အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၁၉ -
၁၉၈၂ ခုနှစ် နောက်ပိုင်းတွင် သစ်တောဦးစီးဌာန၏ ဖွဲ့စည်းပုံအား ခရိုင်အဆင့်ရုံးများ ဖျက်သိမ်းခဲ့သဖြင့် မြို့နယ်အဆင့်ရုံးများဖြင့်သာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှ ၁၉၉၄-၉၅ ဘဏ္ဍာနှစ်တွင် ပထမ(၃)နှစ်တာကာလအား စမ်းသပ်ကာလအဖြစ် သစ်တောဦးစီးဌာနက အထူးဒေသ ကိုးခရိုင်စိမ်းလန်းစိုပြည်ရေး စီမံကိန်းအား စတင်ခဲ့သည်။ ၁၉၉၅-၉၆ ဘဏ္ဍာနှစ်တွင် ကိုးခရိုင် မှ (၁၃)ခရိုင်သို့ တိုးချဲ့ ဆောင်ရွက်ခဲ့သည်။ ၁၉၉၆-၉၇ ဘဏ္ဍာနှစ် မြင်းခြံခရိုင်တွင် ရေဝေတောင်တန်းများ စိမ်းလန်းစိုပြည်ရေး အထူးလုပ်ငန်း စီမံကိန်းကို စတင် ဆောင်ရွက်ခဲ့သည်။
 
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို စီမံကိန်းများ ချမှတ်၍ အလေးထားဆောင်ရွက်သွားရန်၊ အပူပိုင်းဒေသ၌ နောင်သားစဉ်မြေးဆက် ရေရှည် အကျိုးရှိစေမည့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်သွားရန်နှင့် ဒေသခံပြည်သူများလည်း နားလည်သိရှိပြီး ပူးပေါင်းပါဝင်အောင် စည်းရုံး ဆောင်ရွက်သွားရန်အတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။<ref>{{cite web|url=http://www.monrec.gov.mm/?q=department/7|title=အပူပိုင်း​ဒေသစိမ်းလန်းစိုပြည်​ရေးဦးစီးဌာန|publisher=[[သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန]]|accessdate=|archivedate=31 May 2020|archiveurl=https://web.archive.org/web/20200531181720/http://monrec.gov.mm/?q=department%2F7}}</ref>သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်စွဲပါ စာအမှတ် ၁/၁၈၀ (က) (၆)/(၆၂၀/၉၇) ဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအား တိုင်းဒေသကြီး(၃)တိုင်း၊ ခရိုင်(၁၃)ခရိုင်၊ မြို့နယ်(၅၇)မြို့နယ်၊ အပူပိုင်းဒေသ၏ သစ်တောဧရိယာ အကျယ်အဝန်း ၂၁.၅၅၇ သန်း ဧက၊ အရာထမ်း(၁၃၇)ဦး၊ အမှုထမ်း(၃၀၉၄)ဦး၊ ပေါင်း (၃၂၃၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးရုံးချုပ် ကို ဖွင့်လှစ်ခဲ့သည်။
 
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဖွဲ့စည်းပုံအား ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှ စတင်၍ မကွေးတိုင်းဒေသကြီး၊ [[ဂန့်ဂေါခရိုင်]] (ဂန့်ဂေါ၊ ထီးလင်းနှင့် ဆော) (၃)မြို့နယ်အား ချန်လှပ်၍ တိုင်းဒေသကြီး(၃)တိုင်း၊ ခရိုင်(၁၃)ခရိုင်၊ မြို့နယ်(၅၄)မြို့နယ်၊ အကျယ်အဝန်း(၂၀.၁၇)ဧကသန်းဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။