အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု ဥပမာများ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၃ -
 
==အီဂျစ်နိုင်ငံ==
{{FurtherMain| :en:Egyptian Revolution of 1919}}
ခေတ်သစ်အီဂျစ်၏ သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့သော (အများစုမှာ ကျယ်ကျယ်ပြန့်ပြန့် မသိသေးသော) အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများအနက် ၁၉၁၉-ခုနှစ် အီဂျစ်တော်လှန်ရေးကို ကမ္ဘာအတိုင်းအတာအရ အစောဆုံး အောင်မြင်မှုရရှိခဲ့သော အကြမ်းမဖက်သော လှုပ်ရှားမှုတစ်ရပ်အဖြစ် မှတ်ယူကြသည်။ ၎င်းသည် အီဂျစ်နှင့်ဆူဒန်ကို ဗြိတိသျှကိုလိုနီနယ်ချဲ့အုပ်ချုပ်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ဆန့်ကျင်သော တော်လှန်ရေး ဖြစ်ခဲ့သည်။ ၁၉၁၉-ခုနှစ်တွင် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးမှ တော်လှန်ရေးခေါင်းဆောင် Saad Zaghlul နှင့် Wafd ပါတီမှ အခြားအဖွဲ့ဝင်များအား ပြည်နှင်ဒဏ်ပေးခြင်းကို ကန့်ကွက်သည့်အနေဖြင့် အီဂျစ်နှင့် ဆူဒန်လူမျိုး အလွှာပေါင်းစုံမှ လူတန်းစားပေါင်းစုံက စတင်ခဲ့ခြင်း ဖြစ်သည်။
 
ကျောင်းသားများနှင့် ရှေ့နေများတို့၏ သပိတများသပိတ်များ ၊ စာတိုက်၊ ကြေးနန်းဆက်သွယ်ရေး၊ လျှပ်စစ်ရထားနှင့် မီးရထားလုပ်သားများ၏ သပိတ်များနှင့် နောက်ဆုံးတွင် အီဂျစ်အစိုးရ ၀န်ထမ်းများ၏ သပိတ်များဖြင့် ၁၉၁၉ အီဂျစ်တော်လှန်ရေးသည် လပေါင်းများစွာ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်က ၁၉၂၂-ခုနှစ်တွင် အီဂျစ်လွတ်လပ်ရေးကို ဗြိတိန်မှ အသိအမှတ်ပြုခြင်းနှင့် ၁၉၂၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အကောင်အထည်ဖော်ခြင်းတို့ကို ဖြစ်မြောက်လာစေခဲ့သည်။
 
==ကိုးကား==