နောင်ချိုမြို့နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၉၉ -
 
== ထင်ရှားသော နေရာများ ==
*# ကုန်းစံကျေးရွာအုပ်စု၊ [[ဂုတ်ထိပ်ရွာ]]အနီး၊ [[ဂုတ်ထိပ်ကြိုးဝိုင်း]] အတွင်းရှိ [[ဂုတ်ထိပ်တံတား]] နှင့် [[ထုံးကျောက်ဂူ]]များ၊ [[ရေတံခွန်]]များ (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
*# နောင်ချိုကြီးကျေးရွာအုပ်စု၊ နောင်ချိုကြီးကျေးရွာ အနီးရှိ တိမ်ပင်လယ်အပန်းဖြေစခန်းများ (နောင်ချို-ရပ်စောက်လမ်းမှ ဝင်ရောက်ရသည်။)
*# ရေတွင်းကြီးကျေးရွာအုပ်စုအတွင်း [[ဒုဋ္ဌဝတီမြစ်]]တာဖလန်းဆိပ်အနီးရှိ [[ရှမ်းပြည်နယ်]]တောင်ပိုင်းနှင့်မြောက်ပိုင်းကို ဆက်သွယ်ပေးထားသည့် [[ဒုဋ္ဌဝတီမြစ်ကူးတံတား (နောင်ချို)]]
*# ရေတွင်းကြီးကျေးရွာအုပ်စု၊ ရေတွင်းကြီးရွာ တောင်ဖက် [[ဒုဋ္ဌဝတီမြစ်]]ကျဉ်း နှင့် ပြောင်လျှိုရေကျ (ဘန့်ဘွေး-ပိန်းအင်းလမ်း သို့မဟုတ် ဘန့်ဘွေး-ညောင်ထောက်လမ်း၊ ထိုမှတစ်ဆင့် ပြဿနာများ ဖြစ်ပွားလျက်ရှိသော ရွှေဝါမြေစိုက်ခင်း၊ ဂယ်လောင်းရွာ၊ ဂယ်လောင်း အကျဉး်စခန်း၊ ဘန်ဘုံရွာ၊ မယ်ဟုံရွာများကို ဖြတ်သန်းပြီး မယ်ဟုံရွာအနီးလှေဆိပ်မှတစ်ဆင့် စက်လှေစီး၍ ဝင်ရောက်ရသည်။)
*# တောင်ခမ်းကျေးရွာအုပ်စု၊ မန်မော်ရွာရှိ [[တိပိဋကဓရ]][[တိပိဋကကောဝိဓ]]ဓမ္မဘဏ္ဍာကာရိက [[ကမ္ဘောဇဆရာတော်]]သီတင်းသုံးတော်မူရာ ကမ္ဘောဇကျောင်းတိုက် (နောင်ချို-ရပ်စောက်လမ်းပေါ်တွင် ရှိသည်။)
*# နောင်တောအုပ်စု၊ ယာပြင် သရက်ချို ကျေးရွာများရှိ [[လက်ဖက်]]စိုက်ခင်းများ နှင့် လက်ဖက်လုပ်ငန်းများ (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
*# အင်းဖိုအုပ်စု၊ ရွှေကူလက်ပံကုန်းရွာရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
*# အင်းဖိုကျေးရွာအုပ်စု၊ အင်းဖိုရွာအနီး၊ [[ဂယ်လောင်းအဆိုပြုကြိုးပြင်ကာကွယ်တော]] အတွင်းရှိ [[ရေပျောက်တောင်ရေတံခွန်]] (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
*# လုံဝယ်အုပ်စု၊ ဆင်ရှောရွာ နှင့် မြင်းဖြူရွာ အကြားရှိ ရှုခင်းကြည့်နိုင်သော ဘုရားလောင်းမြင်းဖြူ ကျက်စားခဲ့ရာ အထိန်းအမှတ် မြင်းဖြူဘုရား (နောင်ချို-ရပ်စောက်လမ်း၊ ကံကြီးရွာ မှ ဝင်ရောက်ရသည်။)
*# မျက်ချဉ်းနုကျေးရွာ မျက်ချဉ်းနုကျောင်းတိုက် အတွင်းရှိ [[ဆရာစံ]] ပုန်းအောင်းခဲ့ရာ ဆရာစံပြဿာဒ် (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
*# ကျောက်တောအုပ်စု၊ ကျောက်တောရွာ ရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
*# နောင်ချိုမြို့မရဲစခန်းအတွင်းရှိ [[ဆရာစံ]]ကို ချုပ်နှောင်ခဲ့ဖူးသည့် နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အဆောက်အဦ ဆရာစံရုံး
*# လုံရုံးအုပ်စု သဖန်းကိုင်းရွာရှိ အနော်ရထာ စစ်ချီလမ်းကြောင်း အထိန်းအမှတ် တဲနန်းတော်ဘုရား (မန္တလေး-မူဆယ် အာရှလမ်းမကြီး အနီးတွင် ရှိသည်။)
*# လုံရုံးကျေးရွာအုပ်စု၊ လောက်ဖန်းရွာ အနီးရှိ သရဖူဘိလပ်မြေစက်ရုံ (မန္တလေး-မူဆယ် အာရှလမ်းမကြီး၊ ကျောက်ကြမ်းရွာ မှ ဝင်ရောက်ရသည်သည်။)
*# ဆိတ်ဖူးကျေးရွာအုပ်စု၊ ဆိတ်ဖူးရွာ အနီးရှိ [[ဆိပ်ဖူးရေပူစမ်း]](မန္တလေး-မူဆယ် အာရှလမ်းမကြီး၊ အုမ္မခါးရွာ မှ ဝင်ရောက်ရသည်သည်။)
*# အုမ္မခါးကျေးရွာအုပ်စု၊ [[အုမ္မခါးကြိုးဝိုင်း]]အတွင်းရှိ [[မက္ကဒေးမီးယား]] နှစ်ရှည်သီးနှံစိုက်ပျိုးခြံများ (မန္တလေး-မူဆယ် အာရှလမ်းမကြီး ဘေးတွင်ရှိသည်။)
*# ကုန်းကြီးရွာမအုပ်စု၊ အင်းဝိုင်းရွာအနီးရှိ [[အင်းဝိုင်းရေတံခွန်]] နှင့် [[နမ့်ငိုရေတံခွန်]] (မန္တလေး-မူဆယ် အာရှလမ်းမကြီး၊ ဘန့်ဘွေးရွာမှ ဝင်ရောက်ရသည်။)
*# ကုန်းကြီးရွာမအုပ်စု၊ အင်းဝိုင်းရွာအနီးရှိ ဆင်းရွှေလီအမှတ်(၂)နှင့်(၃)သကြားစက်ရုံ (မန္တလေး-မူဆယ် အာရှလမ်းမကြီး၊ ဘန့်ဘွေးရွာမှ ဝင်ရောက်ရသည်။)
*# ဆမ္မဆယ်ကျေးရွာအုပ်စု၊ အုမ္မသီးရွာ၊ အုမ္မသီးလမ်းခွဲရှိ [[ငါးခူ]][[မျှစ်ချဉ်]]ဟင်း နှင့် [[ခရု]]ဟင်း ရောင်းချသည့် စားသောက်ဆိုင်များ (မန္တလေး-မူဆယ် အာရှလမ်းမကြီး ဘေးတွင်ရှိသည်။)
*# ဆမ္မဆယ်ကျေးရွာအုပ်စု၊ ဆမ္မဆယ်ရွာအနီးရှိ ဆင်းရွှေလီအမှတ်(၁)သကြားစက်ရုံ (မန္တလေး-မူဆယ် အာရှလမ်းမကြီး အုမ္မသီးလမ်းခွဲ၊ ထိုမှတစ်ဆင့် ဆမ္မဆယ်ရွာမှ ဝင်ရောက်ရသည်။)
*# ဆီဆုံကျေးရွာအုပ်စု၊ ချောင်းကြီးရွာအနီးရှိ [[ချောင်းကြီးရေတံခွန်]] ခေါ် [[ရေပျံတောင်ရေတံခွန်]] (မန္တလေး-မူဆယ် အာရှလမ်းမကြီး ဘန့်ဘွေးရွာမှတစ်ဆင့်၎င်း၊ အုမ္မသီးလမ်းခွဲ၊ ထိုမှတစ်ဆင့် သုံးဆယ်ရွာမှ၎င်း၊ ပြင်ဦးလွင်-မိုးကုတ်လမ်း သံဘိုရွာအနီးမှ၎င်း ဝင်ရောက်ရသည်။)
*# သုံးဆယ်အုပ်စု၊ သုံးဆယ်တပေါင်းပွဲကျင်းပရာ ရွှေဆံတော်ဘုရား (မန္တလေး-မူဆယ် အာရှလမ်းမကြီး အုမ္မသီးလမ်းခွဲ မှ ဝင်ရောက်ရသည်။)
*# သုံးဆယ်ကျေးရွာအုပ်စု၊ သက်ရှည်မြိုင်ရွာရှိ သက်ရှည်မြိုင်ဂေါ်ရခါးတက္ကသိုလ် (သုံးဆယ်ရွာမှ ဝင်ရောက်ရသည်။)
*# သုံးဆယ်ကျေးရွာအုပ်စု ကျောက်သုံးလုံးရွာ အနီးရှိ [[ကိုရီးယား]] [[သခွား]]မျိုးစေ့ထုတ်ခြံ
*# ဟိုခိုကျေးရွာအုပ်စု၊ ဟိုခိုတောင်ကျေးရွာ၏ အရှေ့တောင်ဖက်ရှိ ဆရာစံသဘာဝထုံးကျောက်ဂူ (ဟိုခိုတောင်ရွာ မှ ဝင်ရောက်ရသည်။)
*# ဟိုခိုအုပ်စု၊ ဟိုခိုမြောက်ရွာ ဘုရားလောင်းသမင်မင်း မြားဒဏ်ရာမှ သွေးများ ယိုစီးကျသည့် နေရာတွင် တည်သည်ဆိုသော ဘုရားနီဘုရား (ဟိုခိုမြောက်ရွာမှ ဝင်ရောက်ရသည်။)
*# ဟိုခိုအုပ်စု၊ ချောင်းသာရွာထိပ်ရှိ ဘုရားပွဲမကျင်းပလျင် မိုးခေါင်သည် ဟူသော ချောင်းသာရှေးဟောင်းဘုရားစေတီ နှင့် သမင်ရုပ်ကို ဓာတ်ပုံရိုက်လျင် ဓာတ်ပုံတွင် မပေါ်သော သမင်ရုပ် ရှိခဲ့ဖူးသည် ဆိုသော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း (ဟိုခို-မိုးကုတ်လမ်း၊ ဟိုခိုရွာ မြောက်ဘက်နားမှ ဝင်ရောက်ရသည်။)
*# ဘန့်ဘွေးကျင်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကျင်းရွာအနီး၊ ကိုင်းကြီးကြိုးဝိုင်း အတွင်းရှိ [[ဘန့်ဘွေးကျင်းရေတံခွန်]] နှင့် [[ဆည်တော်ကြီးဆည်]] (ပြင်ဦးလွင်-မိုးကုတ်လမ်း လွယ်လိတ်ရွာအနီးမှလည်းကောင်း၊ အင်းမရွာမှလည်းကောင်း၊ ဟိုခိုရွာမှလည်းကောင်း ဝင်ရောက်ရသည်။)
*# သံဘိုအုပ်စု၊ သရက်ကုန်းအုပ်စု၊ ဘန့်ဘွေးအုပ်စု များရှိ [[ကော်ဖီ]]ခြံများ
*# အနောက်ကြူအင်းကျေးရွာအုပ်စု၊ နောင်သခေါရွာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း (အမှတ်-၁၄-အာရှလမ်းမကြီး ခြေမြစ်ပင်ရွာ နှင် လွန်းကျော်ရွာ အကြားမှ ဝင်ရောက်ရသည်။ နမ့်လင်းခံ၊ ရေဦး၊ ဘော်လှိုင်၊ အနောက်ကြူအင်း၊ ကျောက်တော၊ ဂွေးကုန်းရွာများကို ဖြတ်သွားရသည်။)
*# ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ သပြေဝန်းရွာ အနီးရှိ PEP နို့စားနွားမွေးမြူရေးခြံ (အာရှလမ်းမကြီး လွန်းကျော်လမ်းဆုံ မှ ဝင်ရောက်ရသည်။)
*# ကြိမ်ဂနိုင်အုပ်စု နမ့်လင်းခံ နှင့် လွန်းကျော် ရွာများရှိ ရှေးဟောင်း စေတီပုထိုးများ (အာရှလမ်းမကြီး လွန်းကျော်လမ်းဆုံ မှ ဝင်ရောက်ရသည်။)
*# ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ ကြိမ်ဂနိုင်ရွာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း (အာရှလမ်းမကြီး လွန်းကျော်လမ်းဆုံ မှ ဝင်ရောက်ရသည်။)
*# နေရာအနှံ့တွေ့နိုင်သော [[ကြံ]]စိုက်ခင်း၊ [[ပန်းနှမ်း]]စိုက်ခင်း၊ [[နေကြာ]]စိုက်ခင်းများ နှင့် သဘာဝ[[နေကြာပန်းရိုင်း]]များ
*# ကံကြီးအုပ်စု၊ ကြိမ်ဂနိုင်အုပ်စု၊ အနောက်ကြူအင်းအုပ်စု၊ သရက်ကုန်းအုပ်စုများတွင် တွေ့ရသော ပန်းစိုက်ခင်းများ
*# [[ပျား]]မွေးမြူရေးလုပ်ငန်းများ နှင့် ပျားထွက်ပစ္စည်းများ
*# ဘန့်ဘွေးအုပ်စု ကျောင်းကုန်းရွာ [[အာလူး]]စိုက်ပျိုးရာ ရေခြံများနှင့် [[အာလူး]]ကြော်လုပ်ငန်းများ
*# ကုန်းကြီးအုပ်စု၊ အထက်ကြူအင်းအုပ်စု၊ ဟိုခိုအုပ်စု၊ အင်းဖိုအုပ်စု များ အတွင်းရှိ ရဲဖက်စခန်း ခေါ် ဘဝသစ်စီမံချက်စခန်း ခေါ် [[စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးဝမ်းကျောင်းအတတ်သင်တန်းစခန်း]]များ.
 
== မြို့များ၊ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ နှင့် ကျေးရွာများ <ref name="GAD2019" /> ==