ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၆၈ -
[[File:Prey Lang Forest Aerial.jpg|thumb|ပရေလန်း သစ်တော]]
ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှုနှုန်း အမြင့်ဆုံးနိုင်ငံများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး နိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှုအများဆုံးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်သည်။<ref name=GreenList /> ၁၉၆၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကသစ်တောမှာ ၇၀% ကျော် ဖုံးလွှမ်းနေပြီး ၂၀၀၇ ခုနှစ်တွင် ၃.၁% သာ ကျန်ရှိနေသည်။ စုစုပေါင်းအားဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉၉၀ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း {{convert|၂၅၀၀၀|km2|sqmi|-2|abbr=on}} မျှ ရှိသော သစ်တောဧရိယာ ဆုံးရှုံးခဲ့ပြီး ၎င်းတို့ထဲတွင် {{convert|၃၃၄၀|km2|sqmi|0|abbr=on}} မှာ ပင်မသစ်တော ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ အဓိကသစ်တောမှာ {{convert|၃၂၂၀|km2|sqmi|0|abbr=on}} အောက်သာ ကျန်ရှိတော့ပြီး ကမ္ဘောဒီးယား၏ အနာဂတ်အတွက် သစ်တောထိန်းသိမ်းရေး ဒေသများအား ဆက်လက်ထိန်းသိမ်းနိုင်မည့် အခြေအနေမှာ အလွန်အမင်း ခြိမ်းခြောက်ခံနေရသည်။<ref>{{cite web|url=http://www.planetark.org/dailynewsstory.cfm/newsid/20049/story.htm |title=Logging threatens Cambodian tragedy – UN |publisher=Planet Ark |date=6 March 2003 |access-date=27 June 2010}}</ref><ref>{{cite web|url=http://rainforests.mongabay.com/20cambodia.htm|title=Cambodia|publisher=Mongabay|author=Butler, Rhett |date=15 August 2014|access-date=6 September 2016}}</ref>
 
၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်းမှာ ၁.၃ % ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွင် အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေများလည်း အများအပြားပါဝင်ပြီး မျိုးသုဉ်းရန်စိုးရိမ်ရသော တိရစ္ဆာန်နှင့် ဒေသရင်းနေ တိရစ္ဆာန် မျိုးစိတ် အများအပြားမှာ စားကျက်မြေ နည်းပါးလာခြင်းကြောင့် မျိုးသုဉ်းရမည့် အခြေအနေဖြင့် ခြိမ်းခြောက်ခံနေရသည်။ ကမ္ဘောဒီးယားရှိ သစ်တောပြုန်းတီးရခြင်းအတွက် အကြောင်းအရင်း များစွာ ရှိပြီး ၎င်းတို့ထဲတွင် တရားမဝင် သစ်ခုတ်ခြင်း မှစ၍ ဆောက်လုပ်ရေးစီမံကိန်းများနှင့် စိုက်ပျိုးမွေးမြူရေး ပြုလုပ်ရန်အတွက် ကြီးမားစွာ ရှင်းလင်းမှုများကြောင့် ဖြစ်သည်။ တကမ္ဘာလုံး ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်သော မြေရှင်းလင်းခြင်းမှာ ကမ္ဘောဒီးယားတွင် နေရာအနှံ့အပြား ဖြစ်ပွားလျှက် ရှိသည်။ သစ်တောပြုန်းတီးရခြင်းတွင် ဒေသခံပြည်သူများ၊ ကမ္ဘောဒီးယားရှိ စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအာဏာပိုင်များ အပြင် တကမ္ဘာလုံးမှ နိုင်ငံတကာ ကော်ပိုရေးရှင်းများလည်း ပါဝင်ပတ်သက်နေသည်။<ref>{{cite web|url=http://www.illegal-logging.info/regions/cambodia|title=Cambodia|publisher=Chatham House, The Royal Institute of International affairs|date=2015|access-date= 6 September 2016}}</ref><ref>{{cite web|url=https://www.globalwitness.org/en-gb/archive/cambodian-government-authorises-clear-cutting-national-park/|title=Cambodian Government Authorises Clear-Cutting in National Park|publisher=Global Witness|date=9 July 2004|access-date=6 September 2016}}</ref>
 
== နိုင်ငံရေး==