အာဖရိကတိုက်ရှိ လူမျိုးများ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား: add cat
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
အာဖရိကတိုက်၌ လူမျိုးပေါင်းများစွာ နေထိုင်ကြသည်။ နီဂရိုးခေါ် ကပ္ပလီလူမျိုးသည် လူဦးရေ အများဆုံးဖြစ်သည်။ အာရပ်တို့သည် အာဖရိကမြောက်ပိုင်းကို ခရစ်နှစ် ၆ဝဝ ကျော်လောက်က ဝင်ရောက် သိမ်းပိုက်လိုက်သောအခါ ယင်းတို့နှင့်အတူ အစ္စလာမ်ဝါဒပါအစ္စလာမ်ပါ ရောက်ရှိလာလေသည်။ အာရပ်တို့ မရောက်မီ ယဟူဒီလူမျိုးများ၊ ဗာဗာလူမျိုးများ၊ တူးအားရက်လူမျိုးများ၊ အီဂျစ်မှာလာသော ကော့လူမျိုး၊
အီသီအိုး ပီးယားနှင့် ဆိုမာလီလူမျိုးတို့ ရှိနှင့်ပြီး ဖြစ်သည်။ အာရပ်နှင့် ယဟူဒီလူမျိုးတို့ကိုပေါင်း၍ ဆီမိုက်လူမျိုး များဟု ခေါ်၍ ဗာဗာ၊ တူအားရက်၊ ကော့၊ အီသီအိုးပီးယားနှင့်
ဆိုမာလီလူမျိုးတို့ကိုပေါင်း၍ ဟမိုက်လူမျိုး များဟု ခေါ်သည်။ အာဖရိက မြောက်ပိုင်းတွင်နေသော ယင်းလူမျိုးများသည် တောင်ပိုင်း၌နေကြသော နီးဂရိုး လူမျိုးများနှင့် ရောမိကြသည်။
စာကြောင်း ၁၃ -
စွန်းနေ လူမျိုးများသည် များသောအားဖြင့် အစ္စလာမ် အယူဝါဒကို သက်ဝင်ယုံကြည်ကြသည်။ အီဂျစ်နှင့် အီသီအိုးပီးယားနိုင်ငံများအတွင်းရှိ လူပေါင်း ၅ဝဝဝဝဝဝ ခန့်သည် ခရစ်ယာန်အယူဝါဒကို ကိုးကွယ်ကြသည်။ တောင် အာဖရိကနိုင်ငံဘက်တွင် ခရစ်ယာန်အယူဝါဒကို ယုံကြည်ကြသူ သန်းပေါင်းများစွာ ရှိသည်။
 
အာဖရိကတိုက်သားတို့၏ နေထိုင်ပုံသည် တစ်နေရာနှင့် တစ်နေရာ ရာသီဥတု ကွဲလွဲသကဲ့သို့ မတူညီကြချေ။ အပူပိုင်းသစ်တော ဒေသနေ အာဖရိကတိုက်သားများသည် အစာများကို စုဆောင်းခြင်း၊ မုဆိုးတံငါ လုပ်ကိုင်ခြင်းဖြင့် နေထိုင်ကြသည်။ အချို့က လယ်ယာအနည်းငယ်ကို ထွန်ယက် စိုက်ပျိုးကြသည်။ ထိုဒေသ၌ ကျွဲ၊ နွား၊ တိရစ္ဆာန်များတွင်တိရစ္ဆာန်မျရားတွင် ရောဂါထူပြောသဖြင့် အသားစားသူ နည်းပြီးလျှင် ကျွဲ၊ နွား မွေးမြူသူလည်း နည်းပါးသည်။ ထိုဒေသ၏ မြောက်နှင့် တောင်ဘက်တို့တွင်မူ ဖူးပြောင်း၊ ဆန်ပြောင်း၊ လူးနှင့် မြေပဲများသည် အရေးကြီးသော အစားများ ဖြစ်ကြလေသည်။ သွေ့ခြောက်သော ဒေသများတွင် နေထိုင်ကြသူများကမူ ကျွဲ၊ နွားနှင့် သိုးများကို မွေးမြူကြသည်။ နို့၊ အသားနှင့် သားရေ အတွက် ဆိတ်များကိုလည်း မွေးကြသေးသည်။ အရှေ့အာဖရိ တိုက်နေ လူများက ကျွဲ၊ နွားများကို ဥစ္စာဓနအဖြစ် သဘောထားကြသောကြောင့် အစာအဖြစ် ကျွဲ၊ နွားများကို သတ်ခဲကြသည်။ ပို၍ ပူနွေးသောဒေသနေ အာဖရိကတိုက်သားများသည် အဝတ်ကို အနည်းငယ်မျှသာ ဝတ်ဆင်ကြလေသည်။ သစ်တော နေ လူမျိုး အမြောက်အများကမူ အဝတ်ပင် ဝတ်လေ့မရှိကြ ချေ။ ဝတ်ဆင်ကြလျှင်လည်း အနည်းငယ်မျှသာ ဝတ်ဆင်ကြ လေသည်။ နီးဂရိုးလူမျိုးများသည် များသောအားဖြင့် အရောင်
နှင့် အလှအပ များကို လွန်စွာ စုံမက်ကြလေသည်။ အဝတ် ဝတ်သည်မှာ နည်းပါးလှသဖြင့် သူတို့၏ကိုယ်တွင် ဆေးများ ဖြင့် လိမ်းခြယ်၍ အလှအပများကို ဆွဲထားလေ့ရှိကြသည်။ ယခုအခါတွင်မူ ပူအိုက်သောဒေသတွင် နေထိုင်ကြသူများက ချည်ထည်များကို ဝတ်ဆင်ကြ၍ ပို၍အေးသောဒေသများတွင် နေထိုင်ကြသူများက သိုးမွေးထည် များကို ဝတ်ဆင်ကြလေ သည်။