မြသွဲ့သွဲ့ခိုင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး add ref
အချက်အလက်ထပ်ဖြည့်
စာကြောင်း ၂၆ -
==စိစစ်တွေ့ရှိချက်များ==
လူမှုကွန်ယက်အပေါ်တွင်တွေ့ရှိရသော သူမ၏ဆိုင်ကယ်စီးဦးထုပ်ပုံများအရ ကျည်ဆံမှာ ဦးထုပ်ကို ဖေါက်ထွက်သွားပုံရပြီး ရာဘာကျည်မဖြစ်နိုင်ကြောင်း၊ ကျည်အစစ်သာ ဖြစ်နိုင်ကြောင်းကို မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူဖြစ်သော ဒေါက်တာကိတ်ဟယူဝင်ဇ်( Kate Hewins)မှ ကောက်ချက်ဆွဲခဲ့သည်။<ref name=bbc-shooting/> ထို့အပြင် သူမ၏ လဲကျသွားသည့် ပုံသဏ္ဍာန်အရ ၎င်းကျည်ဆံ ပြန်စဉ်လာခြင်းမျိုးမဟုတ်ပဲ တိုက်ရိုက် ထိမှန်ခံရခြင်းဖြစ်ကြောင်းကို သူမက ကောက်ချက်ချခဲ့သည်။<ref name=bbc-shooting/>
 
၎င်းကို ကုသသော နေပြည်တော်ဆေးရုံရှိ ဆရာဝန်တစ်ဦးက ကျည်ဖူးမှာ သူမ၏ ဦးခေါင်းအတွင်းစိုက်ဝင်နေကြောင်း၊ သူမဦးနှောက်လုပ်ငန်း အများစုမှ အလုပ်မလုပ်တော့ကြောင်း၊ ဒဏ်ရာမှာ ကျည်အစစ်ကြောင့် ရရှိသော ဒဏ်ရာပုံဖြစ်ကြောင်း၊ သတ္တုကျည်ဖူးမှာ ညာဖက်နားအနောက်မှ ဖေါက်ဝင်ပြီး ဦးခေါင်း၏ ဘယ်ဘက်ခြမ်းတွင် စိုက်နေကြောင်း ပြောဆိုခဲ့သည်။<ref>{{cite web
|title=Myanmar: Lethal Force Used Against Protesters
|url=https://www.hrw.org/news/2021/02/09/myanmar-lethal-force-used-against-protesters
|accessdate=2021-02-12
|archiveurl=https://web.archive.org/web/20210210143708/https://www.hrw.org/news/2021/02/09/myanmar-lethal-force-used-against-protesters
|archivedate=2021-02-10
|url-status=live
}}</ref>