ပါဠိစာပေအသင်း: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''လန်ဒန်ပါဠိအသင်း''' သို့မဟုတ်'''လန်ဒန် ပါဠိစာပေအသင်း''' ခေါ် '''ပါဠိစာပေအသင်း'''ကြီးကို ၁၈၈၁ တွင် [[သောမတ် ဝီလျံ ရီးစ်ဒေးဗစ်|သောမတ် ဝီလျံ ရီစ်ဒေးဗစ်]] က ''[[ပါဠိစာပေ]] ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မြှင့်တင်ရန်'' ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။
 
တီ-ဒဗလျူ-ရီစ်ဒေးဗစ်သည် အင်္ဂလိပ်လူမျိုးလည်းဖြစ်၊ ဗြိတိသျှပဋိညာဉ်ဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။ သူသည် သီဟိုဠ်ကျွန်း(ယခုသီရိလင်္ကာနိုင်ငံ)၌ တရားသူကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ယင်း သီဟိုဠ်ဆရာတော်ဘုရားကြီးများထံတွင် ပါဠိစာပေကို လေ့လာသင်ကြားခဲ့သည်။ သို့ဖြင့်ပင် သူသည် ထေရဝါဒဗုဒ္ဓဝါဒနှင့်ရင်းနှီးလာခဲ့သည်။ တဆက်တည်းမှာပင် သူသည် ထေရဝါဒဗုဒ္ဓဝါဒကို The Thrawada or the way of the Elder ဟု နားလည် ယူဆလက်ခံခဲ့သည်။ ထို့ကြောင့်ပင် ရီးစ်ဒေးဗစ်သည် အငြိမ်းစားယူပြီးနောက် ၁၈၈၁-ခုနှစ်၌''လန်ဒန်ပါဠိစာပေအသင်းကြီး''ကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။