အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု ဥပမာများ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာကြောင်း ၉ -
==အက်စ်တိုးနီးယားနိုင်ငံ==
{{Main| :en:Singing Revolution}}
အမျိုးမျိုးသော ဆန္ဒပြပွဲများနှင့် အာဏာဖီဆန်ရေး ဆန့်ကျင်လုပ်ရပ်များပါဝင်သော '''သီချင်းဆိုတော်လှန်ရေး''' ([[:en:Singing Revolution|Singing Revolution]])ကို အက်စ်တိုးနီးယားနိုင်ငံတွင် လေးနှစ်တိုင်တိုင် ပြုလုပ်ခဲ့သည်။ (အဆိုပါ "သီချင်းဆိုတော်လှန်ရေး"ဟူသော အသုံးအနှုန်းကို အက်စ်တိုးနီးယားတက်ကြွလှုပ်ရှားသူနှင့် အနုပညာရှင် [[:en:Heinz Valk|Heinz Valk]] မှ ၁၉၈၈-ခုနှစ် ဇွန် ၁၀–၁၁ မှ ဆောင်းပါးတစ်ခုတွင် [[:en:Tallinn Song Festival Grounds|Tallinn Song Festival Grounds]]တွင် '''လူထုမှ အလိုအလျောက်သံပြိုင် သီချင်းသီဆို
==အီဂျစ်နိုင်ငံ==
{{Further| :en:Egyptian Revolution of 1919}}
ခေတ်သစ်အီဂျစ်၏ သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့သော (အများစုမှာ ကျယ်ကျယ်ပြန့်ပြန့် မသိသေးသော) အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများအနက် ၁၉၁၉-ခုနှစ် အီဂျစ်တော်လှန်ရေးကို ကမ္ဘာအတိုင်းအတာအရ အစောဆုံး အောင်မြင်မှုရရှိခဲ့သော အကြမ်းမဖက်သော လှုပ်ရှားမှုတစ်ရပ်အဖြစ် မှတ်ယူကြသည်။ ၎င်းသည် အီဂျစ်နှင့်ဆူဒန်ကို ဗြိတိသျှကိုလိုနီနယ်ချဲ့အုပ်ချုပ်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ဆန့်ကျင်သော တော်လှန်ရေး ဖြစ်ခဲ့သည်။ ၁၉၁၉-ခုနှစ်တွင် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးမှ တော်လှန်ရေးခေါင်းဆောင် Saad Zaghlul နှင့် Wafd ပါတီမှ အခြားအဖွဲ့ဝင်များအား ပြည်နှင်ဒဏ်ပေးခြင်းကို ကန့်ကွက်သည့်အနေဖြင့် အီဂျစ်နှင့် ဆူဒန်လူမျိုး အလွှာပေါင်းစုံမှ လူတန်းစားပေါင်းစုံက စတင်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းသားများနှင့် ရှေ့နေများတို့၏ သပိတများ ၊ စာတိုက်၊ ကြေးနန်းဆက်သွယ်ရေး၊ လျှပ်စစ်ရထားနှင့် မီးရထားလုပ်သားများ၏ သပိတ်များနှင့် နောက်ဆုံးတွင် အီဂျစ်အစိုးရ ၀န်ထမ်းများ၏ သပိတ်များဖြင့် ၁၉၁၉ အီဂျစ်တော်လှန်ရေးသည် လပေါင်းများစွာ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်က ၁၉၂၂-ခုနှစ်တွင် အီဂျစ်လွတ်လပ်ရေးကို ဗြိတိန်မှ အသိအမှတ်ပြုခြင်းနှင့် ၁၉၂၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အကောင်အထည်ဖော်ခြင်းတို့ကို ဖြစ်မြောက်လာစေခဲ့သည်။
==ကိုးကား==
|