ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၆၂ -
 
===၁၉၀၀ မှ ယနေ့ခေတ်===
[[File:Hollywood-Studios-1922.jpg|thumb|[[ဟောလိဝုဒ်]] ရုပ်ရှင် စတူဒီယိုများ ၊​၁၉၂၂]]
 
၂၀ ရာစုအစောပိုင်းတွင် အဓိက အမေရိကတိုက်ဖြတ် အဝေးပြေးလမ်းမများ ဖြစ်ကြသော လင်ကွန်းအဝေးပြေးလမ်း နှင့် အဝေးပြေးလမ်း ၆၆ တို့ ပြီးစီးပြီးနောက် ကယ်လီဖိုးနီးယားသို့ ရွှေ့ပြောင်းနေထိုင်မှု အရှိန်အဟုန်မြင့်လာခဲ့သည်။ ၁၉၀၀ မှ ၁၉၆၅ အတွင်းတွင် လူဦးရေသည် တစ်သန်းအောက် ရှိရာမှ ပြည်ထောင်စုတစ်ခုလုံးတွင် အများဆုံး ဖြစ်လာခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် လူဦးရေစာရင်းဗျူရို၏ အစီရင်ခံစာအရ ကယ်လီဖိုးနီးယားလူဦးရေတွင် စပိန် ၆.၀% ၊ အာရှသား ၂.၄% နှင့် စပိန်မဟုတ်သူ လူဖြူ ၈၉.၅% ရှိသည်။<ref>{{cite web |title=California—Race and Hispanic Origin: 1850 to 1990 |publisher=U.S. Census Bureau |url= https://www.census.gov/population/www/documentation/twps0056/twps0056.html |url-status=dead |archive-url= https://web.archive.org/web/20141224151538/http://www.census.gov/population/www/documentation/twps0056/twps0056.html |archive-date=December 24, 2014 }}</ref>
 
လူဦးရေအရ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အဓိက အင်ဂျင်နီယာဆိုင်ရာ ပရော့ဂျက်များ ဖြစ်ကြသော ကယ်လီဖိုးနီးယား ရေသယ်မြောင်း နှင့် လော့အိန်ဂျယ်လိစ် ရေသယ်မြောင်း၊​အိုရိုဗေးဆည် နှင့် ရှာစတာဆည်၊ ဆန်ဖရန် စစ္စကို-အော့ကလန် ပင်လယ်အော်တံတား နှင့် [[ဂိုးလ်ဒင်းဂိတ် တံတား]] စသည်တို့ကို ပြည်နယ်တဝှမ်းတွင် တည်ဆောက်ခဲ့ကြသည်။ ပြည်နယ်အစိုးရမှ အဆင့်မြင့်ပညာရေး နှင့် ပတ်သက်၍ ကယ်လီဖိုးနီးယား၏ မာစတာ ပလန် ကို ၁၉၆၀ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး အများပြည်သူဆိုင်ရာ ပညာရေးနှင့် ပတ်သက်၍ အလွန်စွမ်းအားပြည့်ဝသော စနစ်ကို တည်ထောင်ရန် အတွက် ဖြစ်သည်။
 
==ပထဝီဝင်==
ကယ်လီဖိုးနီးယားပြည်နယ်၏ ရာသီဥတုမှာ ကမ္ဘာပေါ်တွင် အသာယာဆုံး ဖြစ်သည်ဟု ဆိုလေသည်။