နောင်ချိုမြို့နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၂၄ -
[[ဟိန္ဒူ]]၊ [[ခရစ်ယာန်]]၊ [[အစ္စလာမ်]] ဘာသာ ကိုးကွယ်မှုများလည်းရှိသည်။ ဟိန္ဒူဘုရားကျောင်း (၃၁) ကျောင်း၊ ခရစ်ယန်ဘုရားကျောင်း (၁၀) ကျောင်း၊ ဗလီ (၄) ခု ရှိသည်။<ref name="GAD2019"/>
 
===ပွဲတော်များနှင့် ရိုးရာယာဉ်ကျေးမှုရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ===
[[တပေါင်းလ]]တွင် ကျင်းပသောသုံးဆယ်[[တပေါင်းပွဲ]]၊ ရွှေကူ-လက်ပန်ဘုရားပွဲ၊ [[တန်ခူးလ]] [[နှစ်ဆန်းတစ်ရက်နေ့]]တွင် ကျင်းပသောမြင်းဖြူဘုရားပွဲ၊ ချောင်းသာဘုရားပွဲ၊ သက်ရှည်မြိုင်ဂေါ်ရခါးတက္ကသိုလ်တွင်ကျင်းပသောပွဲတော် များမှာ ထင်ရှားပြီး ရပ်ရွာအလိုက်ကျင်းပသော ဘုရားပွဲ၊ ကထိန်အောင်ပွဲ နှင့် ရှင်ပြုပွဲများကို ပွင့်လင်းရာသီတွင် ဇာတ်ပွဲ၊ မျက်လှည့်ပွဲ၊ အငြိမ့်ပွဲ၊ ဂီတဖျော်ဖြေပွဲ၊ ပဒေသာကပွဲ၊ ဈေးရောင်းပွဲများဖြင့် ကျင်းပကြသည်။ သီတင်းကျွတ်သံဃာတော်ကန်တော့ပွဲ၊ ကထိန်အောင်ပွဲ၊ ရှင်ပြုပွဲများတွင် ရိုးရာဝတ်စုံများဆင်မြန်းကာ ရိုးရာအိုးစည်ဝိုင်းများတီးမှုတ်ကခုန်ရင်း စီတန်းလှည့်လည်သော ဓလေ့ရှိသည်။ ရိုးရာအကများတွင် ဓနုရိုးရာ မီးတုတ်သိုင်းအက၊ ဓနု နှင့် ရှမ်းရိုးရာ ယိမ်းအက၊ တိုးနယားအက၊ ကိန္နရီ ကန္နရာအက၊ သိုင်းအက၊ အိုးစည်အက၊ ဂေါ်ရခါးရိုးရာအကများ၊ ကချင်ရိုးရာအက၊ ကိုးကန့်ရိုးရာအက၊ မြောင်ဇီးရိုးရာအက၊ လားဟူရိုးရာအက၊ ပလောင်ရိုးရာအက များ ကို တွေ့ရသည်။ ရှင်ပြုပွဲများတွင် ရှမ်းရိုးရာ လက်တမ်း သီချင်းကဗျာ စပ်ဆိုခြင်း ဓလေ့ကို တွေ့ရသည်။ ရှင်ပြုအလှည့်များတွင် ရိုးရာ တူမီးသေနတ်များ ပစ်ဖောက်သော ဓလေ့ ရှိသည်။ ရှေးအခါက ပွဲများတွင် လောင်းကစားဝိုင်းများ ရှိခဲ့ဖူးပြီး ယခုအချိန်တွင် လောင်းကစားကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တားမြစ်ထားသည်။ သီတင်းကျွတ်လပြည့်နေ့တွင် မီးထွန်းပွဲတော်ကို ကျင်းပကြပြီး ကျေးရွာတစ်ရွာနှင့်တစ်ရွာ ဘုန်းတော်ကြီးကျောင်းများသို့ အပြန်အလှန် သွားရောက်ကြကာ သီတင်းကျွတ် သံဃာတော်ကို ကန်တော့ကြသည့် အလေ့အထကို ကျေးလက်ဒေသများတွင် တွေ့ရသည်။ တန်ဆောင်မုန်းလ တွင် မီးပုံးပျံလွှတ်တင်ခြင်းကို ရန်ဖန်ရန်ခါတွင်သာ တွေ့ရသည်။ တန်ခူးလတွင် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ကျင်းပဆင်နွှဲကြသည်။ ဂေါ်ရခါးလူမျိုးများသည် ဒီပါဝလီပွဲတော်ကို နှစ်စဉ် ဆင်နွှဲကျင်းပကြသည်။ ကချင်နှင့်လီဆူကျေးရွာများတွင် ခရစ္စမတ်ပွဲတော်နှင့်နှစ်သစ်ကူးပွဲကို ဒီဇင်ဘာလတွင် ကျင်းပကြသည်။
 
ကျေးလက်ဒေသတွင် ရိုးရာမင်္ဂလာပွဲအခမ်းများကို တွေ့ရှိရပြီး ဓနုရိုးရာမင်္ဂလာပွဲ သတို့သမီးအိမ်အဝင် နှစ်ဖက် အပြန်အလှန် အမေးအဖြေပြုလုပ်သော ဓလေ့ကို တွေ့ရသေးသည်။ မင်္ဂလာပွဲများတွင် လက်ဖွဲ့ကြိုးချည်ပေးသော ဓလေ့ တွေ့ရသည်။ဓလေ့တွေ့ရသည်။
 
ကလေးငယ်များကို လည်း အန္တရာယ်ကင်း လက်ဖွဲ့၊ ခမည်း၊ အဆောင်၊ ပရိတ်ကြိုးများကို လည်ပင်း၊ လက်ကောက်ဝတ်များတွင် ချည်နှောင်ပေးသည့် ဓလေ့ ရှိသည်။ ကလေးများကို ကျန်းမာရေးကောင်းစေရန် ဆံပင်ကို နောက်နှင့် ဘေးဖက်တွင် အပြောင်ရိတ်ပြီး ငယ်ထိပ်တွင် အဝိုင်းပုံ ကွက်၍ ချန်ထားသည့် ဆံပင်ပုံစံ ထားလေ့ ရှိသည်။