ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၁၈ -
[[File:Vue de l'etablissement russe de la Bodega, à la Côte de la Nouvelle Albion, en 1828 (restored).jpg|thumb|အလက်စကာမှ ရုရှားတို့သည် ၁၈၁၂ ခုနှစ်တွင် ဖို့တ်ဒ်ရော့စ်၌ ၎င်းတို့၏ အကြီးဆုံး အခြေချနေထိုင်မှုကို ပြုခဲ့ကြသည်။]]
ကယ်လီဖိုးနီးယားရှိ အကြီးဆုံးသော နွားခြံပိုင်ရှင်မှာ ဂျွန်မာ့ရှ် ဖြစ်သည်။ သူ၏ မြေပေါ်တွင် ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ မက္ကဆီကို တရားရုံးမှ တရားမျှတမှု မရရှိခဲ့သဖြင့် သူသည် ကယ်လီဖိုးနီးယား အနေနှင့် အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်း ဖြစ်သင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။ သူသည် ကယ်လီဖိုးနီးယား၏ ရာသီဥတု၊ မြေအနေအထားနှင့် အခြားအကြောင်းအရာများကြောင့် ဤနေရာတွင် အခြေချနေထိုင်သင့်ကြောင်း အပြင် နောင်တွင် "မာ့ရှ်လမ်းကြောင်း" ဟု သိကြသည့် အကောင်းဆုံး လာနိုင်သည့် လမ်းကြောင်းကို ဖော်ပြခြင်းဖြင့် စာရေးသားခြင်း ကမ်ပိန်းကို လှုပ်ရှားမှု ပြုခဲ့သည်။ သူ၏ စာများကို ဖတ်ရှု၊ ထပ်မံဖတ်ရှုကြကာ အချင်းချင်း လက်ဆင့်ကမ်းကြပြီး နိုင်ငံတဝှမ်းရှိ သတင်းစာများတွင် ပုံနှိပ်ဖော်ပြကြသဖြင့် ကယ်လီဖိုးနီးယားသို့ ပထမဆုံး လှည်းအုပ်များ စတင် ရောက်ရှိလာခဲ့သည်။<ref>Lyman, George D. and John Marsh, ''Pioneer: The Life Story of a Trail-Blazer on Six Frontiers'', pp. 237–39, The Chautauqua Press, Chautauqua, New York, 1931.</ref> သူသည် ပြောင်းရွှေ့နေထိုင်ကြသူများအား သူ၏ နွားခြံတွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး သူတို့ အခြေကျ၍ နိုင်ငံကူးလက်မှတ် ရရှိနိုင်ရန်လည်း အကူအညီ ပေးခဲ့သည်။ <ref>Lyman and Marsh, pp. ix, 209, 231, 238–39, 246–51, 266–67, 268–71.</ref>
 
ကယ်လီဖိုးနီးယားသို့ စနစ်တကျစီစဉ်ထားသော ရွှေ့ပြောင်းမှုကာလကို ဦးဆောင်ပြီးနောက် မာ့ရှ်သည် လူအများမုန်းတီးကြသော မက္ကဆီကန်ဗိုလ်ချုပ် မန်နျူရယ် မီရှဲတိုရီနာ နှင့် သူ အစားထိုးခဲ့သော ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ယွမ် ဘော်တစ်စတာ အယ်လ်ဗာရာဒို တို့နှစ်ဦးကြား စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ သူတို့အသီးသီး၏ စစ်တပ်များသည် လော့စ်အိန်ဂျယ်လိစ်မြို့ အနီးတွင် ဖြစ်ပွားသော ပရိုဗီဒန်းရှားတိုက်ပွဲတွင် တွေ့ဆုံခဲ့ကြသည်။ မာ့ရှ်အနေနှင့် သူ၏ ဆန္ဒနှင့် ဆန့်ကျင်၍ မီရှဲတိုရီနာ၏ စစ်တပ်သို့ ဝင်ရောက်ခဲ့ရသည်။ သူ၏ အထက်အရာရှိများကို လျစ်လျူရှု၍ သူ့အနေနှင့် အခြားတစ်ဘက်အား စစ်ပြေငြိမ်းရန် အချက်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှ လာရောက် အခြေချ နေထိုင်သူများမှာ နှစ်ဘက်စလုံးတွင် ပါဝင်တိုက်ခိုက်လျှက် ရှိသည်။ သူ့အနေနှင့် ထိုလူများကို အချင်းချင်း တိုက်ခိုက်ရန် အကြောင်းမရှိကြောင်း သဘောပေါက် နားလည်စေခဲ့သည်။ မာ့ရှ်၏ လုပ်ဆောင်ချက်ကြောင့် သူတို့သည် စစ်ပွဲကို စွန့်ခွာခဲ့ကြသဖြင့် မီရှဲတိုရီနာမှာ ရှုံးနိမ့်ခဲ့ရပြီး ကယ်လီဖိုးနီးယားတွင် မွေးဖွားသော ပီကို-ပီကို မှ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည် အာဏာရခဲ့သည်။ ထိုအချက်မှ နောက်ဆုံးတွင် ကယ်လီဖိုးနီးယားအား အမေရိကန် ပြည်ထောင်စုသို့ သွတ်သွင်းရန် အတွက် လမ်းခင်း ပေးခဲ့သည်။<ref>Lyman and Marsh 1931, pp. 250–62.</ref><ref>Stone, Irving. ''Men to Match My Mountains,'' pp. 70–72, Berkley Books, New York, New York, 1982. {{ISBN|0-425-10544-X}}.</ref><ref>Winkley, John W. ''Dr. John Marsh, Wilderness Scout,'' pp. 67–69, The Parthenon Press, Nashville, Tennessee, 1962.</ref><ref>Stone, Irving. ''From Mud-Flat Cove to Gold to Statehood,'' pp. 66–68, Word Dancer Press, Clovis, California, 1999. {{ISBN|1-884995-17-9}}.</ref>
 
===ကယ်လီဖိုးနီးယား သမ္မတနိုင်ငံ နှင့်အောင်နိုင်ခြင်း===