ဘိုမြ၊ စော: တည်းဖြတ်မှု မူကွဲများ

→‎ဘိုမြ၊ စော: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ဘိုမြ၊ စော: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၆ -
ကရင့် တော်လှန်ရေး စတင်ချိန် ၁၉၄၉ ခုနှစ် ကတည်းက ပါဝင် လာခဲ့တဲ့ ဗိုလ်ချုပ်ကြီး စောဘိုမြဟာ လက်နက်ကိုင် တော်လှန်ရေးကို ၅၇ နှစ် နီးပါး ဆင်နွှဲခဲ့သူ ဖြစ်ပါသည်။ ဟန်ပန် ကင်းရှင်းပြီး ကိုယ့်ယုံကြည်ချက်ကို ရိုးရိုးသားသား ဆုပ်ကိုင်ထားတဲ့ တိုင်းရင်း တော်လှန်ရေး ခေါင်းဆောင် တစ်ဦးအဖြစ် တိုင်းရင်းသားနဲ့ [[ဒီမိုကရေစီ]] အဖွဲ့အစည်းတွေက လူတွေက လက်ခံထားသူ တစ်ဦး ဖြစ်ပါသည်။
 
၁၉၇၆ ခုနှစ်မှ ၂ဝဝဝ ပြည်နှစ် အထိ [[ကရင် အမျိုးသား အစည်းအရုံး]] (KNU) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် နေစဉ် အတွင်း KNU စစ်ဦးစီးခုျပ်စစ်ဦးစီးချုပ် တာဝန်ကိုလည်း ဆောင်ရွက် ခဲ့ပါသည်။ ၂ဝဝဝ ခုနှစ်တွင် ကျင်းပသည့် ကေအဲန်ယူ (၁၂) ကြိမ်မြောက် ပါတီ ကွန်ဂရက် မှာတော့ ဗိုလ်ချုပ်ကြီး စောဘိုမြဟာ ဒုဥက္ကဋ္ဌနဲ့ ကာကွယ်ရေးရာ ဌာနကြီးမှူး အဖြစ် ပြန်လည် ရွေးကောက် တင်မြောက် ခံရပါသည်။
 
မိခင် KNU အဖွဲ့အစည်း တာဝန်များ အပြင် [[အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု]] (NDF) မှာ ၁၉၇၇ ခုနှစ်မှ ၁၉၈၇ ခုနှစ် အထိ ဥက္ကဋ္ဌ တာဝန် ယူခဲ့ပြီး၊ [[မြန်မာနိုင်ငံ အမျိုးသား ကောင်စီ]] (NCUB) နဲ့ [[မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်]] (DAB) စတဲ့ အဖွဲ့အစည်း တွေမှာလည်း ၁၉၉၁ မှ ၂ဝဝ၄ ခုနှစ် အထိ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင် ခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ် (ကွယ်လွန်ချိန်) အထိ နာယကကြီး အဖြစ် တာဝန် ယူခဲ့သလို KNU ကာကွယ်ရေး ဌာနကြီးမှူး တာဝန်ကိုလည်း ထမ်းဆောင် သွားခဲ့ပါသည်။