အိုရီဂွန်ပြည်နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၆၇ -
အိုရီဂွန်ပြည်နယ်တွင် တောင်တန်းများ၊ ချိုင့်ဝှမ်းများ၊ ကုန်းပြင်မြင့်များရှိသဖြင့် မြေမျက်နှာပြင်မှာ မညီညာချေ။ ကမ်းရိုးတန်းတစ်လျှောက်တွင် ကို့စရိန်းခေါ် ကမ်းရိုးတန်းတောင်များ က ကမ်းမြောင်ဒေသကို အတွင်းပိုင်းဒေသနှင့် ခြားနားထားလေသည်။ ကမ်းရိုးတန်းတောင်များအရှေ့ဘက်တွင် မြေဩဇာ ထက်သန်သော ဝီလာမက်မြစ်ဝှမ်းနှင့် အမ်မကွားမြစ်ဝှမ်းတို့ တည်ရှိသည်။ ထိုမြစ်ဝှမ်းများ၏ အရှေ့ဘက်ရှိ ကက်စကိတ်တောင်တန်းသည် ကမ်းရိုးတန်းတောင်တန်းထက်မြင့်သည်။ ကက်စကိတ်တောင်တန်း အရှေ့ဘက်သည် များသောအားဖြင့် ကုန်းပြင်မြင့်ဒေသ ဖြစ်သည်။
 
ကိုလမ်ဗီးယားမြစ်သည် အိုရီဂွန်ပြည်နယ်၏ အရေးပါ အရာရောက်ဆုံးမြစ်ဖြစ်သည်။ ကိုလမ်ဗီးယားမြစ်နှင့် ယင်း၏ မြစ်လက်တက်တို့မှ စိုက်ပျိုးရာမြေအတွက် ရေကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားကိုလည်းကောင်း ရရှိလေသည်။ ကိုလမ်ဗီးယားမြစ်နှင့် လက်တက်ဖြစ်သော ဝီလာမက်မြစ်တို့သည် ပြည်တွင်းရေကြောင်းသွားလာရေးအတွက် အသုံးဝင်သည်။ ပြည်နယ်၏ အရှေ့ပိုင်းတွင် စနိတ်မြစ်နှင့် ယင်း၏ မြစ်လက်တက်တို့ကြောင့် ရေသွင်းစိုက်ပျိုးရေး ဖြစ်ထွန်းလေသည်။ ကိုလမ်ဗီးယားမြစ်တွင်းမှ ဆာမန်ငါး အမြောက်အမြား ဖမ်းဆီးရရှိလေသည်။
အရှေ့ပိုင်းတွင် စနိတ်မြစ်နှင့် ယင်း၏ မြစ်လက်တက်တို့ကြောင့် ရေသွင်းစိုက်ပျိုးရေး ဖြစ်ထွန်းလေသည်။ ကိုလမ်ဗီးယားမြစ်တွင်းမှ ဆာမန်ငါး အမြောက်အမြား ဖမ်းဆီးရရှိလေသည်။
 
ကက်စကိတ်တောင်တန်းရှိ ကရေတာအိုင်နှင့် အပ်ပါးကလာမပ်အိုင်တို့သည် ရှုခင်းသာယာထင်ရှားသည်။ အိုရီဂွန်ပြည်နယ်တွင် ကက်စကိတ်တောင်တန်း အနောက်ဘက်၌ ဂျပန်ရေစီးကြောင်းကြောင့် လည်းကောင်း၊ ပင်လယ်ဘက်မှတိုက်ခတ်သော လေကြောင့်လည်းကောင်း ရာသီဥတုမှာ မျှတညီညွတ်သည်။ ကမ်းရိုးတန်းတွင် တစ်နှစ်လျှင် မိုးရေချိန် ၇၅ လက်မမှ ၁၃၈ လက်မအထိ ရွာသွန်းသည်။ တောင်တန်းအရှေ့ဘက် အချို့ဒေသများတွင် နွေအခါအပူချိန် ဖာရင်ဟိုက် ၁၁ဝံ အထိတက်၍ ဆောင်းအခါ ၄ဝံ အထိကျဆင်းသည်။ တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန် ၁၇ လက်မခန့်မျှသာ ရရှိသည်။
Line ၇၄ ⟶ ၇၃:
အိုရီဂွန်ပြည်နယ်တွင် နွားနှင့်သိုးကို အကြီးအကျယ် မွေးမြူကြသည်။ ပြည်နယ်အနောက်မြောက်ပိုင်း၌ နွားနို့ထွက် ပစ္စည်းလုပ်ငန်းနှင့် ကြက်ငှက်မွေးမြူခြင်းတို့ကိုလုပ်ကိုင်သည်။ ဂျုံ၊ မြင်းစားဂျုံ၊ ဘီသွာလျှော်၊ အယ်လဖားဖားပင်နှင့် အခြား တိရစ်ဆာန်အစာပင်များ၊ ဟော့ပင်တို့ကိုစိုက်ပျိုးသည်။ အိုရီဂွန်ပြည်နယ်သည် သစ်သီးမျိုးစုံ စိုက်ပျိုးသောပြည်နယ်ဖြစ်၍ ပန်းသီးများမှာ ထင်ရှားသည်။
 
သစ်တောများမှ ဖား ထင်းရှူးသစ်၊ ပိုင်း ထင်းရူးသစ်၊ စပရုထင်းရူးသစ် စသောအဖိုးတန်သစ်များ ရရှိသဖြင့် သစ်လုပ်ငန်းသည်လည်း ထင်ရှားသောလုပ်ငန်းဖြစ်သည်။ ရွှေ၊ ပြဒါး၊ ပလက်တီနမ်၊ ငွေ နှင့် ကြေးနီတို့ကို တူးဖော်ရရှိသည်။ ပြည်နယ်တွင်း၌ ရေအားကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားကို စရိတ်သက်သာစွာ ရနိုင်သောကြောင့် စက်ကူလုပ်ငန်း၊ သစ်လုပ်ငန်း၊ အစားအစာ စည်သွတ်လုပ်ငန်းတို့မှာ ထင်ရှားသော စက်မှုလုပ်ငန်းများဖြစ်သည်။ အိုရီဂွန်ပြည်နယ်တွင် မီးရထားလမ်းမိုင်ပေါင်း ၅,ဝဝဝ ကျော်ရှိသည်။ အာရှနိုင်ငံများနှင့်လည်း ပင်လယ်ခရီးဖြင့် ကုန်ကူးသန်းမှုရှိသည်။ ပြည်နယ်တွင်းလေယာဉ်ဆိပ်ပြည်နယ်တွင်း လေဆိပ် ၁ဝဝ ကျော်ခန့်ရှိသည်။
 
အိုရီဂွန်ပြည်နယ်သည် မူလက တိုင်းရင်းသား အင်ဒီးယန်းတို့ နေထိုင်ရာဒေသဖြစ်သည်။ ရှေးက ဗီဗာဖျံသားမွေးမြောက်မြားစွာ ထွက်သောဒေသဖြစ်ခြင်းကြောင့် အိုရီဂွန်ပြည်နယ်ကို ဗီဗာပြည်နယ်ဟူ၍လည်း ခေါ်ကြသည်။ ၁၈၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အိုရီဂွန်ပြည်နယ်သည် အမေရိကန် ပြည်ထောင်စုထဲသို့ ပါဝင်ခဲ့လေသည်။ ဆာလမ်မြို့သည် ပြည်နယ်၏မြို့တော်ဖြစ်၍ လူဦးရေ ၆၈၈၅၆ ယောက်(၁၉၇ဝ) ရှိသည်။ သို့ရာတွင် လူဦးရေ ၃၈ဝ၅၅၅ ယောက် ရှိသော ပို့တလန်ဆိပ်ကမ်းမြို့သည် စီးပွားကုန်သွယ်ရေး အချက်အခြာ မြို့ကြီးဖြစ်သည်။ အခြားထင်ရှားသောမြို့ကြီးများမှာ ယူဂျင်းမြို့၊ အက်စတိုးရီးယားမြို့၊ အက်ဒဖို့မြို့နှင့် ကိုဗားလစ်မြို့များဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>