Climate Change – Cambodia's Official Climate Change Website|last=Reaksmey|website=www.camclimate.org.kh|access-date=18 August 2017}}</ref> ကမ္ဘောဒီးယားရှိ ပြည်နယ်အားလုံးလိုလိုသည် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ကို ခံစားကြရသည်။<ref>Overland, Indra et al. (2017) ''[https://www.researchgate.net/publication/320622312 Impact of Climate Change on ASEAN International Affairs: Risk and Opportunity Multiplier]'', Norwegian Institute of International Affairs (NUPI) and Myanmar Institute of International and Strategic Studies (MISIS).</ref> အထူးသဖြင့် ကမ်းရိုးတန်းရှိ ကျေးလက်နေ လူဦးရေမှာ အန္တရာယ်အများဆုံး ဖြစ်သည်။ ကမ္ဘောဒီးယားရာသီဥတုပြောင်းလဲခြင်း မဟာမိတ်အဖွဲ့၏ အဆိုအရ သန့်ရှင်းသောရေ ရနိုင်မှု နည်းပါးခြင်း၊ အလွန်အမင်း ရေကြီးခြင်း၊ ရွှံ့နွံမြေပြိုခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း နှင့် ဖျက်ဆီးနိုင်စွမ်းရှိသည့် မုန်တိုင်းများမှာ အထူးသတိထား စိုးရိမ်ရသည့် ကိစ္စရပ်များ ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းသည် တုန်နယ်ဆပ် ရေကန်ဒေသ၏ ရေအတက်အကျ၊ ဂေဟစနစ်နှင့် ကုန်ထုတ်နိုင်စွမ်းအားကို လတ်တလောနှစ်များတွင် အဓိကအားဖြင့် သက်ရောက်မှု ရှိခဲ့သဖြင့် ကမ္ဘောဒီးယား လူဦးရေ အများစု၏ စားရေရိက္ခာလုံလောက်စွာ ရရှိနိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးတို့ကို ထိခိုက်စေခဲ့သည်။<ref>{{Cite web|last=@NatGeoUK|date=2020-08-17|title=Cambodia's biggest lake is running dry, taking forests and fish with it|url=https://www.nationalgeographic.co.uk/environment-and-conservation/2020/08/cambodias-biggest-lake-is-running-dry-taking-forests-and-fish|access-date=2020-12-10|website=National Geographic|language=en-gb}}</ref><ref>{{Cite news|last=Osborne|first=Zoe|date=2019-12-16|title=Mekong basin's vanishing fish signal tough times ahead in Cambodia|language=en-GB|work=The Guardian|url=https://www.theguardian.com/environment/2019/dec/16/mekong-basins-vanishing-fish-signal-ill-times-ahead-for-cambodia-aoe|access-date=2020-12-10|issn=0261-3077}}</ref>
 
ကမ္ဘောဒီးယားတွင် အဓိကအားဖြင့် ရာသီဥတု နှစ်ခု ရှိသည်။​ မိုးရာသီသည် မေလမှ အောက်တိုဘာလ အထိ ဖြစ်ပြီး အပူချိန်သည် {{convert|၂၂|°C|0}} အထိကျဆင်းလေ့ ရှိပြီး ၎င်းနှင့်အတူ လေထဲတွင် ရေငွေ့ပါဝင်မှုလည်း အလွန်များပြားလေ့ရှိသည်။ ခြောက်သွေ့သော ရာသီဥတုသည် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ဖြစ်ပြီး အပူချိန်သည် ဧပြီလဝန်းကျင်တွင် {{convert|၄၀|°C}} အထိ မြင့်တက်လေ့ ရှိသည်။ ကပ်ဘေးဆိုက်သော ရေကြီးမှုမှာ ၂၀၀၁ ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် နောက်တစ်ကြိမ်ထပ်ဖြစ်ခဲ့ကာ နှစ်စဉ်နှစ်တိုင်း အတိုင်းအတာ တစ်ခု အထိ ရေကြီးလေ့ ရှိသည်။<ref>{{cite book|last=Nobleman|first=Marc Tyler|title=Cambodia|year=2003|publisher=Bridgestone Books|location=Mankato, Minn|isbn=978-0-7368-1370-9|page=7}}</ref> အကြီးအကျယ်ရေလွှမ်းမိုးခြင်းသည် ၂၀၂၀ ခုနှစ် တိုင်ဖွန်းမုန်တိုင်း ရာသီအတွင်းတွင် ကမ္ဘောဒီးယားရှိ ပြည်နယ် ၁၇ ခုကို ထိခိုက်စေခဲ့သည်။<ref>{{Cite web|last1=Dara|first1=Mech|last2=Leakhena|first2=Khan|date=14 October 2020|title=Rising Rivers Flood Schools, Prisons, Over 180,000 Hectares of Farms|url=https://vodenglish.news/rising-rivers-flood-schools-prisons-over-180000-hectares-of-farms/|access-date=2020-12-10|publisher=VOD}}</ref>
 
===ဂေဟစနစ်===