ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၅၆ -
 
တုန်နယ်ဆပ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေးနယ်မြေမှာ တုန်နယ်ဆပ်ရေကန်များ၏ ပတ်ဝန်းကျင်တွင် ဖြစ်သည်။ ၎င်းတို့တွင် ရေကန်များနှင့် ပြည်နယ် ကိုးခုဖြစ်သော ကမ်ပုံးသွန်၊ ဆီရမ်ယိ၊ ဘာတန်ဘန်၊ ပါဆတ်၊ ကမ်ပုံးချနန်၊ ဘန်တေး မီချေး၊ ပိုင်လင်း၊ အော့ဒါ မီချေး နှင့် ပရီရာ ဗီဟီးယား ပြည်နယ်တို့ ပါဝင်သည်။ ၁၉၉၇ ခုနှစ်တွင် ယူနက်စကို၏ ဇီဝရပ်ဝန်း ထိန်းသိမ်းရေးနယ်မြေ အဖြစ် အောင်မြင်စွာ စာရင်းသွင်းနိုင်ခဲ့သည်။ <ref>[https://web.archive.org/web/20090318002520/http://www.unesco.org/mab/doc/brs/BRlist2008.pdf Complete list of biosphere reserves. Publication Date: 3 November 2008, retrieved from UNESCO website]. (PDF) . Retrieved on 5 July 2015.</ref> အခြား တိရစ္ဆာန်တို့ ကျက်စားရာ နေရာများမှာ မွန်ဒိုကီရီပြည်နယ်ရှိ အမြဲစိမ်း နှင့် ခြောက်သွေ့ အင်ကညင်သစ်တောများ အတွင်းရှိ ကီရို ဆေးမား တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ၊ ဖနွမ်ပရစ်ချ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ နှင့် ဆရီပေါ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး နယ်မြေ တို့ ဖြစ်ကြပြီး ရာတာနာကီရီ ပြည်နယ်နှင့် ပရီရာ မိုနီဗွန် အမျိုးသားဥယျာဉ်၊ ဘိုတမ်-စာကော အမျိုးသားဥယျာဉ်၊ ဖနွမ် အော်ရယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ နှင့် ဖနွမ်ဆမ်ကော့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ တို့ ပါဝင်သော ကာဒါမွန်တောင်ကုန်း ဂေဟစနစ်တို့ ဖြစ်ကြသည်။
 
တကမ္ဘာလုံးဆိုင်ရာ သဘာဝ ရန်ပုံငွေ အဖွဲ့က ကမ္ဘောဒီးယားနိုင်ငံတွင် ထင်ရှားသောကုန်းမြေ ဇီဝဒေသ ၆ ခုကို သတ်မှတ်ထားပြီး ၎င်းတို့မှာ ကာဒါမွန် တောင်ကုန်း မိုးသစ်တော၊ အင်ဒိုချိုင်းနားအလယ်ပိုင်း ခြောက်သွေ့တော၊ အရှေ့တောင် အင်ဒိုချိုင်းနား ခြောက်သွေ့အမြဲစိမ်းတော၊ တောင်ပိုင်း အင်နာမိုက်တောင်တန်း အပူပိုင်းသစ်တော၊ တုန်နယ်ဆပ် ရေချို ဒီရေတော နှင့် တုန်နယ်ဆပ်-မဲခေါင် သစ်ဆွေး ဒီရေတော တို့ ဖြစ်ကြသည်။<ref>Eric Wikramanayake, Eric Dinerstein, Colby J. Loucks ''et al.'' (2002). Terrestrial Ecoregions of the Indo-Pacific: a Conservation Assessment. Island Press; Washington, DC, {{ISBN|1559639237}}.</ref>
 
===သဘာဝပတ်ဝန်းကျင်===