အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု ဥပမာများ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇ -
 
အဖြူရောင်အမျိုးသမီးများအဖွဲ့ ([[:en:Ladies in White|Ladies in White]]) သည် ထောင်ကျခံနေရသော ကျူးဘားအာဏာရှင်အစိုး​ရဆန့်​ကျင်သူတို့၏ ဇနီးများ၊ မိခင်များနှင့် ညီမများဖြစ်ကြပြီး၊ သူတို့သည် ငြိမ်းချမ်းသော အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုကို အသုံးပြုကာ အဆိုပါ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြသည်။<ref>{{cite web|url=http://www.csmonitor.com/2008/0422/p01s07-woam.html|title=Cuba arrests Ladies in White|work=Christian Science Monitor|year=2008}}</ref> ၎င်းအဖွဲ့သည် ဥရောပသမဂ္ဂ၏ လွတ်လပ်စွာတွေးခေါ်မှုအတွက် [[စက်ခါရော့ဗ်ဆု]] ([[:en:Sakharov Prize for Freedom of Thought|Sakharov Prize for Freedom of Thought]]) ဆုကို ၂၀၀၅-ခုနှစ်တွင် ရရှိခဲ့သည်။<ref>{{cite web|url=http://www.europarl.europa.eu/sides/getDoc.do?pubRef=-//EP//TEXT+IM-PRESS+20051017FCS01528+0+DOC+XML+V0//en |title=Ladies, Ibrahim and Reporters joint Sakharov prize winners |publisher=Europarl.europa.eu |access-date=2010-07-29}}</ref> ([[အောင်ဆန်းစုကြည်|ဒေါ်အောင်ဆန်းစုကြည်]]က ဤဆုကို ၁၉၉၀-ခုနှစ်တွင် ရရှိခဲ့သည်။ <ref>[[စက်ခါရော့ဗ်ဆု]]</ref>)
 
==အက်စ်တိုးနီးယားနိုင်ငံ==
{{Main|Singing Revolution}}
အမျိုးမျိုးသော ဆန္ဒပြပွဲများနှင့် အာဏာဖီဆန်ရေး ဆန့်ကျင်လုပ်ရပ်များပါဝင်သော သီချင်းဆိုတော်လှန်ရေး ([[:en:Singing Revolution|Singing Revolution]])ကို အက်စ်တိုးနီးယားနိုင်ငံတွင် လေးနှစ်တိုင်တိုင် ပြုလုပ်ခဲ့သည်။ ၁၉၉၁-ခုနှစ်တွင် ဆိုဗီယက်တင့်ကားများသည် လွတ်လပ်ရေးဆီသို့ တိုးတက်မှုကို ရပ်တန့်ရန် ကြိုးပမ်းသည့်အခါ အက်စ်တိုးနီးယားမဟာကောင်စီ ([[:en:1990 Estonian Supreme Soviet election|Supreme Council of Estonia]])နှင့် အက်စ်တိုးနီးယား ကွန်ဂရက် ( [[:en:Congress of Estonia|Congress of Estonia]]) တို့က လွတ်လပ်သော အက်စ်တိုးနီးယားပြည်နယ် ပြန်လည်တည်ထောင်ခြင်းကို ကြေငြာပြီး ဆိုဗီယက်ဥပဒေကို ငြင်းပယ်ခဲ့သည်။ ပြည်သူလူထုသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားစက်ရုံများကို ဆိုဗီယက်တင့်ကားများမှ ကာကွယ်ရန် လူ့ဒိုင်းများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ဤလုပ်ဆောင်မှုများမှတစ်ဆင့် သွေးထွက်သံယိုမှုမရှိဘဲ လွတ်လပ်ရေး အောင်မြင်စွာရယူနိုင်ခဲ့သည်။<ref>{{cite web |url=http://www.stateofworldliberty.org/report/results.html |title=Summary/Observations - The 2006 State of World Liberty Index: Free People, Free Markets, Free Thought, Free Planet |publisher=Stateofworldliberty.org |access-date=2010-07-29 |url-status=dead |archive-url=https://web.archive.org/web/20100930180917/http://www.stateofworldliberty.org/report/results.html |archive-date=2010-09-30 }}</ref>
 
==ကိုးကား==