ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၅၉ -
အစောပိုင်း စပိန် နှင့် မက္ကဆီကိုတို့၏ အုပ်ချုပ်မှုအောက်တွင် ကယ်လီဖိုးနီးယား၏ မူလ ရှေးဦးနေ လူမျိုးများ၏ လူဦးရေမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကျဆင်းသွားခဲ့သည်။ အားလုံးထဲတွင် အဓိက အကြောင်းရင်းမှာ ၎င်းတို့သယ်ဆောင်လာသော ကယ်လီဖိုးနီးယားရှိ လူမျိုးတို့အတွက် သဘာဝအလျောက် ခုခံအား မရှိသော ယူရေးရှားမှ ရောဂါများကြောင့် ဖြစ်သည်။ <ref>{{cite web |url= http://www.learncalifornia.org/doc.asp?id=1617|title=Destruction of the California Indians|publisher=California Secretary of State|access-date=April 15, 2012|url-status=dead|archive-url= https://web.archive.org/web/20111207115225/http://www.learncalifornia.org/doc.asp?id=1617|archive-date=December 7, 2011}}</ref> အမေရိကန်အုပ်ချုပ်မှု အသစ်အောက်တွင်လည်း ရှေးဦးနေ လူမျိုးတို့အတွက် ကယ်လီဖိုးနီးယား၏ ပြင်းထန်သော အစိုးရ ပေါ်လစီများသည် တိုးတက်မလာခဲ့ပေ။ အခြားသော အမေရိကန် ပြည်နယ်များ နည်းတူ ဒေသရင်း ရှေးဦးနေ လူမျိုးတို့သည် ဝင်ရောက်လာသော အမေရိကန် အခြေချနေထိုင်သူများ ဖြစ်သည့် သတ္တုတွင်းတူးသူများ၊​ ကျွဲနွားမွေးမြူသူများ နှင့် လယ်သမားများမှ ၎င်းတို့၏ မြေများမှ အတင်းအကြပ် ပြောင်းရွှေ့စေခြင်း ခံရသည်။ ကယ်လီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စုသို့ လွတ်လပ်သော ပြည်နယ်တစ်ခု အနေနှင့် ဝင်ရောက်ခဲ့သော်လည်း လှည့်လည်သွားလာနေသော သို့မဟုတ် အထီးတည်းဖြစ်နေသာ ရက်အင်ဒီးယန်းများမှာ အန်ဂလို-အမေရိကန် သခင်အသစ်များ၏ ကျွန်ပြုမှုကို ၁၈၅၃ ခုနှစ် အစိုးရ နှင့် အင်ဒီးယန်းများကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အောက်တွင် ခံခဲ့ကြရသည်။ ထို့ပြင် ရှေးဦးနေ လူမျိုး ရာချီ အသတ်ခံရသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများလည်း ဖြစ်ပွားခဲ့သည်။
 
၁၈၅၀ ခုနှစ်နှင့် ၁၈၆၀ ခုနှစ်ကြားတွင် ကယ်လီဖိုးနီးယား အစိုးရသည် ဒေါ်လာ ၁.၅ သန်း (၂၅၀,၀၀၀ ခန့်မှာ ဖက်ဒရယ်အစိုးရမှ ပေးခြင်း ဖြစ်သည်။) <ref>{{cite web |url= http://www.militarymuseum.org/MilitiaandIndians.html |title=California Militia and Expeditions Against the Indians, 1850–1859 |publisher=Militarymuseum.org |access-date=March 21, 2012}}</ref> ကို အသုံးပြု၍​ ကြေးစားစစ်သားများကို ငှားရမ်းကာ ၎င်းတို့၏ အလုပ်မှာ အခြေချနေထိုင်သူများအား ရှေဦးနေ လူမျိုးတို့၏ ရန်မှ ကာကွယ်ရန် အတွက် ဖြစ်သည်။ နောင် ဆယ်စုနှစ်များတွင် ဒေသရင်း လူတို့အား ထိန်းသိမ်းရေးနယ်မြေများ နှင့် ရန်ချယ်ရီးယပ်စ် ခေါ် အခြေချ နေထိုင်ရာ နေရာများတွင် ထားရှိခဲ့ကြပြီး ထိုနေရာများမှာ သေးငယ်၍ တစ်သီးတစ်ခြား ဖြစ်ပြီး သဘာဝ အရင်းအမြစ် အလုံအလောက် မရှိသည့်အပြင် ထိုဒေသတွင် နေထိုင်သူတို့ အသက်ဆက်ရန် အတွက် အစိုးရမှ ထောက်ပံ့ခြင်း လည်း မရှိပေ။ အကျိုးဆက်အားဖြင့် ကယ်လီဖိုးနီးယား တိုးတက်လာခြင်းသည် ဒေသရင်း နေထိုင်သူတို့အတွက် မုန်တိုင်းကြမ်း တစ်ခုသာ ဖြစ်သည်။ အချို့သော ပညာရှင်များနှင့် ဒေသရင်း အမေရိကန် တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ဘင်ဂျမင် မက်ဒလေ နှင့် အက်ဒ် ကက်စတီလိုတို့မှ ကယ်လီဖိုးနီးယား အစိုးရ၏ ဆောင်ရွက်မှုများဆောင်ရွက်မှုများကို လူမျိုးတုန်းသတ်ဖြတ်မှုဟု ဖော်ပြခဲ့သည်။<ref>{{cite web |url= http://www.cabrillo.edu/~crsmith/anth6_americanperiod.html;|archive-url= https://web.archive.org/web/20120511152205/http://www.cabrillo.edu/~crsmith/anth6_americanperiod.html|url-status=dead|title=see also Benjamin Madley, American Genocide: The California Indian Catastrophe, 1846–1873, Yale University Press, 2012.|archive-date=May 11, 2012}}</ref>
 
===၁၉၀၀ မှ ယနေ့ခေတ်===