ဝိနည်းပိဋကတ်: တည်းဖြတ်မှု မူကွဲများ

added more to clarify how Vinaya pitaka is grouped (or else someone might ask why this pitaka is classified like this or that)
စာကြောင်း ၃ -
'''ဝိနည်းပိဋကတ်''' သည် မြတ်စွာဘုရားရှင်က ရဟန်းများ၊ ရဟန်းမများကို လိုက်နာကျင့်သုံး ဆောက်တည်ရန် ပညတ်တော်မူခဲ့သော ဝိနည်းသိက္ခာပုဒ်များ ဖြစ်သည်။ ထိုသိက္ခာပုဒ်တို့တွင် ဘိက္ခုပါတိမောက်၌ ပါရှိသော ၂၂၇-သွယ် သိက္ခာပုဒ်၊ ဘိက္ခုနီပါတိမောက်ရှိ (၃၁၁) သိက္ခာပုဒ်များပါဝင်သကဲ့သို့ အခြားဝိနည်းဆိုင်ရာအချက်အလက်များကိုလည်း ဤဝိနည်းပိဋကတ်ခေါ် ဝိနည်းငါးကျမ်းတွင် ဖော်ပြပါရှိသည်။
 
==ပိုင်းခြားကန့်သတ်ခြင်း==
==ဝိနည်းပိဋကတ် ၅-ကျမ်:==
ဝိနည်းပိဋကတ်ကို သင်္ဂါယနာတင်သောပုံစံဖြင့် ဘိက္ခုဝိဘင်း ၊ ဘိက္ခုနီဝိဘင်း' ၊ မဟာဝဂ် ၊ စူဠဝဂ် ၊ ပရိဝါ ဟူ၍ ပိုင်းခြားပြီး ကျမ်းစာအနေဖြင့် ပါရာဇိကဏ် ၊ ပါစိတ် ၊ မဟာဝဂ် ၊ စူဠဝဂ် ၊ ပရိဝါ ဟူ၍ ပိုင်းခြားထားကြသည်။<ref name="chatta"/> သို့သော် ဝိနည်းပိဋကတ်အား ကျမ်းစာဖြင့်ပိုင်းခြားရာတွင် ကွဲပြားကြသည်။ အရှင် [[ဗုဒ္ဓဃောသ]] အလိုအားဖြင့် ပါတိမောက္ခနှစ်မျိုး၊ ဥဘတောဝိဘင်္ဂ၊ ခန္ဓက နှင့် ပရိဝါဟူ၍ ပိုင်းခြားသည်။ သို့ရာတွင် ပါတိမောက္ခသည် ဥဘတောဝိဘင်္ဂတွင် ပါဝင်သောကြောင့် အစဉ်အဆက်အရ ဥဘတောဝိဘင်္ဂ၊ ခန္ဓက နှင့် ပရိဝါဟူ၍ဖြစ်သည်။ သိက္ခာပုဒ်များကို "သုတ္တ"ဟူ၍ ခေါ်သောကြောင့် သုတ္တဝိဘင်္ဂ (Suttavibanga) ဟူလည်း ခေါ်ဆိုကြသည်။
ဝိနည်းပိဋကတ်ကို နိကာယ်ငါးရပ် ကျမ်း ၅-ကျမ်းခွဲခြားထားပါသည်။
 
==ဝိနည်းပိဋကတ်ကျမ်းများ==
ဝိနည်းပိဋကတ်ကို မြန်မာနိုင်ငံတွင် စာအုပ်ထုတ်ဝေသောပုံစံအရ ကျမ်း ၅-ကျမ်းအဖြစ် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ :
#[[ပါရာဇိကဏ်]] - အကြီးစားကျူးလွန်မှု (ပြစ်မှုကြီးများ)။
#[[ပါစိတ်]] - အငယ်စားကျူးလွန်မှု။
#[[ဝိနည်းမဟာဝါ|မဟာဝါ]] - ပိုများပြားသော ရှေ့ပိုင်း ခန္ဓက ၁၀-ပါး။
#[[စူဠဝါ]] - နည်းပါးသော နောက် ခန္ဓက ၁၂-ပါး။
#[[ပရိဝါ]] - ရှေ့တွင်ပါရှိသော အကြောင်းအရာများကို သရုပ်ခွဲပုံစံ၎င်း အမေး၊ အဖြေသာမက ပဟေဋ္ဌိသဘောမျိုး ဉာဏ်စမ်းများပါ ပါဝင်သလို ဆရာအစဉ်အဆက် ဘွဲ့နာမည်များလည်း ပါဝင်ပါသည်။<ref name="chatta">{{cite book |editor-last=ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့ |title=ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ |date=၁၉၆၅ |publisher=မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့ |location=ရန်ကုန်မြို့}}</ref>
 
အခြားနည်းအရ ခွဲခြားပုံမှာ :
# သုတ္တဝိဘင်္ဂ (သို့) ဥဘတောဝိဘင်္ဂ
# ခန္ဓက
# ပရိဝါ ဟူ၍ ဖြစ်သည်။
 
ဤပိုင်းခြားသည့်နည်းကို ကျမ်းငါးကျမ်းခွဲနည်းနှင့် ယှဉ်တွဲဖော်ပြရလျှင် သုတ္တဝိဘင်္ဂသည် ပါတိမောက္ခဟုခေါ်ဆိုသော ဘိက္ခုဝိဘင်္ဂနှင့် ဘိက္ခုနီဝိဘင်္ဂ၊ တစ်နည်းအားဖြင့် ပါရာဇိကဏ် နှင့် ပါစိတ် တို့ကို ပေါင်းစပ်ထားသည်။ ခန္ဓက အား မဟာဝဂ္ဂ ခေါ် ဝိနည်းမဟာဝါ နှင့် စူဠဝဂ္ဂ ခေါ် စူဠဝါ တို့နှစ်ခု ပေါင်းစပ်ထားကာ ပရိဝါကျမ်းမှာ အတူတူဖြစ်သည်။<ref name="abc">{{cite book |editor-last=ပညာရေးအဖွဲ့ငယ် |title=ပထမပြန်စာမေးပွဲ၊ ပထမငယ်တန်းများအတွက် ပါဠိစာပေကောက်နှုတ်ချက် |date=၁၉၈၆ |publisher=နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ သာသနာရေးဦးစီးဌာန|location=ရန်ကုန်မြို့၊page=၁-၆}}</ref>
 
==ကိုးကား ကျမ်းမှီး==