ကွန်ပျူတာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး သတ်ပုံ
No edit summary
စာကြောင်း ၁ -
[[File:Columbia Supercomputer - NASA Advanced Supercomputing Facility.jpg|right|thumb|နာဆာမှ ကိုလမ်ဘီယာ စူပါ]]
 
 
'''ကွန်ပျူတာ'''ဆိုသည်မှာ တည့်သွင်းပေးထားသော [[ပရိုဂရမ်]] သို့မဟုတ် အစီစဉ်တကျ အမိန့်ပေးချက်များအတိုင်း [[အချက်အလက်]] များကို စီမံခန့်ခွဲပေးသော ကိရိယာဖြစ်သည်။
 
ကွန်ပျူတာ၏ သဘောတရားနှင့် ခပ်ဆင်ဆင်တူသော ကိရိယာများမှာ နှစ်ပေါင်းများစွာကပင် ရှိခဲ့သော်လည်း ယနေ့ခေတ်ပေါ်နှင့် တူညီသော ကိရိယာသည် ၂၀ ရာစုအလယ်ပိုင်း(၁၉၄၀-၄၅ ခုနှစ်ခန့်)တွင် စတင်ပေါ်ပေါက်ခဲ့သည်။ အစဦးပိုင်းများမှာ အခန်းကျယ်ကြီး တစ်ခန်းစာမျှရှိပြီး ခေတ်ပေါ် တကိုယ်ရေသုံး မြောက်များစွာတို့၏ သုံးစွဲမှုနှင့် ညီမျှသော စွမ်းအားကို သုံးစွဲခဲ့ကြသည်။ <ref>၁၉၄၆ခုနှစ်တွင် ENIAC သည် ပျမ်းမျှ ၁၇၄ ကီလိုဝပ်မျှသုံးစွဲခဲ့သည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သာမန် တကိုယ်ရေသုံးမှာ ၄၀၀ ဝပ်မျှသာ သုံးသည့်အတွက် အဆ ၄၀၀ ကျော်မျှ လျော့နည်းသည်။{{Ref harvard|kempf1961|Kempf 1961|a}}</ref>ခေတ်ပေါ်များကို အလွန်သေးငယ်သော အိုင်စီများကို အသုံးပြု၍ တည်ဆောက်ထား၍ အဆသန်းပေါင်း သို့ ဘီလီယံပေါင်း မြောက်များစွာ ပို၍ စွမ်းဆောင်နိုင်စွမ်းရှိပြီး အနည်းငယ်မျှသော နေရာကိုသာ ယူသည်။<ref>Colossus နှင့် ENIAC အစရှိသော ရှေးဦးများမှာ တစ်စက္ကန့်လျှင် အလုပ် ၅ ခုမှ ၁၀၀ ခုအထိသာပြီးမြောက်နိုင်သည်။ ခေတ်ပေါ် စီးပွားဖြစ်ထုတ်လုပ်နေသော မိုက်ခရိုပရိုစက်ဆာများ မှာ ၂၀၀၇ ခုနှစ်မှတ်တမ်းအရ တစ်စက္ကန့်လျှင် အလုပ်ပေါင်း ဘီလီယံပေါင်းများစွာလုပ်နိုင်သည်။ ထိုသို့ လုပ်ဆောင်ချက်အများစု မှာ ရှေးခေတ် လုပ်ဆောင်ချက်များထက် ပို၍ ရှုပ်ထွေးပြီး အသုံးဝင်သည်။</ref> ယနေ့ခေတ်တွင် အရိုးရှင်းဆုံးများမှာ လက်ပတ်နာရီအတွင်းသို့ ထည့်သွင်းနိုင်သည်အထိ သေးငယ်အောင် လုပ်ဆောင်နိုင်စွမ်းရှိပြီး နာရီဓာတ်ခဲကို ပင် အသုံးပြု၍ စွမ်းအားပေးနိုင်သည်။ ပုံစံအမျိုးမျိုးရှိသော တကိုယ်ရေသုံးများမှာ နည်းပညာခေတ်၏ ပြယုဂ်များပင်ဖြစ်ပြီး လူအများစုကလက်ရှိ အဖြစ်သတ်မှတ်ထားသော အရာဖြစ်သည်။ ယနေ့ခေတ်တွင် အများဆုံးတွေ့ရသည့် ကွန်ပျုတာ အမျိုးအစာများမှာ [[မြုပ်နှံကွန်ပျုတာ]](embedded computer)အမျိုးအစားဖြစ်သည်။ မြှုပ်နှံများမှာ ရိုးရှင်းကာ အရွယ်အစားသေးငယ်ပြီး အခြားကိရိယာများကို ထိန်းချုပ်ရန် ရည်ရွယ်၍ တည်ဆောက်ထားသည်။ ဥပမာအားဖြင့် တိုက်လေယာဉ်ပျံမှ စက်ရုံသုံးစက်ရုပ်များ၊ ဒီဂျစ်တယ်ကင်မရာ နှင့် ကလေးကစားစရာများတွင် တွေ့ရှိနိုင်သည်။