သတ္တမမြောက်အာရုံ: တည်းဖြတ်မှု မူကွဲများ

"'''သတ္တမမြောက်အာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၂၁:၃၇၊ ၇ ဖေဖော်ဝါရီ ၂၀၂၁ ရက်နေ့က မူ

သတ္တမမြောက်အာရုံ (အင်္ဂလိပ်: 7th Sense Creation) သည်မြန်မာနိုင်ငံ၏အဓိက မီဒီယာနှင့်ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်သည်။ 7th Sense သည် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်ဦးစီးချုပ်မင်းအောင်လှိုင်၏သမီးဖြစ်သူ ခင်သီရိသက်မွန်အားကစားဝန်ကြီးဟောင်းတင့်ဆန်း၏သားဖြစ်သူစန်းကိုကိုတင့်ဆန်း၊ ဝေမင်းအောင်နှင့် နိုင်ဖြိုးကျော်တို့သည် ကုမ္ပဏီကိုတည်ထောင်ခဲ့သည်။[၁] ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက်တွင်ကုမ္ပဏီကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့သည်။[၂] ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရုပ်ရှင်ဇာတ်ကားရှစ်ကားကိုထုတ်လုပ်ခဲ့သည်။ ဇာတ်ကားတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုနိုင်ရသည့် မုန်းစွဲရုပ်ရှင်ပါဝင်သည်။ [၃] 7th Sense သည် အခြားပြိုင်ဘက်ကုမ္ပဏီများထက် အရင်းအနှီးများ၊ သရုပ်ဆောင်လစာ၊ ရုပ်ရှင်ဘတ်ဂျက်ကို ကျော်လွန်နိုင်စွမ်းရှိသည့်အတွက် စစ်ဆေးခံခဲ့ရသည်။[၃]

၂၀၁၉ ခုနှစ် ဇူလိုင်လတွင် 7th Sense သည်မြန်မာနိုင်ငံ၏အအောင်မြင်ဆုံးရုပ်ရှင်သရုပ်ဆောင်နှစ်ဦးဖြစ်သည့်နေတိုးနှင့် ဝတ်မှုန်ရွှေရည်တို့ဖြင့် သီးသန့်စာချုပ်ချုပ်ခဲ့သည်။[၃] ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ခင်သီရိသက်မွန်၏ဖခင်မင်းအောင်လှိုင်နှင့်ပတ်သက်သည့် အမေရိကန်အစိုးရစီပွားရေးပိတ်ဆို့​မှုကြောင့် အမေရိကန်သံရုံး၊ ရန်ကုန်သည် ဂီတပွဲတော်အတွက် 7th Senseဖြင့်ပူးပေါင်းသည့်သတင်းထွက်လာသည့်အခါမှာ ဝေဖန်မှုများခံခဲ့သည်။[၄][၅][၆]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း၏နောက်ပိုင်းတွင် 7th Sense သည်မြန်မာတပ်မတော်နှင့်ဆက်နွယ်မှုများကြောင့် လူထုကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ပြည်တွင်းသပိတ်မှောက်မှု၏ပစ်မှတ်ဖြစ်ခဲ့သည်။[၇]

ကိုးကား

  1. Military Chief’s Family Members Spend Big on Blockbuster Movies, Beauty Pageants (in en)။ 2021-02-04 တွင် ပြန်စစ်ပြီး။
  2. SEVENTH SENSE COMPANY LIMITED။ 2021-02-04 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named : 0
  4. တပ်ချုပ်သမီးပိုင် မီဒီယာကုမ္ပဏီနှင့် ပတ်သက်၍ ဝေဖန်ခံလိုက်ရသည့် အမေရိကန်သံရုံး (in my) (2020-12-15)။ 2021-02-04 တွင် ပြန်စစ်ပြီး။
  5. Music festival’s ties to top general’s daughter earn US embassy online ire (in en)။ 2021-02-04 တွင် ပြန်စစ်ပြီး။
  6. US Embassy Under Fire for Working With Firm Owned by Sanctioned Military Chief’s Daughter (in en-US) (15 December 2020)။ 4 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  7. Myanmar calls for boycott of Tatmadaw linked products and services (2021-02-03)။ 2021-02-04 တွင် ပြန်စစ်ပြီး။

External links