ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၇၂ -
 
မဟာမဲခေါင်ဒေသတွင် အထူးသဖြင့် လာအိုနိုင်ငံ၏ ရေအားလျှပ်စစ်ထုတ်လုပ်ရေး တည်ဆောက်မှုလုပ်ငန်းများကြောင့် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အစားအသောက် ရရှိမှုကို အန္တရာယ် အစစ်အမှန် အဖြစ် ခြိမ်းခြောက်လျှက် ရှိသည်။ မြစ်အထက်ပိုင်းမှ ဆည်များ တည်ဆောက်မှုကြောင့် ကမ္ဘောဒီးယား၏ အဓိက ပရိုတိန်းအတွက် ပံ့ပိုးပေးနေသော ငါးများကို အန္တရာယ် ဖြစ်စေပြီး ဗီယက်နမ်နိုင်ငံမှ ဆန်စပါးစိုက်ပျိုးရေးအတွက် လိုအပ်သော မဲခေါင်မြစ်မှ နုန်းမြေကိုလည်း လျော့ကျစေသည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော ရေချိုကန်ဖြစ်သည့် တုန်နယ်ဆပ်မှ ကြွယ်ဝသော ငါးမျိုးစုံတို့သည် ချို့တဲ့သော နိုင်ငံ၏ ပရိုတိန်းကို အများစု ပံ့ပိုးပေးသည်။ ထိုကန်များသည် ပုံမှန် မဟုတ်ပေ။ ခြောက်သွေ့သော ရာသီဥတုတွင် ပျောက်ကွယ်သွားပြီး မိုးရွာ၍ မဲခေါင်မြစ်မှ ရေစီးသည့်အခါတွင် ကျယ်ပြန့်စွာ ချဲ့ကားသွားခဲ့သည်။ ဝါရှင်တန် တက္ကသိုလ်မှ ပါမောက္ခဖြစ်သော ဂေါ်ဒွန် ဟို့ဂရိ မှ "ဒီငါးတွေဟာ သူတို့အသက်ရှင်သန်ရေးအတွက် အရမ်းအရေးကြီးတယ်။ စီးပွားရေးဘက်ကပဲ ကြည့်ကြည့်။ အာဟာရဘက်ကပဲ ကြည့်ကြည့်။" ဟု ပြောပြီး မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်ခဲ့သော သို့မဟုတ် တည်ဆောက်နေသည့် မည်သည့်ဆည်မဆို ငါးများအတွက် ကောင်းသောအလားအလာ မဟုတ် ဟု သူက ဆိုခဲ့သည်။<ref>{{cite web|url=https://foreignpolicy.com/articles/2014/06/06/cambodia_sleeps_with_the_fishes|title=Cambodia Sleeps With the Fishes|date=6 June 2014|work=Foreign Policy|access-date=28 October 2014}}</ref>
 
၂၀၁၀ ခုနှစ်များတွင် ကမ္ဘောဒီးယားအစိုးရ နှင့် ပညာရေးစနစ်တို့သည် နိုင်ငံအတွင်းနှင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များတွင် ပါဝင်ပတ်သက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တိုးမြှင့်ခဲ့သည်။<ref>{{cite web|url=http://www.khmertimeskh.com/news/18498/mother-nature---s-youthful-ambassadors-get-to-work/|title=Mother Nature's Youthful Ambassadors Get to Work|work=Khmer Times|last=LalinDuch|date=9 December 2015|access-date=6 September 2016|archive-url=https://wayback.archive-it.org/all/20171010222149/http://www.khmertimeskh.com/news/18498/mother-nature---s-youthful-ambassadors-get-to-work/|archive-date=10 October 2017|url-status=dead}}</ref><ref>{{cite web|url=http://www.illegal-logging.info/content/cambodia-environmental-groups-given-chance-address-pm-hun-sen-forum|title=Cambodia: Environmental groups given chance to address PM Hun Sen at forum|publisher=chatham House|date=22 August 2016|access-date=6 September 2016}}</ref><ref>{{cite web|url=http://unu.edu/publications/articles/boosting-research-capacity-for-environmental-management-in-cambodia.html|title=Environmental management: Boosting research in Cambodia|publisher=United Nations University|date=17 January 2012|author=Otsuki, Kei |access-date=6 September 2016}}</ref> ကမ္ဘောဒီးယား၏ နိုင်ငံတော် သဘာဝပတ်ဝန်းကျင် မဟာဗျူဟာနှင့် လုပ်ဆောင်ချက် အစီအစဉ် အသစ်ကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၃ အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ထိုအစီအစဉ်တွင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်နိုင်ခြင်း အတွက် အိုင်ဒီယာအသစ်များ ပါဝင်သည်။<ref>{{cite web|url=http://www.khmertimeskh.com/news/17414/charting-the-next-seven-years-of-environmental-policy/|title=Charting the Next Seven Years of Environmental Policy|work=Khmer Times|last=Cox|first=Jonathan |date=2 November 2015|access-date=6 September 2016}}</ref>
 
ဗီယက်နမ်စစ်ပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံအတွင်း ကျရောက်ခဲ့သည့် မြေမြှုပ်မိုင်းများနှင့် ဓာတုလက်နက်များ အပါအဝင် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများကို ကူညီရှင်းလင်းရန်အတွက် ရန်ပုံငွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စုမှ လျှော့ချခဲ့သည်။<ref>Ananth Baliga and Phak Seangly [http://www.phnompenhpost.com/national/us-cuts-funding-cmac-amid-governments-war-words-superpower US cuts funding to CMAC amid government’s war of words with superpower] 7 November 2017, The Phnom Penh Post.</ref>
 
== နိုင်ငံရေး==