တပ်မတော် (လေ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး "တပ်မတော် (လေ)" ကို က ကာကွယ်ခဲ့သည် ([ပြင်ဆင်ရန်=အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများကိုသာ ခွင့်ပြုသည်] (အနန္တ) [ရွှေ့ရန်=အလိုအလျောက် အတည်ပြုထားသော အသုံးပြုသူများကိုသာ ခွင့်ပြုသည်] (အနန္တ))
အရေးမကြီးNo edit summary
စာကြောင်း ၈၀ -
ထို့ပြင်၂၀၁၆ ခုနှစ်တွင် အဆင့်မြင့် လေ့ကျင့်ရေး လေယာဉ်အမျိုးအစားဖြစ်သည့် [[Yak-130]] လေယာဉ် ၁၂ စီးကိုလည်း ရုရှားမှ မှာယူသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် တပ်မတော် (လေ) နှစ် (၇၀) ပြည့် နှစ်ပတ်လည်နေ့၌ Yak -130 အမျိုးအစား လေယာဉ် ၆ စီးအပြင် [[နယ်သာလန်နိုင်ငံ]]ထုတ် [[Fokker- 70]] အမျိုးအစားလေယာဉ် ၂ စီးနှင့်၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီး ကို တပ်တော်ဝင်အဖြစ် ကြေညာခဲ့သည်။<ref>https://frontiermyanmar.net/mm/news/7583</ref>၂၀၁၈ ဒီဇင်ဘာတွင် တပ်မတော် (လေ) နှစ် (၇၁) ပြည့် နှစ်ပတ်လည်နေ့၌ တပ်မတော် (လေ) အတွက် [[JF-17]] အမျိုးအစား တိုက်လေယာဉ်လေးစီး၊ ပြင်သစ်၏ အဲဘတ်စ်နှင့် [[အီတလီနိုင်ငံ|အီတလီ]]၏ လီယိုနာဒိုကုမ္ပဏီတို့ ဖက်စပ်ထုတ်လုပ်သည့် ATR 72-500s လေယာဉ်နှစ်စီးနှင့် Airbus Helicopters က ထုတ်လုပ်သည့် AS365 ရဟတ်ယာဉ်တစ်စီးကို အင်အားဖြည့်တင်းခဲ့သည်။ JF-17 တစ်စီးကို အကြမ်းဖျင်းဒေါ်လာ ၂၈ သန်း ဖြစ်သည်။<ref>https://7daydaily.com/story/144857</ref> JF-17 တိုက်လေယာဉ် ၁၆ စီးအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၅၆ဝ တန်ဖိုးရှိ ပါကစ္စတန်နှင့် စာချုပ်တစ်ခုအရ မြန်မာက ဝယ်ယူရရှိခဲ့သည်။ JF-17 ကို Pakistan Aeronautical Complex (PAC) ပါကစ္စတန်နှင့် တရုတ်၏ Chendu Aircraft Corporation တို့က ဖက်စပ်ထုတ်လုပ်ထားသည်။<ref>https://frontiermyanmar.net/mm/news/12947</ref> <ref>https://frontiermyanmar.net/mm/news/5104</ref> ၂၀၁၈ထိ တပ်မတော်ပိုင်လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို (၉)ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ၂၀၁၈ ဒီဇင်ဘာတွင် [[အိန္ဒိယနိုင်ငံ|အိန္ဒိယ]]က မြန်မာနိုင်ငံသို့ [[Kiran]] အမျိုးအစား နှစ်ယောက်စီး အမောင်းသင်ဂျက်လေယာဉ် ခြောက်စီး ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။<ref>https://frontiermyanmar.net/mm/news/12535</ref>
[[File:Su-30 MKI Trishul formation.jpg|thumb|ရုရှားထုတ် Su-30 (ဆူခွိုင်း ၃၀) ဘက်စုံသုံး တိုက်လေယာဉ်များ]]
မြန်မာနဲ့ ရုရှားတို့သည် Su-30 ([[ဆူခွိုင်း ၃၀]]) ဂျက်တိုက်လေယာဉ် ၆ စီးအတွက် သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါလေယာဉ်များသည် ရာသီမရွေး တိုက်ပွဲဝင်နိုင်သည့် အင်ဂျင်နှစ်လုံးတပ် Su-30 ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်ကာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် တန်ဖိုးရှိမည်ဟု ခန့်မှန်းကြသည်။<ref>https://frontiermyanmar.net/mm/news/14120</ref> Su-30 တိုက်လေယာဉ်များသည် အခြားစတုတ္ထမျိုးဆက် တိုက်လေယာဉ်များထက် သာလွန်မှုရှိသော စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်ပြီး လေယာဉ်ဆီ အပြည့်ဖြည့်ပြီး ပျံသန်းလျှင် ကီလိုမီတာ ၃၀၀၀ (မိုင် ၁၈၆၀) အထိ ပျံသန်းနိုင်ခြင်းကြောင့် စစ်ဆင်နိုင်မှု အကွာအဝေး ကြီးမားသည်။<ref>https://elevenmyanmar.com/news/36395</ref> တပ်မတော်(လေ)အတွက် ဆူခွိုင်း Su-30 တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ပြင်ဆင်ရာမှာ လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး [[မောင်မောင်ကျော်]] ကိုယ်တိုင် ရုရှားနိုင်ငံ မော်စကိုမြို့ ကူဘင်ကာ လေယာဉ်ကွင်းမှာ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၇ ရက်က စမ်းသပ်မောင်းနှင်ပျံသန်းမှု လုပ်ခဲ့သည်။<ref>https://burma.irrawaddy.com/news/2018/08/24/167718.html</ref>
 
တပ်မတော် (လေ) တွင် အမျိုးသမီးအရာရှိအချို့ လေသူရဲလောင်းများအဖြစ် စတင်လေ့ကျင့်ဆောင်ရွက်နေသည်။<ref>https://elevenmyanmar.com/news/27571</ref> ၂၀၁၈ ခုနှစ်တွင် အဆိုပါအမျိုးသမီးအရာရှိ လေသူရဲလောင်း ၆ ဦးက တဦးချင်း မောင်းနှင်ပျံသန်းမှု(Solo)ကို အောင်မြင်စွာပျံသန်းနိုင်ခဲ့ပြီး ဖြစ်သည်။<ref>https://burma.irrawaddy.com/lifestyle/travel/2018/04/26/157024.html</ref>[[File:The Prime Minister, Shri Narendra Modi inspecting the guard of honour, at the Ceremonial Reception, in Nay Pyi Taw, Myanmar on September 05, 2017. The President of Myanmar, Mr. U. Htin Kyaw is also seen (2).jpg|thumb|လေတပ်ဂုဏ်ပြုတပ်ဖွဲ့အား [[သမ္မတအိမ်တော် (နေပြည်တော်)|သမ္မတအိမ်တော်]]၌ တွေ့ရစဉ်]]