မြရင်၊ မ (လေဘာတီ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၅ -
[[File:Statute of Ma Mya Yin.jpg|100px|thumb|အမျိုးသားဇာတ်ရုံရှိ ရုပ်တု]]
[[File:Liberty Ma Mya Yin.jpg|thumb|မန္တလေး အမျိုးသား ကဇာတ်ရုံ ရှေ့ရှိ လေဘာတီ မမြရင် ရုပ်ထု]]
နာမည်ကျော် အငြိမ့်မင်းသမီးအငြိမ့်မင်းသမီးနှင့် ဓာတ်ပြားအဆိုတော် '''လေဘာတီမြရင်''' (၁၉၀၄–၁၉၄၅)ကို မင်းသား ဦဖိုးသစ်နှင့် မင်းသမီးဒေါ်ဉာဏ်ယုံတို့က ၁၂၆၆ခုနှစ်တွင် သာစည်နယ် ရွှေဖလားကန်ရွာ၌ မွေးဖွားခဲ့ပါသည်။ သဘင်မျိုးရိုးဖြစ်သောကြောင့် ငယ်စဉ်ကပင် သဘင်ပညာ အရပ်ရပ်နှင့် နီးစပ်သိမီခဲ့ပြီး ဝါသနာနှင့် ပင်ကိုယ်ပါရမီတို့ကြောင့် မန္တလေးမြို့သို့ ကပြရန် ရောက်ရှိသွားသောအခါ မြို့ အငြိမ့်မင်းသမီးများနှင့် အပြိုင်အဆိုင် ကနိုင်ခဲ့သည်။
 
မမြရင်သည် အသက်၂၀အရွယ်၌ အိမ်ထောင်ကျသည်။ သို့သော်လည်း အငြိမ့်သဘင်သည်ဖြစ်သောကြောင့် ဤသူကား မမြရင်၏ ခင်ပွန်းပါဟု အထင်ကရ ပြသပြောဆိုခြင်းမရှိ။ ခင်ပွန်းဖြစ်သူကလည်း ငွေကြေးချမ်းသာသော မျက်နှာကြီး ဖြစ်သဖြင့် မမြရင်မှာ သူ၏ ဇနီးဟူ၍ ကြော်ငြာပြောဆိုခြင်းမရှိဘဲ တစ်သက်လုံး သမီးရည်းစားလင်မယားဘဝနှင့် နေသွားကြရသည်။ မမြရင်ဆိုသော ဦးသဝန်ကြောင် သီချင်းမှာ လူပြက်များနှင့် ရောနှောနေထိုင်သည်ကို မကြိုက်နိုင်ကြောင်း ထိုပုဂ္ဂိုလ်က ပြောသဖြင့် နန်းတော်ရှေ့ ဆရာတင်က သိရှိပြီး အချက်ကျကျ ရေးလိုက်သော သီချင်းဖြစ်ကြောင်း သိရှိရပါ၏။