ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
စာကြောင်း ၁၀၁ -
 
၁၇၆၉-၇၀ ပေါ်တိုလာ စူးစမ်းရှာဖွေမှုအပြီးတွင် ယူနီပါရို ဆယ်ရာ ဦးဆောင်သော စပိန်သာသနာပြုအဖွဲ့များသည် စန်ဒီယေးဂိုးမှစတင်ကာ အော်လ်တာ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းပေါ်နှင့် အနီးတစ်ဝိုက်တွင် ကယ်လီဖိုးနီးယား သာသနာပြု မစ်ရှင် ၂၁ ခုကို စတင်တည်ထောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စပိန်စစ်တပ်များသည် ပရယ်စီဒီယိုဟု ခေါ်သော ခံတပ်အချို့နှင့် ပျူဗလိုဟုခေါ်သော မြို့ငယ် ၃ ခုကို တည်ဆောက်ခဲ့သည်။ ဆန်ဖရန်စစ္စကို သာသနာပြုမစ်ရှင်သည် ဆန်ဖရန်စစ္စကိုမြို့တော် ဖြစ်လာခဲ့ပြီး အခြား ပျူဗလို နှစ်ခုမှာ လော့အိန်ဂျယ်လိစ် နှင့် ဆန်ဂျို့စ် အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။ အခြားသော ပိုမိုသေးငယ်သည့် မြို့တော်များနှင့် မြို့များမှာ စပိန်သာသနာပြုစခန်းများနှင့် ပျူဗလိုတို့၏ ပတ်ဝန်းကျင်တွင် ပေါ်ထွန်းလာခဲ့ပြီး ယနေ့တိုင်အောင် ကျန်ရှိနေဆဲ ဖြစ်သည်။
 
စပိန်တို့၏ ကိုလိုနီပြုစဉ်တွင် ဝက်သက် နှင့် ဆုံဆို့နာ အစရှိသော ဒေသခံတို့အနေနှင့် သဘာဝအလျောက် ကိုယ်ခံအားမရှိသော ကူးစက်ရောဂါများကို သယ်ဆောင်လာခဲ့သဖြင့် ဒေသခံလူမျိုးတို့ လျော့ပါးသွားစေခဲ့သည်။<ref>{{cite web |url= http://www.nativeamericancaucus.org/content/california-indian-history|title=California Indian History—Native American Caucus|website=Nativeamericancaucus.org}}</ref> စပိန်အခြေချ နေထိုင်သူတို့ ၎င်းတို့နှင့် အတူ ယူဆောင်လာခဲ့သော စပိန်စနစ် အစိုးရနှင့် လူမှုရေးဆိုင်ရာ အဆင့်များကို တည်ထောင်ခဲ့ခြင်းမှ အစောပိုင်း ဒေသရင်းနေ ပြည်သူတို့၏ လူ့အဖွဲ့အစည်းများကို နည်းပညာ အရလည်းကောင်း ယဉ်ကျေးမှု အရလည်းကောင်း ဖုံးလွှမ်းသွားစေခဲ့သည်။
 
တစ်ချိန်တည်းမှာပင် ရုရှားတို့၏ သင်္ဘောများလည်း ကယ်လီဖိုးနီးယား ကမ်းရိုးတန်းတလျှောက် စူးစမ်းရှာဖွေမှုများ ပြုခဲ့ပြီး ၁၈၁၂ ခုနှစ်တွင် ဖို့တ်ဒ်ရော့စ် ၌ ကုန်သွယ်ရေးစခန်းတစ်ခုကို တည်ထောင်ခဲ့သည်။ ၁၉ရာစု အစောပိုင်း ရုရှားတို့၏ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းတလျှောက် အခြေချနေထိုင်မှုများမှာ ဆန်ဖရန်စစ္စကို ပင်လယ်အော်ရှိ စပိန်တို့ အခြေချနေထိုင်ရာ နေရာ၏ မြောက်ဘက်အစွန်ဆုံး အစွန်း၏ မြောက်ဘက်တွင် ရှိပြီး မြောက်အမေရိကရှိ ရုရှားတို့ အခြေချနေထိုင်ရာ နေရာများ၏ တောင်ဘက်စွန်းလည်း ဖြစ်သည်။ ဖို့တ်ဒ်ရော့စ်နှင့် ပတ်သက်သော ရုရှားတို့၏ အခြေချနေထိုင်မှုမှာ ပွိုင့်အေရီနာ မှ တိုမာလပ်စ် ပင်လယ်အော် အထိ ဖြန့်ကျက် တည်ရှိသည်။<ref name="Historical Atlas of California">Historical Atlas of California</ref>
 
===မက္ကဆီကန်တို့ အုပ်ချုပ်ခြင်း===