ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၈၄ -
 
ဥပဒေပြုရေးအာဏာကို အစိုးရအဖွဲ့နှင့် လွှတ်တော်နှစ်ရပ်မှ ဝေမျှကျင့်သုံးကြပြီး လွှတ်တော်နှစ်ရပ်တွင် အောက်လွှတ်တော်ဖြစ်သော အမျိုးသား လွှတ်တော် နှင့် အထက်လွှတ်တော်ဖြစ်သော ဆီးနိတ်လွှတ်တော်တို့ ပါဝင်သည်။ ကိုယ်စားလှယ် ၁၂၃ ဦး ပါဝင်သော လွှတ်တော်ကို အချိုးကျ ကိုယ်စားပြုစနစ် ဖြင့် ရွေးချယ်ကြပြီး အများဆုံး သက်တမ်းမှာ ၅ နှစ် ဖြ်စသည်။ ဆီးနိတ်လွှတ်တော်တွင် ကိုယ်စားလှယ် ၆၁ ဦး ပါဝင်ပြီး ၂ ဦးကို ဘုရင်မှ ခန့်အပ်ကာ ၂ ဦးကို အမျိုးသား လွှတ်တော်မှ ခန့်အပ်ပြီး ကျန်ကိုယ်စားလှယ်များကို ကမ္ဘောဒီးယားရှိ ပြည်နယ် ၂၄ခုရှိ မြို့နယ် ကောင်ဆယ်လာများမှ ရွေးချယ်ကြသည်။ ဆီးနိတ်လွှတ်တော်အမတ်၏ သက်တမ်းမှာ ၆ နှစ် ဖြစ်သည်။<ref>{{cite web|title=Cambodia 1993 (rev. 2008)|url=https://www.constituteproject.org/constitution/Cambodia_2008?lang=en|website=Constitute|access-date=17 April 2015}}</ref>
 
၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၄ တွင် နိုရိုဒွန် သီဟာမိုနီအား အထူးအဖွဲ့ဝင် ၉ ဦး ပါဝင်သော တော်ဝင်နန်းအပ်ကောင်စီမှ ရွေးချယ်ခဲ့ပြီး တစ်ပတ်အကြာက ဘုရင် နိုရိုဒွန် သီဟာနု နန်းစွန့်ခဲ့ပြီးနောက် အလျှင်အမြန် ချမှတ်ခဲ့သော ရွေးချယ်ရေး အစီအစဉ်များဖြင့် ဖြစ်သည်။ သီဟာမိုနီအား ရွေးချယ်ခြင်းကို ဝန်ကြီးချုပ် ဟွန်ဆန် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မင်းသား နိုရိုဒွန် ရာနာရစ်ဒ် (ဘုရင်၏ အဖေတူ အမေကွဲ ညီ နှင့် လက်ရှိ အကြံပေးချုပ်) တို့က ထောက်ခံခဲ့ကြပြီး ၎င်းတို့နှစ်ဦးစလုံးမှာ နန်းအပ်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဘုရင်အား ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၉တွင် နန်းတင်ခဲ့သည်။
 
တရားဝင်အားဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ် ဖြစ်သော်လည်း အမှန်တကယ်တွင် "နိုင်ငံမှာ တစ်ပါတီ စနစ်ဖြစ်ပြီး ကမ္ဘောဒီးယား ပြည်သူ့ပါတီနှင့် ခမာနီ အစိုးရမှ ပြောင်းလဲလာပြီး ၁၉၈၅ ခုနှစ်ကတည်းက အာဏာရခဲ့သော ဟွန်ဆန် တို့မှ သာ ကြီးစိုးလျှက် ရှိသည်။သူ၏ အုပ်ချုပ်မှုအောက်တွင် တံခါးဖွင့်ပေးခဲ့သော ရင်းနှီးမြှုပ်နှံမှုအသစ်များမှာ သူနှင့် သူ၏ မိန်းမ ဘန်းရာနီ တို့၏ နောက်လိုက်ခရိုနီများ အတွက်သာ အကျိုးအမြတ် ရှိသည်။" ဟု ဆိုသည်။<ref>{{cite web|url=https://www.forbes.com/sites/meghabahree/2014/09/24/who-you-know-inc-in-cambodia-a-close-friendship-with-the-pm-leads-to-vast-wealth-for-one-power-couple/|title=In Cambodia, A Close Friendship With The PM Leads To Vast Wealth For One Power Couple|author=Bahree, Megha |date=24 September 2014|work=Forbes|access-date=28 October 2014}}</ref>လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အာရှ ဒါရိုက်တာ ဒေးဗစ်ရောဘတ်မှ ကမ္ဘောဒီးယား အစိုးရအား "အာဏာရှင် ညွန့်ပေါင်း နှင့် အပေါ်ယံ ဒီမိုကရေစီ" ဟု ဖော်ပြခဲ့သည်။<ref name="ReferenceA" />
 
ဝန်ကြီးချုပ် ဟွန်ဆန်သည် ၇၄ နှစ်အထိ အုပ်ချုပ်မည်ဟု ကြွေးကြော်ထားသည်။ <ref>{{cite news|last=NEOU|first=VANNARIN|title=Hun Sen Reveals Plan to Win 3 More Elections, Retire at Age 74|url=http://www.cambodiadaily.com/elections/hun-sen-reveals-plan-to-win-3-more-elections-retire-at-age-74-22700/|access-date=16 February 2014|newspaper=The Cambodia Daily|date=7 May 2013}}</ref><ref>{{cite news|last=Thul|first=Prak Chan|title=As protest looms, Cambodia's strongman Hun Sen faces restive, tech-savvy youth|url=http://uk.reuters.com/article/2013/09/06/uk-cambodia-youth-idUKBRE98500G20130906|access-date=14 February 2014|newspaper=Reuters UK|date=6 September 2013}}</ref> သူသည် ဘက်ပြောင်းလာသော ခမာနီ အဖွဲ့ဝင်ဖြစ်သည်။ သူ၏ အစိုးရအား လူ့အခွင့်အရေးကို လျစ်လျူရှုပြီးနှင့် နိုင်ငံရေးအရ မကျေနပ်မှု ထုတ်ဖော်ခြင်းအား ဖိနှိပ်သည် ဟု အမြဲတစေ စွပ်စွဲခံရသည်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲရလာဒ်အား ဟွန်ဆန်၏ အတိုက်အခံတို့နှင့် အငြင်းအခုံ ဖြစ်ခဲ့ပြီး မြို့တော်တွင် ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သည်။ ဆန္ဒပြသူများသည် ထိခိုက်ဒဏ်ရာ ရရှိ၍ သေဆုံးစေခဲ့ပြီး ထိုစဉ်က ဆန္ဒပြသူ ၂၀,၀၀၀ စုရုံးခဲ့ပြီး အချို့မှာ အဓိကရုဏ်းရဲများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ <ref>[https://web.archive.org/web/20130926161920/http://www.channelnewsasia.com/news/asiapacific/cambodia-protest-clashes/814406.html Cambodia protest clashes leave one dead, several wounded]. Channel Asia. 16 September 2013</ref>သာမန် လယ်သမားဘဝမှ လာခဲ့သော ဟွန်ဆန်သည် ၁၉၈၅ ခုနှစ် အာဏာရရှိချိန်တွင် အသက် ၃၃ နှစ်သာ ရှိပြီး သူ့အား အချို့မှ နှစ်ရှည်ကြာ အုပ်ချုပ်သူ အာဏာရှင်ဟု ယူဆကြသည်။<ref>{{cite web|url=https://www.reuters.com/article/2013/09/18/us-cambodia-hunsen-analysis-idUSBRE98H04K20130918|title=Analysis: Punished at the polls, Cambodia's long-serving PM is smiling again|work=Reuters|access-date=28 October 2014}}</ref>
 
===နိုင်ငံရေးယဉ်ကျေးမှု===